*အငြိုးတွေ..တိမ်တိုက်တွေလို ပျိုးတယ်…
မိုးရယ်..
ဒါဟာ တကယ်ကိုမရည်ရွယ်ခဲ့တဲ့လျှပ်ကြောင်းပါ…


>>ဟောဒီ မိုးရာသီတစ်ခုလုံးနဲ့ ကိုယ်တိုင်တည်ပါတယ်
မင်းအပေါ် တဖွဲဖွဲရွာခဲ့ဖူးတယ်ဆိုတာ ...
လွင့် .. ၀ဲ ... လွင့် လွဲ


*ငါကသစ္စာ မမဲ့ပါဘူး…
ငါဟာ သစ္စာ မမဲ့ခဲ့ပါဘူး…
အို …အဘယ်သို့ စကားသံတွေ
ဒီရင်ခွင်ထဲ ပဲ့တင်ထပ်နေခဲ့ပါသလဲ….


>>ကိုယ့်လက်တွေက
မိုးပေါက်ကလေးတွေကိုတောင် မခံယူတတ်ခဲ့
ကိုယ်လည်း မင်းဆီက
မင်းလည်း ကိုယ့်ဆီက
လွင့်. ... လွင့်. ... လွဲသွားတယ်


*ကိုယ့်စိတ်အတွေးတွေနဲ့ ကိုယ်
လမ်းဆက်လျှောက်နေရုံကလွဲ လို့ 
ဘယ်အမိုးအကာ ကိုမှ
ငါဟာ မတောင့်တခဲ့ဖူးပါဘူး….


>>အရှုံးကခြေသလုံးဖုံးသွားပြီ
အရှုံးက ပေါင်ရင်းအထိ မြုပ်လာပြီ
မိုးရေတွေထဲမှာပဲ နှုတ်ဆက်ကဗျာကို စရွတ်ပါမယ်
"ကိုယ် ... ကဗျာမရွတ်နိုင်တဲ့အတွက် နှုတ်ဆက်ရုံပဲ နှုတ်ဆက်ပါ့မယ်" လို့
နှုတ်ဆက်ကဗျာကို စရွတ်ပါမယ်


*ဒီအချိန် ဒီအခါဟာ
မင့် မာနတွေကို တလက်လက်ထအောင် ပြုံးစေတယ်…
မခြိမ်းပါနဲ့ မိုးရယ်…
ငါဟာ လမ်းပျောက်မယ့်လမ်းဆို
စမ်းတောင် မလျှောက်တတ်တဲ့သူမျိုးပါ…
ဒါပေမယ့်လည်း…လေ
ချစ်ခြင်းက ငါ့ကိုမှ ညှို့ တယ်….


>>ထီးတွေမပိတ်ခင် မျက်လုံးတွေပိတ်သွား
ပြီးတဲ့နောက် ...
ထီးတွေမပွင့်ခင်မှာပဲ မျက်ရည်တွေပွင့်လာ


*သိပ်ချမ်းတယ် မိုးရယ်…
နွေးထွေးခြင်းတွေမင်းဆီက မရနိုင်မှန်း
သိခဲ့ပေမယ့်
အေးစက်စက် အနမ်းတချက်နဲ့ ပဲ
ဒီ နင့်နင့်သည်းသည်း အလွမ်းတွေကို
နှစ်သိမ့်ပေးလှည့်ပါ….


>>မိုးကတော့ သူ့ဟာသူရွာနေမှာပါပဲ
ကိုယ်တို့က ဘာလို့လိုက်ရွာခဲ့ကြသလဲ
မိုးက သူ့ဟာသူတိတ်သွားတာပါပဲ
ကိုယ်တို့ကရော ဘာလို့လိုက်တိတ်ခဲ့ကြသလဲ


*လွမ်းခွင့်ရှိပါသလား မိုးရေ..
ဒါဟာ တခါတလေ ဆိုပေမယ့်
ငါ့အတွက်တော့ ဒီအလွမ်းဟာ
သိပ်ကိုအကျဉ်းတန်လွန်းပါတယ်ကွယ့်….

>>တဖွဲဖွဲ .. တဖွဲဖွဲ
မိုးတွေဘယ်လောက်သည်းသည်း
ရထားတွေလည်း ဆက်လက်ထွက်ခွာ
နေ့ရက်တွေလည်းဆက်လက်ထွက်ခွာ
ရေတံလျောက်လေးလည်း ဆက်လက်ထွက်ခွာ
ကိုယ်တို့နှစ်ယောက်သာ .... ဟင့်အင်း အဲ့ဒါမှားတယ်
ကိုယ်ကသာ ရပ်တန့်ကျန်ရစ် ....
တဖွဲဖွဲ ...


*မင်းသတ်မှတ် တဲ့ မချစ်တတ်တဲ့ငါ..
မင့်သိက္ခာအတွက် ပြုံးတဲ့
ခါးသက်သက် အပြုံးတချက်နဲ့ ပဲ…
ငါ့မာန တွေ အောင့်သက်သက် ခြေဦးလှည့်ခဲ့ရပါရဲ့ ….


*အရာရာ ဟာမသေချာမှုတွေပဲ လို့ သိခဲ့ရဖို့ 
စွတ်စိုမှုတွေသာ ထပ်ခါ ထပ်ခါ ပေးခဲ့ပါတော့ မိုးရယ်…
မြင့်မားလွန်းတဲ့ မင်းရဲ့ 
ဖွဲ့ တည်မှု တိမ်တိုက်တွေနဲ့ 
ကိုယ်ဟာ အလှမ်းကွာလှသလို….

>> မိုးတွေဘယ်လောက်သည်းသည်း
နေ့ရက်တွေလည်းဆက်လက်ထွက်ခွာ
ကိုယ်ကသာ ရပ်တန့်ကျန်ရစ် .....
ကိုယ်ကသာ ……
…………………………………………..။ ။













>>သူရဿဝါ
*နွေးနွေးသဲမွန်


သူငယ်ချင်းသူရဿဝါ နဲ့ တယောက် တနေရာဆီမှာအတူရေးဖြစ်ခဲ့တဲ့မိုး ကဗျာလေးပါ….း-)

အဆိပ်မိခဲ့ခြင်း













ဒီမြို့ ငယ်လေးရဲ့  ရင်ဘတ်ထဲ …
ငါ့ ချစ်ခြင်းတွေ မကြာခဏ ဖိတ်စင်ခဲ့ ဖူးတာပဲ…
အတိတ်မေ့တယ်.. လဲ..ထပ်မပြောနဲ့ 
အတ္တတွေ နဲ့  ခြွေ မနင်းချင်ပါနဲ့ 
ဖြူဖြူစင်စင်လေး …..ဝေးလွှင့်သွား…
ပုံပြင်လေး က ဇာတ်သိမ်းလှတယ်…

ချစ်ခြင်း ဟာ မျှော်လင့်ချက်နဲ့  ထပ်တူမကျ တတ်ရင်တောင်
နားလည်ခြင်းဟာ တတ်စွမ်းသရွှေ့ ကွက်လပ်ဖြည့်သင့်ခဲ့တာ…
ယုံကြည်ခြင်းတွေ တစွန်းတစ မှ မတွေ့ ခဲ့ရတဲ့
ဒီဘ၀ နှစ်ခု ထဲ… ဘယ် နားလည်ခြင်းက ရော
ဖြည့် ဆည်းပေးနိုင်စွမ်းဦးမှာလဲ…

အဆိပ်သင့် အချစ်တွေ အတွက်
ဝေးကွာခြင်းဟာ တရားပါရဲ့ 
ဘာကိုမှ စောဒက မတက်ချင်ပါနဲ့ …
မင်းအိပ်မက်တွေထဲ…တောင်
စံပယ်တွေထပ်မခ’ နိုင်တော့ဘူး..။ ။

အလင်းမဲ့ကျိန်စာ.......










။ ၁ ။မျက်ရည်….မျက်ရည်တွေ…….ပါးပြင်ပေါ်လိမ့်ဆင်းလာသော အရာများကို ကျမ သရုပ်ခွဲနေမိသည်။ နောက်ထပ်….. နောက်ထပ်ရော…… ဘယ်နှစ်ကြိမ်……… ဘယ်နှစ်ခါ ကျမငိုရဦးမှာလဲ…… ကျမ မသိနိုင်ပါ။ ချစ်သောသူများနဲ့ ကွေ့ကွင်းရခြင်းကြောင့် ဒီမျက်ရည်တွေ ကျဆင်းလာသည်။ ပိုင်ဆိုင်မှုများ လက်လွတ်ဆုံးရှုံးမှာ ကြောက်သောစိတ်များဖြင့် ဒီမျက်ရည်များ ဖြစ်ပေါ်လာသည်။

။ ။ဟုတ်ပါသည်... ကျမဖေဖေနှင့် ကျမ သေကွဲမကွဲချင်ခဲ့ပါ။ ဖေဖေပေးသောအရိပ်နှင့် ကျမအေးမြနေချင်သေးသည်….. ရဲ့သမီး ဟူသော ဖေဖေ့အမည်နာမတစ်ခုနှင့် ကျမ၏၀ါသနာဂီတလမ်းကြောင်းတွင် ဆက်လျှောက်ချင်သေးသည်။ဖေဖေစပ်ပေးခဲ့သော သီချင်း ၊ ဖေဖေကျင့်ပေးခဲ့သောလက်သံချိုချိုကလေးများနှင့် ကျမသည် ၁၅ နှစ်ကာလလုံးလုံး ဖေဖေ့သမီးအဖြစ် ကျေနပ်ဂုဏ်ယူစွာ ရပ်တည်နိုင်ခဲ့ဖူးပါသည်။

ဘ၀ဟူသည် ကျေနပ်ဖွယ်ရာများနှင့်သာ ဖွဲ့တည်ထားခြင်းမဟုတ်ကြောင်း အပူအပင်ကင်းစွာ ကျူရှင်မှပြန်လာသောညတည တွင် ကျမ၏၀ရံတာလေးတွင် ကျမရှာဖွေတွေ့ရှိခဲ့ပါသည်။

အသံမထွက်သောရှိုက်ငိုခြင်းဖြင့် စတင်မိတ်ဖွဲ့ပေးခဲ့သူများမှာ… ၀ရံတာဘောင်တွင် အရုပ်ကြိုးပြတ်မှီနေသော စိတ်ဓါတ်မာကျော၍ အချစ်ကြီးသောမိန်းမဟု ကျမတို့မောင်နှမများ သတ်မှတ်ထားသော ကျမ၏မေမေနှင့် အိညှက် အိညှက်ဖြင့် ပွစိပွစိအမြဲပြောတတ်သော…(သို့ပေမယ့်… ထူးဆန်းစွာ သူမရှိလျှင် ကျမ မနေတတ်သော) ကျမ၏ တစ်ဦးတည်းသော မမဖြစ်ပါသည်။ သီချင်းသံများဖြင့် သာယာစွာစိုပြည်နေတတ်သော ကျမတို့၏ ဧည့်ခန်းကလေးသည်…. ထူးဆန်းစွာ တိတ်ဆိတ်နေခဲ့သည်။ ကျမမေမေနှင့် မမ၏ နာကျင်နေသော မျက်ဝန်းများနှင့် ဆွံ့အနေသော ဧည့်ခန်းကလေးကို မယုံနိုင်စွာ ငေးကြည့်ရင်း ကျမ… ကြမ္မာဆိုးတစ်ခုကို အာရုံရလာသလို ကြောက်ရွံ့၍လာမိသည်။

ဟုတ်ကဲ့… ကျမဖေဖေကိုဟောခဲ့သော ဗေဒင်ဆရာ၏စကား မမှန်ခဲ့သော်လည်း ဆရာဝန်၏စကားကတော့ သွေးထွက်အောင်မှန်ခဲ့ပါသည်။

`ဖေဖေ့ကို စိတ်ချမ်းသာအောင်ထားပါ မီးငယ်လေးရယ်´ ဟုဆိုသော မေမေ့၏ ရှိုက်သံတချက်အဆုံး လေးလခန့်အကြာ ဆောင်းနှောင်းနေ့ရက်တစ်ခုတွင် ပါးလျသောနှင်းပွင့်များနှင့်အတူ ဖေဖေကျမတို့ ဘ၀ထဲမှ ထွက်ခွာသွားခဲ့ပါသည်။

ရှိုက်ငိုနေသော မေမေ့၏နံဘေးတွင် ကျမအားရပါးရမငိုခဲ့ပါ။ မေမေ့စိတ်ဓါတ်တွေ ပိုမိုယိမ်းယိုင်သွားမှာ ကြောက်မိလို့လဲ ဖြစ်နိုင်ပါသည်။ ကျမတို့တွင် အမေဟူသော ကျောက်တိုင်ရှိနေသေးသောကြောင့် လည်းဖြစ်နိုင်ပါသည်။



။ ၂ ။ မေမေပေးသော အင်အားများနှင့် တက္ကသိုလ်ဝင်စာမေးပွဲကို ကျမ ချောမွေ့စွာ အောင်မြင်နိုင်ခဲ့သည်။ ကျမ၏မေမေသည် ကျမ၏ တစ်ခုတည်းသောကိုးကွယ်ရာ…. ကျမ၏သူရဲကောင်း… ကျမ၏ဘ၀တစ်ခု ပင် ဖြစ်ခဲ့ပါသည်။ `မိဘကိုလုပ်မကျွေးနိုင်သေးရင်တောင်မျက်ရည်ကျအောင်မလုပ်ဘူး´ဟူသော စကားကို နှလုံးသွင်းထားခဲ့သော်လည်း ကျမကြောင့် မေမေတစ်ကြိမ်တစ်ခါ မျက်ရည်ကျဖူးပါသည်။



တက်ကြွ၍စွန့်စားလိုသော ဆယ်ကျော်သက်သမီးတစ်ယောက်ရဲ့ဆန္ဒအား မချိုှးနှိမ်ရက်သော မေမေသည် `၁၆ နှစ်လုံးလုံး မေမေနဲ့တစ်ခါမှ ခွဲမအိပ်ဖူးတဲ့ မေ့သမီးငယ်လေး…. လိမ်လိမ်မာမာနေနော်´ ဆိုသောစကားကို မျက်ရည်ဖြင့် ဆိုခဲ့ဖူးသည်။

နယ်မှာကျောင်းသွားတက်သော သမီးငယ်၏ကျောင်းပိတ်ရက်များသည် မေမေ့ရင်ခွင်ကို ပိုလွမ်းတတ်စေလာခဲ့သည်။

`သမီးလေ… ဘယ်လောက်အဝေးကြီူးကနေ ပင်ပင်ပန်းပန်းပြန်လာလာ မေမေ့ရဲ့သနပ်ခါးအဖွေးသားနဲ့ အပြုံးမျက်နှာကိုတွေ့လိုက်ရရင် လုံးဝကို မောရကောင်းမှန်းမသိဘူး သိလား´
အငယ်ဆုံးသမီးပီပီ ချွဲနွဲ့တတ်သော ကျမကို ပြုံး၍ကြည့်နေသော မေမေသည် ကျမ၏ မိခင်ကောင်းတစ်ယောက်ဖြစ်သလို သူငယ်ချင်းတစ်ယောက်လည်း ဖြစ်ပါသည်။
`မေမေရာ… ငယ်ငယ်ကတည်းက မေမေကလုံးဝ Opening System ကျင့်သုံးထားတော့ ခုသမီး… တနေ့လုံးလုပ်ခဲ့သမျှတွေ တစ်ယောက်ယောက်ကို ပြန်ပြီးမပြောရရင် မနေနိုင်ဘူး.. ခိုင်ဇင်က သမီးနဲ့ တခန်းထဲနေရတာ စိတ်ညစ်နေလောက်ပြီသိလား´

ကျမပါးပြင်ပေါ် ပါးကွက်ကွက်ပေးနေသောမေမေကပြုံး၍

`သြော်….မီးငယ်လေးရယ်…တပတ်လုံးစာစုထား…မေမေနဲ့မမကိုတွေ့မှ ပြောပေါ့´တဲ့။

။ ။ကားဂိတ်လိုက်မပို့၍စိတ်ကောက်နေသော ဒုတိယနှစ်ကျောင်းသူအသစ်စက်စက်လေး ကျမကို မေမေက ၀ရံတာတွင် တိုးတိုးတိတ်တိတ်ချော့ပါသည်။
`မီးငယ်လေး….မေမေကလိုက်ပို့ချင်ပါတယ်…နေလည်းကောင်းပါတယ်..သမီးမမက ပူညံပူညံနဲ့ စိတ်ပူပြီးမပို့ခိုင်းလို့ပါ´တဲ့။ မေမေပေးသော မုန့်ဖိုးငွေတစ်ထပ်ကိုယူ၍ ကျမ ကျေစေ အေးစေ လုပ်ခဲ့ပါသည်။

။ ။ဒီနေ့ ကျမတို့၏ကျောင်းပြန်ဖွင့်ရက်…ပထမတစ်နှစ်လုံး လက်တွဲညီခဲ့ကြသော ကျမတို့သူငယ်ချင်း လေးယောက် အဆောင်တွင်ဝုန်းဒိုင်းကြဲ အလှပြင်နေခဲ့ကြသည်။ အဖြူတွေအပြာတွေဆင်တူနှင့် ခြေလှမ်းညီညီထွက်ခဲ့ကြသော ကျမတို့တွေ အဆောင်ပြင်သို့အရောက်….
`ထူးမြတ်ရေ…ဖုန်းလာတယ်´

`နင်တို့ဆိုင်ကယ်တွေသွားနှင့် ငါ Canteen လိုက်ခဲ့မယ် နောက်မှ…..´

ကျမ၏ `နောက်မှ´ဆိုသောအချိန်သည် မေမေ့၏လလည်ဆွမ်းကပ်ပြီး နောက်နေ့မှဖြစ်ခဲ့ပါသည်။
စိတ်ဓါတ်ခိုင်မာ၍ တပါးသူအားအကူအညီမှလွဲ၍ ဘာဝန်ပိုမှမပေးချင်သော မေမေသည်… ကျမဘ၀ထဲမှ ဟန်ဆောင်ကောင်းလှစွာ လင်းလက်ပြီး ဖျတ်ခနဲပင် ကြွေလွင့်သွားခဲ့သည်။


။ ၃ ။ `ငါ့ဘ၀မှာ မရှိမဖြစ်ဆိုတာ ဘာမှမရှိပါဘူး… ငါ့ဘ၀ရဲ့အရေးအကြီးဆုံး မိဘတွေတောင်မှ မရှိတော့တာပဲ…..
နင်ရှိခြင်း မရှိခြင်းကရော ငါ့အတွက်ဘာများထူးသွားဦးမှာမို့လို့လဲ´

ကျမ၏ အယုံကြည်ခဲ့ဆုံးသော သူငယ်ချင်းတစ်ဖြစ်လဲ ချစ်သူယောင်္ကျားတစ်ယောက်၏ သစ္စာမဲ့သောလုပ်ရပ်အတွက် ထိုစကားတစ်ခွန်းနှင့်သာ ကျမလွတ်ငြိမ်းခွင့်ပေးခဲ့သည်။ ကျမ မဖိတ်ခေါ်ပဲစီးကျလာသော မျက်ရည်များကြားမှ ကျမခေါင်းမော့၍ ပြုံးပြခဲ့သည်။

သူသည် ကျမ၏ လမ်းဆုံးမဖြစ်နိုင်တော့….ကျမခရီးဆက်ရဦးမည်ပဲ………….

ကျမထက်သုံးနှစ်ကျော်မျှကြီးသော မဲ့ပြုံးနှင့် အမျိုးသမီးဆီမှ ကျမမျက်လုံးစတင်လွှဲစရာမလိုခဲ့ပါ။

“...... ကိုမစွန့်လွှတ်နိုင်စရာအကြောင်းတစ်ခုမှ ညီမ မှာမရှိပါဘူး မ' သူစိတ်ချမ်းသာနေတာကို မြင်ရရင် သူနဲ့သူငယ်ချင်းဖြစ်ခဲ့ရခြင်းအတွက်လည်း နောင်တမရပါဘူး“
ကျမ၏စကားအဆုံးမှာ သူခေါင်းငုံ့၍လှည့်ထွက်သွားခဲ့သည်။ သို့သော်.. ကျမနှလုံးသားတစုံအား အပါယူဆောင်သွားနိုင်သောသူ့ကို လည်းကျမ မမုန်းတတ်တော့ပါ။


။ ။ချစ်သောသူများနှင့် ကွေ့ကွင်းရခြင်းမှာ `ဒုက္ခ´ဟု ကြားဖူးသည်။ ကျမလက်တွေ့ခံစားမိသည်မှာတော့ မျက်ရည်များသာဖြစ်သည်။

ကျမသည် ဘယ်သောအခါမှ အသိုက်အမြုံများကို မခွဲရက်တော့ပါ။ နွယ်တက်နေသော မျက်နှာကျက်မှ ပင့်ကူအိမ်များကိုပင် ကျမမရှင်းရက်ပါ။ ကျမသည်… ချစ်သောသူတိုင်းနှင့် ဝေးဖို့ကျိန်စာပါခဲ့သည်ထင့်.. နောင်ဘ၀ထက်တိုင် ကျမ ၀ဋ်မပါချင်ပါ။

သို့သော်… ကျမချစ်သောသူများနှင့် ဝေးရပေဦးမည်။ တိုက်ဆိုင်မှုမှာ ဆောင်းနှောင်းကာလများသည် ကျမ၏ မျက်ရည်များအား ချစ်မြတ်နိုးသည်။

မျက်ရည်…..မျက်ရည်တွေ….. နောက်ထပ်ရော

ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ ကျမ…. ငိုရဦးမည်လဲ….

ကျမ မသိနင်္ိုင်ပါ…….

အတ္တ၏ ငြီးငြူသံတစ်ခုနှင့်အတူ….

ကျမချစ်သောသူများနှင့်… ဝေးလွင့်ခဲ့ဖူးသည်…………………

အလင်းမဲ့ကျိန်စာတစ်ခုသည် ကျမဘ၀၏ နိဒါန်းလား…. နိဂုံးလား………

ဘ၀တစ်ခုလုံး၏ ပုံရိပ်လား…. အို….. ကျမ မသိချင်တော့ပါ……….....

...................................................................................................
.......................................................................................................။ ။

(၂၂.၁.၂၀၀၂ - ၂၂.၁.၂၀၀၉ ဖေဖေ့ ၇ နှစ်ပြည့်

၂၈.၁.၂၀၀၅ - ၂၈.၁.၂၀၀၉ မေမေ့ ၄ နှစ်ပြည့်

၂၉.၁.၂၀၀၆ - ၂၉.၁.၂၀၀၉……??????? ....... အမှတ်တရ………….)

အိပ်မက်ရောင်စဉ်…










အချစ်ဆိုတဲ့ အရာကို
ငါအရောင်ခြယ်လို့  မ၀သေးခင်…
မင်းက သက်တံ့တွေကိုခိုစီးပြီး
အဝေး ကိုထွက်သွားတယ်…

တကယ်တော့ အိပ်မက်ဆိုတာ
လွမ်းကောင်းတဲ့ အရာတခုမှ မဟုတ်တာကွယ်
မရေရာတဲ့ အိပ်မက်တွေကို သီကုံးရင်း
ငါ့ကဗျာ တစ်ပိုင်း ရိုင်းသွားခဲ့ရတယ်…

အရင်တုန်းက ငါ့မနက်ဖြန်ဟာ
အခုတော့ ငါ့အတိတ် ဖြစ်လို့ သွား…
ဘယ်အရာမျိုးနဲ့ မှ
ငါ ကြိုမနှိုင်းထားခဲ့ပါဘူး…

ဒီလိုနဲ့ ပဲ
ယုံကြည်မှုခြင်းစီးကူးခွင့်မရှိတဲ့မြစ်နှစ်စင်းဟာ
ဆန့် ကျင်ဘက်အရပ်တွေဆီသို့ ပဲ စီးဖြာသွား
တချို့ က အိပ်မက်တွေထဲမှာပဲ အိပ်မက်ထပ်မက်တယ်
မသိစိတ်ဟာ ဖွင့်ဟခွင့်မရှိတဲ့အတ္တတွေကို
သိမ်းဆည်းထားခဲ့လို့ တဲ့

လောကမှာ အတုတွေဟာ
အစစ်တွေထက် ၀ယ်လိုအားတက်နေတာ
မင်းရော ၊ ငါရော
လေ့လာထားနှင့်ကြ ရဲ့ သားနဲ့ ကွယ်
ရင်နာမနေပါနဲ့ ….

ကိုယ်တိုင်ကိုယ်ကျ မတည်ဆောက်ပဲ
ဖြစ်မြောက်ခဲ့ကြတဲ့ဘ၀တွေအကြောင်း
မင်းကိုငါပြောပြခဲ့ဖူး သလား …
ဒီလိုပါပဲ
ကိုယ်တိုင် ကြိုမတွေးထားတဲ့
အရိပ်ဆိုးတွေနဲ့ 
အိပ်မက်ဟာ လည်း ကဗျာမဆန်ခဲ့ဘူး…။ ။

ပေးဆပ်ခြင်း...










ငါကိုယ်တိုင် ကျောက်ဆစ်ရုပ်ထုလေးတခုအဖြစ်...

ငြိမ်သက်စွာခံယူလိုက်တယ်..

နာကျင်အောင် ထုနက်နေပေမယ့်

သူကိုယ်တိုင်ပုံသွင်းထားတဲ့ ...

အရုပ်ကလေးဖြစ်ချင်လို့ ...။


ကြမ်းတမ်းခက်ထန် နှလုံးခုန်သံတွေလည်း

စည်းချက်မညီ သံစဉ်လွဲမှား အံချော်ခဲ့ရပြီ

ကစဥ့်ကလျားဖြစ်နေတဲ့ ငါ့သံစဉ်တွေကို

သင်ရဲ့ လက်နဲ့ ပဲ သာယာတဲ့တေးတပိုဒ်

သီဖွဲ့ ပေးခဲ့ပါ...။


ငါ့ရဲ့ ရင်ထဲကခံစားချက်ကို

သင်ကိုယ်တိုင် ပန်းချီကားတချပ်ဖြစ်အောင်

ရေးဆွဲလိုက်တယ်...။


ဆေးစက်တွေစွန်းထင်...

စုတ်ချက်တွေကြမ်းနေပေမယ့်...

ရှင့်အတွက်တော့...လှပ မယ်ထင်ပါရဲ့ ...ချစ်သူရယ်...။

ရနံ့မဲ့သွားတဲ့ပန်း












ရွာရန်ရွာနှုန်းကတော့ ရှစ်ဆယ်ပေါ့…
.ဒါပေမယ့် ကျန်နှစ်ဆယ်ရာနှုန်းကြောင့်ရွာခွင့်မရခဲ့…
မိုးမခြိမ်းရမယ့်အတူတူ လျှပ်စီးလည်းမလက်ပြချင်တော့ပါဘူး…
ငါ့ကောင်းကင်ရဲ့ တိမ်တိုက်တွေကိုက ညိုလွန်းတယ်….

လှေနံဓါးထစ်အလွမ်းတွေပါ….
အချစ်မြစ်ကြောင်းမှာ စုန်ဆင်းနေသမျှ
ကို' ကို အပ္ပမာဒေန (မမေ့မလျော့ မပေါ့မဆ)
…. လွမ်းတယ်..

အတိတ်ကို မလူးသာမလွန့်သာဖြတ်သန်း
ပစ္စုပ္ပန်ကို အလိုက်သင့်အလျားသင့်ရင်ဆိုင်
အနာဂတ်ကို ဒေါင်ကျကျပြားကျကျမျှော်မှန်းရင်း
ငါ့လောက် စန့်စန့်ရန့်ရန့် ခေါက်ရိုးကျနေတဲ့သူ ဘယ်မှာရှိမလဲ…..

ကို ရေ….
ငါ့ကို့ ရင်ခွင်ထဲထားပါ…ခါးတို့ရင်းစပါ….
ငါ့ကိုဖက်ပါ….. အနမ်းအသစ်နဲ့နမ်းပါ….
ပြီးရင်… ငါ့ကိုထားမသွားခင်
လက်ခံနိုင်စွမ်းလေးတော့ မြှင့်ပေးသွားပါဦး…

ငါ့အတွက်တော့ အချစ်ဆိုတာ
အိပ်မက်တွေပေါက်ရောက်နေတဲ့ ဥယျာဉ်တော်ပါ..
တခုလွဲသွားတာက…
အဲဒီက ပန်းတွေမှာ ရနံ့မပါခဲ့ဘူး………။ ။

" Later" ( Fra Lippo Lippi)

လောလောဆယ်ဒီသီချင်းလေးနားထောင်နေတယ်...အေးဆေးပေါ့... သီချင်းလိုက်ဆိုကြရအောင်... :-)

Fra Lippo Lippi Lyrics

how could you come with me
when you knew all along that you had to go

how could you you watch me sleep
so close to you
pretending not to know

how could you memorize my name
and forget who i am

how could you think
you're still the same
believing i can

it's too late to stop pretending
it's too late for a new beginning
later than the sunset
later that the rain
later than ever to love you again

how could you ask for more
with an innocent smile
trusting me to stay

how could you close the door
and leave me here
supposing I'm ok

how could you break down
my disguise
and uncover my fears

how could you look into my eyes
ignoring my tears

it's too late to start pretending
it's too late for a new beginning
later that the sunset
later than the rain
later than ever to love you again
[x2]

its too late

တခါတုန်းက...



















အက်ကြောင်းထင်လာမှတော့..
အကောင်းမြင်မလာနိုင်တော့တာ ငါ သိပါတယ်..

ငါကိုယ်တိုင် ရိုက်ခွဲခဲ့ တဲ့ အက်ကြောင်း
ငါ ကောင်းဖို့ မှ မဟုတ်တာ…

တွေ ဝေခဲ့တာ မဟုတ်ဘူး…
နင့် ရက်စက်နိုင် စွမ်းကိုပဲ
အံ့အားသင့်နေခဲ့တာ…

အဲ့ဒီ နေ့ ရက်တွေက…ငါ့ရင်ဘတ်ကဗလာ…

နှလုံးသားကို ရိုက်ခွဲထုနှက်
နင့်အတွက်ပုံသွင်းပေးထားခဲ့တယ်…
နေတခြမ်း သာနေစေဖို့ …

ငါ့ရင်ဘတ်က အက်ကြောင်း
နင်မကောင်းတာ..မဟုတ်ရပါဘူး..

တယူသန်တွေ နဲ့ နင်ဘယ်လို စွဲချက်တင်တင်…
အယူခံ လည်းမ၀င်ဖြစ်ဘူး…

တကယ်ဆို..ကို’ ရယ်

ငါ ကိုယ်တိုင် ကို က
ဘယ်တော့မှ…
မီးထပ်မလောင် နိုင်တော့တဲ့ ပြာ’…..! !

ရှင်တို့ ယောင်္ကျား...









ရှင်တို့ ယောင်္ကျား...
နှုတ်ဖျားကထွက်
မိန်းမ မာယာ သဲ ကိုးဖြာ တဲ့
နားရှိလို့ သာကြားရ
ဟားတိုက်လို့ ကို ရယ်ချင်ပါရဲ့ ......။
နှုတ် ချို သျို တပါးတဲ့
ရှင့်ရဲ့ နှုတ်ချို မှု ကို ယုံမိတဲ့ ကျွန်မ
သင်္ခန်းစာ တခုတော့ရလိုက်ပါ ရဲ့ ...။
ယောင်္ကျားတို့ စကား
ယုံရခက်ခက်
မာယာတစ်သိန်း
အပလိန်း အနန္ဒ...။

နင့် ရဲ့ ...



















ငါကလေ..မဖြူစင်ဘူး..
နင်ပြောတဲ့ စကားတွေကို အဟုတ်ထင်
ကိုယ့်ကို ကိုယ်စိတ်ကြီးဝင်နေ တဲ့
နင့် ရင်ထဲက မှိတ်တုတ် မှိတ်တုတ်ကြယ်…

ငါကလေ...မရေ ရာဘူး…
နင့် စကားတိုင်း ယောင်မှား
အရာရာ နင့်သဘောအတိုင်း ပဲ
ဆောင်ဆောင်သွားတတ်တော့..
အမှန်တရားက င့ါ ကို ခါး တယ်…

မဆုံနိုင်သေးတာက ဒဏ်ရာတခု
ကံကြမ္မာ နဲ့ ယှဉ်တုခွင့် မရှိတော့လည်း…
ငါ တယောက်တည်း အံ တု
အရာရာ နင့် စိတ်တခု နဲ့ ပဲ ရှင်သန်နေ ခဲ့ ရတယ်…

ငါဟာ နင်မမြင်နိုင်တဲ့ ဖွဲ့ တည်ခြင်းမျိုး နဲ့ 
နင့် အတွက်ဖြစ်တည် နေရတဲ့
နင့် ရဲ့ မဖြစ်စလောက် တိမ်တိုက်ငယ် တခုပဲလား… ???

တကယ်တမ်းဆိုရင်တော့…
စွဲလမ်းမှု တခုနဲ့ ယုံကြည်ချက်တခု…
ငါ ဘာကိုရွှေးချယ်လိမ့် မယ်လို့  နင်ထင်သလဲ ….
သြော်…ရွာ သွန်းချိန်တန်တော့လည်း ငါ ရွာသွန်းရ ဦးမယ်..
အား လုံး မှုန်ဝါး ပျောက် ကွယ်သွား မဲ့ အထိ…
အား လုံး……….မှုန် ….၀ါး…ပျောက်….ကွယ်…သွား….ချိန်….အထိ…….

ဝေးကြရတယ်ဆိုတာ…


















အလွမ်းတွေ…
မွန်းကျပ် ပိတ်လှောင်နေအောင် အကျဉ်းကျနေတယ်…
ဘယ်လောက်ထိ
ကျမ တို့ စိတ်သဘောထားတွေ ဝေးကွာနေဦးမှာလဲ..
နားလည်ကြည့်စမ်းပါ…
ကျမ အတ္တတွေဟာ…ဘယ်သူ့ အတွက်လဲ…လို့ 
ကျမ ချစ်ခြင်းမေတ္တာတွေ…
ကျမ သောကတွေ….
ကျမ ၀မ်းနည်းခြင်းတွေ….မျက်ရည်တွေ…
ပြီးတော့..ပြီးတော့…
ကျမ ဘ၀တခုလုံးရဲ့ အနာဂတ်တွေ…
ဒါတွေ အားလုံး
ကျမ ဘယ်သူ့ အတွက်ပုံအပ်ခဲ့ဖူးသလဲ…
ကြာပြီ…
ကျမတို့ ရင်ချင်းနီးစပ်တယ်လို့ …အတွေးစိတ်ကူးခြင်းထပ်တူကျတယ်လို့ 
ကျမဘယ်တုန်းကမှ မခံစားမိခဲ့ရဘူး…
စက်ရုပ်မ တယောက်ကို ပိုင်ဆိုင်ချင်ခဲ့ဖူးပြီးမှ
“ မင်းနှလုံးသားမရှိဘူး “ ဆိုတဲ့စကား..
ရှင် မငြီးတွားနဲ့ လေ….
ကျမ က…ကိုယ့်စိတ်ကိုမနည်းပြေးလိုက်နေရတဲ့
သာမာန် အကျယ်ချုပ်မိန်းမ တယောက်…
အင်းလေ…
ဝေးကြရတယ်ဆိုတာ…သူလိုကိုယ်လိုပါပဲ….
ဝေးနေရတယ်ဆိုတာ …သူလိုကိုယ်လိုပါပဲ…
ဘ၀ မှာရုန်းကန်ဖေါက်ထွက်နေရခြင်းကမှ…ပိုအဓိပါယ်ရှိသတဲ့…
ကျမ ဘ၀ကတော့ ပျော်ရာမှာတခါ မှ မရှင်သန်ခဲ့ရဖူးဘူး…
တခါတလေ တော့… အဓိပါယ်မဲ့ကြည့်ချင်တယ်…
……………………………………………………………..
………………………………………………………………
အလွမ်းတွေ…
မွန်းကျပ် ပိတ်လှောင်နေအောင် အကျဉ်းကျနေတယ်…
အင်းလေ…
ဝေးကြရတယ်ဆိုတာ…သူလိုကိုယ်လိုပါပဲ….
တခုပဲ…တခုပဲ…
ရင်ဘတ်ချင်း ဝေးနေကြသေးတာ တခုပဲ…..
ဘ၀ တခုလုံးအတွက်…….
………………………………………
ထိထိခိုက်ခိုက် ခံစားကြည့်မိတယ်…။ ။


စိတ်ဓါတ်










အကောင်းဆုံးတွေကိုမြင်အောင်ကြည့်ရင်း
အဆိုးဆုံးကိုရင်ဆိုင်ဖို့ ရှင်သန်တယ်..

ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း
ချစ်ခြင်း နဲ့ မုန်းခြင်း
လောကမှာဖြတ်သန်းနေသရွှေ့ 
ဘယ်သူမှဒီအစွန်း နှစ်ဖက်က
မလွတ်နိုင်ဘူး

ကိုယ်ရည်သွေးဖို့ ဘယ်လူတကာကိုမှ
ငါ ပခုံးနဲ့ တိုက်မထုတ်ခဲ့ဘူး
အဲ့ဒီအတွက် ငါ့လိပ်ပြာငါသန့် တယ်

မြေနိမ့် နေသေးသရွှေ့ တော့
ရောက်လာဦးမယ့် လှံတွေအတွက်
ငါခံနိုင်ရည် မွေးထားဦးမယ်
ဒါကို ကံကြမ္မာ နဲ့ မယိုးပါဘူး
သဘာဝ တရားတခုပဲ

မင်းတို့ ကောင်းဖို့ အတွက် ငါ့ပေါ်ဆိုးပါ..ရတယ်
ငါကောင်းလာတဲ့ အချိန်ကိုတော့
ငါမဆိုးဖို့ ပဲ အာရုံစိုက်တယ်
ငါ ကဒီ တကမ္ဘာအတွက် ပဲ
အကြွေးကျေစေမယ့်သူ

ပြုံးနေသမျှက မင်းကြောင့်ဖြစ်ပြီး
ရှုံးနေ သမျှက ငါ့ကြောင့်သာဖြစ်သတဲ့
ထားပါ…
အမှန်တရားဆိုတာ လူကတွက်လို့ ရတဲ့ပုစ္စာမဟုတ်ဘူး

မင်းသိထားဖို့ က
ငါဟာ ၉၉ မှာသတိလက်လွတ်ဖြစ်သွားခဲ့ရင်တောင်
အမြဲ ၁ ကပြန် စ’ နေဦးမယ့် မိန်းမ
စိတ်ချ
အဲ့ဒီ စိတ်နဲ့ ပဲ
မသေမချင်းရှင်သန်နေ ဦးမှာ….။ ။

ချစ်သူ










ခေတ်အဆက်ဆက်က ပိုက်စိတ်တိုက်ထားတဲ့စကားလုံးတွေ….
ဝေေ၀ဆာဆာ မသုံးတတ်ပါဘူး….
ကျမ သူ့ ကိုရိုးရိုးလေးပဲ..ချစ်ခဲ့တယ်…

မာယာတွေမပါဘူး…ပလီပလာတွေမပါဘူး
ရေစက်ပါလို့ ခင်တွယ်မိတဲ့ မေတ္တာမျိုးနဲ့ 
ရှင်းရှင်းသန့် သန့် ပျိုးတယ်…

သူဟာကျမ အတွက် အလှတရားတခုလဲဖြစ်ရဲ့ 
သူသာအနားမှာရှိရင် ကျမနားသယ်စပ်နားကဖြတ်သွားတဲ့
လေပြေလေးကအစ လှတယ်…

ကမ်းမမြင် လမ်းမမြင်ဘ၀လမ်းထဲ
စမ်းတ၀ါးဝါး တိုးဝင်နေတဲ့ ကျမအတွက်တော့
လှည့်ကြည့်မိရင်အရိပ်တပါး
သူဟာအင်အားလဲဖြစ်ရဲ့ …

လောကထဲမှာ ရှင်သန်ရွှေ့ ရှားနေတဲ့ လူသန်းပေါင်းများစွာရှိတယ်
ဒါပေမယ့် ကျမရဲ့ သူကတော့ “တဦးတယောက်”သာလျှင်ဖြစ်ရဲ့ 
သူ့ အတွက်ဆိုကျမက ရေအလျှင်သာဖြစ်နေပြန်တယ်…
အကွေ့ အကောက်အတားအဆီး
ဘယ်လို ခရီးမျိုးမှာမဆို ဖြတ်သန်းစီးဆင်း နေဖြစ်ဦးမယ်…..။ ။

....အရင်လို…












အိပ်မက်ထဲမှာ…. မင်း အပြုံးတွေ ငါမြင်နေရတုန်းမှာပဲ…
ဘယ်လိုကျိန်စာတွေ ခြား…တဖြည်းဖြည်းနဲ့ေ၀၀ါး သွားခဲ့ရသလဲ……
ဘာမှမမြင်ရတော့ဘူး…………

အား…….. ကို" ငါကြောက်တယ်….

ငါ့လက်ကို မလွတ်လိုက်နဲ့ ..ဟာ.. အိပ်.အိပ်မက်…ပဲလား….
ဟင့်အင်း…ငါတို့ ဝေးနေကြ တုန်းပဲ…..
အရင်လို…..အားငယ်စရာတွေ ကြုံတိုင်း….မင်းဘေးကို ပြေးလာချင်နေ တယ်………

အရင်လို……မပွင့်လင်းတတ်တဲ့..ငါ့နှုတ်ခမ်းတွေ….
ဟန်ဆောင်ထားခဲ့ရတဲ့ ငါ့မျက်ဝန်းတွေ ….
အားလုံးကို ဖြေလျှော့ရင်း….မင်း ပခုံးထက်မှာ… ခဏလောက်ဖြစ်ဖြစ် ငိုကြွေးပါရစေ…့….

တိုးတိုးလေးပဲ…မင်း အသံ ကြားလိုက်ရတယ်…

အဲ့ဒီ အချိန်…..
ဘ၀ မှာတခါမှ အိပ်မမက်ဘူးတဲ့…အနာဂတ်တွေ…ရင်နဲ့ ရင်းပြီး ၀ယ် ခဲ့ တယ်…
မင်း ကိုပေးဖို့ ပေါ့……

မလိုချင်ဘူး…လွယ်လွယ် ကတိ မပေးနဲ့ …
'ကျိန်စာ' တွေ ထပ်မသင့်ချင်တော့ဘူး...

ငါလို ချင်တာက "အချစ်"တခုတည်း…….

"ဘယ်တော့များ မှ နီးးရ မှာလဲ " တဲ့ .. ရင်ထဲ ကစကား လား…. ???
သူရဿဝါ…ကဗျာ ထဲက.. "အဲ့ဒီတနေ့ တော့" ကို မရောက်ချင်ဘူး….

အရင်လို…
ဘာဆို ဘာကို မှ ငါမသိချင် ဘုး……
အရင်လို…အကြွင်းမဲ့  ခဲ့တဲ့ ယုံကြည်ချက်မျိုးနဲ့ …..
အရင်လိုပဲ… ငါ့အနား အရိပ် လိုရှိ နေစေချင် ခဲ့ …….

ကို ရယ်…. အရင်လို ….ငါ့မှာ…ငါ ဆို တဲ့ အသိ.. မရှိတော့တာကလွဲ ရင်…..
အရင်လိုပဲ…ငါ့ရင်ထဲ က.. အရာအားလုံးဟာ….

မင်းအတွက်… မပျက်မရွှေ့  တည်ရှိနေ ခဲ့ တုန်းပါပဲ………..

Labels: For 11/June /2008

;;