မနေ့ ကရဲ့ အလွန်မှာ... မနက်ဖြန်အတွက်စိတ်ကူးတွေ ပျောက်ရှခဲ့တယ်...
ဒါပေမယ့် ငါ့နေ့ ရက်တွေ ရှင်သန်နေတုန်းပဲ အာဒံ...
ကမ္ဘာသစ်မှာ နင်ပျော်နေလေမလား...
ငါကတော့ နင်အကျွမ်းတ၀င်မရှိခဲ့တဲ့ ...
ဒါပေမယ့် ငါ့နေ့ ရက်တွေ ရှင်သန်နေတုန်းပဲ အာဒံ...
ကမ္ဘာသစ်မှာ နင်ပျော်နေလေမလား...
ငါကတော့ နင်အကျွမ်းတ၀င်မရှိခဲ့တဲ့ ...
ကတိက၀တ်တွေ နဲ့ လုံးထွေးသတ်ပုတ်ရင်း...
နင်ပြောခဲ့သလို...
ငါက စိတ်ကူးမယဉ်တတ်တဲ့ မိန်းမတယောက်ပေါ့ အာဒံ...
ငါမရှိတော့တဲ့အခါ ကမ္ဘာဟာ အစိမ်းရောင်ပြန်ပြောင်းသွားမလား ? ငါတခါမှမတွေးကြည့်မိသလို...
နင်မပေးနိုင်မယ့်အရာတွေ အတွက်
ငါမရှိတော့တဲ့အခါ ကမ္ဘာဟာ အစိမ်းရောင်ပြန်ပြောင်းသွားမလား ? ငါတခါမှမတွေးကြည့်မိသလို...
နင်မပေးနိုင်မယ့်အရာတွေ အတွက်
ငါနင့်ဆီက..ဘာတခုမှမတောင်းဆိုခဲ့ဖူးပါဘူး...
အဖြေဟာ တမျိုးပဲ ရှိရမယ်ဆိုတဲ့ နင့်အတွက်...
အဓိပ္ပါယ်နှစ်မျိုးနဲ့ စကားလုံးတွေကို အမြဲသုံးတတ်တဲ့ငါက...
အံဝင်ဂွင်ကျ မရှိခဲ့ဘူးလေ... အာဒံ...
ဒီလိုပဲ ငါတို့ လွှဲထိုက်ခဲ့တယ်...
မြတ်နိုးခြင်းဆိုတာ အခါသလွှဲတော့ ငါတို့ နဲ့ ထိုက်တန်တာလည်း မဟုတ်ဘူးလေ ...
လူ့ စိတ် လူ့ သဘော အားလုံးပြောင်းလဲ နေတတ်သရွေ့ ...
တနေ့ မဟုတ်တနေ့ ..ငါတို့ ချင်း ထိခိုက်စေခဲ့မိဦးမယ်...
ငါမေးတိုင်းခေါင်းငြိမ့်ဖြေခဲ့
ငါနင့်ကို ကျေးဇူးတင်နေခဲ့မှာပါ အာဒံ...
အမှန်တရားကို ဖက်တွယ်ရင်း တနေ့ နင်စကားလုံးတွေ ပျောက်ရှတဲ့အခါ...
ထောက်ပြနိုင်မယ့် ကယ်တင်သူတယောက်ဟာ နင့်ကမ္ဘာသစ်က 'ဧ၀' ပဲ ဖြစ်ပါစေ...
သန်းခေါင် သန်းလွဲ နင့်ကိုစိတ်ပူပြီးကျိန်ဆဲနေတဲ့.
မျက်ရည်ယိုဗုံးတခုနဲ့ လွဲလို့ လည်း...
နင်ပျော်ရမှာပါ အာဒံ...
လှိုက်လှိုက်လှဲလှဲ အပြုံးတွေ နဲ့ .... ကမ္ဘာဟောင်းက ဆုတောင်းဟာ...
"ငါမှတပါး" နင့်ဘ၀ နင့်ကမ္ဘာ ပြည့်စုံပါစေကြောင်း တခုတည်းရယ်ပါ...
ဒါဟာ အိပ်မက်ပါ အာဒံ...
ငါဟာ နင့်အတွက်ရှင်သန်ခဲ့ဖူးတယ် ဆိုတာထက်...
ငါဟာ ကမ္ဘာမြေအတွက် ရှင်သန်နေဆဲပဲ ဆိုတာ နင်အသိအမှတ်ပြုပေးပါ...
ဒီဘ၀တော့ ဒီမျှရယ်ပါပဲ...။ ။
နင်ပျော်ရမှာပါ အာဒံ...
လှိုက်လှိုက်လှဲလှဲ အပြုံးတွေ နဲ့ .... ကမ္ဘာဟောင်းက ဆုတောင်းဟာ...
"ငါမှတပါး" နင့်ဘ၀ နင့်ကမ္ဘာ ပြည့်စုံပါစေကြောင်း တခုတည်းရယ်ပါ...
ဒါဟာ အိပ်မက်ပါ အာဒံ...
ငါဟာ နင့်အတွက်ရှင်သန်ခဲ့ဖူးတယ် ဆိုတာထက်...
ငါဟာ ကမ္ဘာမြေအတွက် ရှင်သန်နေဆဲပဲ ဆိုတာ နင်အသိအမှတ်ပြုပေးပါ...
ဒီဘ၀တော့ ဒီမျှရယ်ပါပဲ...။ ။
ကဏ္ဍ - ကဗျာ
" သက်တံ့တစင်းရဲ့ ...ချစ်ခြင်းအလင်းရောင်... "
0 ယောက် မှတ်ချက်ပြုသွားသည် ရေးသားသူ - နွေးနွေးသဲမွန် အချိန် 2:03 AMငါမညာချင်ပါဘူး...
ဒါဟာ သဘာဝကျကျရပ်တည်ခြင်းတမျိုးလည်း ဖြစ်ကောင်းဖြစ်မယ်...
အခုမှတော့... အဲ့ဒီ မေ့မရခြင်းတွေ အားလုံးကို 'သံယောဇဉ်'လို့  အမည်တပ်ချင်တယ်...
နင်သာ ခွင့်ပြုမယ်ဆိုရင်ပေါ့....
တစထက် တစ အရောင်တွေစုံလာတဲ့ ဟောဒီ့ သက်တံ့ရောင်နှလုံးသားထဲမှာတောင်....
နင် နဲ့ အတူ ကျပျောက်သွားခဲ့တဲ့ အဖြူရောင်တွေ လျော့ပါးပျောက်ကွယ်လာရင်း...
အလွမ်းသင့် ခရမ်းရောင်တွေကသာ တစထက်တစ နယ်မြေချဲ့ တွင်လာကြ...
နေသားမကျသင့်တဲ့ နေသားတကျတွေနဲ့ ...
ငါ'ကတော့ ပေါ့ပေါ့ပါးပါး ပြောင်းလဲ နေလာလိုက်တာ...
နင် ပျော်နေမယ်ဆို ငါကိုယ်တိုင် နာကျင်ဖို့ ကိုတောင် မေ့လို့ လျော့လို့ ...
အလွမ်းကြောင့် ငါမငိုကြွေးပါဘူး...
မိုးအဆုံး၊မြေအဆုံး...
ငါ့တယောက်အတွက်ပဲ နင်ရပ်တည်မှု အပေးခဲ့ဆုံး ဆိုတဲ့ အသိကသာ ...
ရင်ခွင် အနှံ့ အပြားတိုးတိတ်စွာထိခတ်ကွဲရှလို့ ...
အခုထိ...
နွေးထွေးမှုပျောက်ဆုံးနေတဲ့ ရင်ခွင်ဗလာအကြောင်း...
ထိလွယ် ခိုက်လွယ် ပေါက်ကွဲလွယ်တဲ့ လူငယ်လေး တယောက်အကြောင်း...
မေ့တတ်ဖို့ ငါ မကြိုးစားပါဘူး...
နင်နေတတ်သွားစေဖို့ ပဲ ရည်ရွယ်ရင်း...
....
ဒီလိုပဲလေ...
နေ့ ည အချိန်မရွေး နင်ပျော်ရွှင်ပါစေဆိုတဲ့ အတွေးတွေနဲ့ ...
တချိန်တခါက...
ငါ့ အိပ်မက်တွေကို ငါကိုယ်တိုင် အလောင်မြိုက်ခံ ဖြိုခွဲရင်း...
အခုတော့လည်း...
... နေ့ သစ်တွေ ဖြစ်ထွန်းလာလိုက်တာ...
မင်းမျက်ဝန်းမှာတောင် ယုံကြည်မှုတွေ တစ တစ လင်း လို့ ...။ ။
နွေးနွေးသဲမွန် ( 29,Nov,2011) 2:00AM
ကဏ္ဍ - ကဗျာ
တခါတလေမက်တဲ့ အိပ်မက်တွေထဲက လန့် မနိုးချင်မိလောက်အောင်...
ငါ့မသိစိတ်က တမ်းမက်နေတုန်းပဲ စေတန်...
အတိတ်တွေထဲက...
နုနယ်တဲ့ အတွေးတွေနဲ့  မရင့်ကျက်ခဲ့တဲ့ နှလုံးသားတစုံဟာ ...
နင့်ကို ဘယ်လောက်ထိအောင် တွယ်တာမိခဲ့သလဲ...
အဲ့ဒီ မသိစိတ်တွေကို ငါမုန်းတယ်....
ဒီ ရေအလျှင်တွေကို ရပ်တန့် ပေးပါ...
ရှေ့လျှောက် မမုန်းသင့်တာတွေကို ငါမုန်းမိတော့မယ် စေတန်...
အဲဒါတွေက...
ငါ့ကိုယ်ငါရယ်...
ငါ့သမိုင်းကြောင်းတလျှောက်က အမှတ်တရတွေရယ်...
နှုတ်ခမ်းဖျားလှုပ်ရုံ မင်ကုန်ရုံ ပေးဆပ်တတ်ခဲ့တာမှမဟုတ်ပဲ...
နင်လိုအပ်တိုင်း ဖွေရှာဖို့ ..
ငါ ဆိုတာနေရာတိုင်းမှာ ရှိနေတတ်ခဲ့တာ...
လုံလောက်ပါတော့ စေတန်...
ငါ့ဘ၀အချိန်တွေ ငါ့နေရာတွေ... ငါ့ရင်ဘတ်ထဲက နှလုံးသားကိုပါ ...
နင်လိုရာ ပြုစားခဲ့ပြီး မှ...
လွတ်မြောက်ခွင့် ပေးလိုက်ပါတော့...
နင့် အတွက် ငါ ဆိုတာ...
အနာကပ်တဲ့ ပလာစတာလေးလောက်သာ ...
တန်ဖိုးရှိခဲ့တာ ပဲ...
ကျေးဇူးပြုပြီး....
ပြုစားတာတွေ ရပ်ပါတော့ စေတန်...
ဘာမှ မဟုတ်တဲ့ နင့်ဆီက... ဘာမှ မဖြစ်သလိုပဲ ...
ငါပြေးထွက်သွားပါရစေ... ။ ။
" ကျိန်စာအလွမ်း ...နဲ့ အိပ်မက် ကျမ်းစာ.."
1 ယောက် မှတ်ချက်ပြုသွားသည် ရေးသားသူ - နွေးနွေးသဲမွန် အချိန် 10:48 AMအလွမ်းက နင့်ကိုနာကျင်စေခဲ့ဖူးတယ်ဆိုရင်...
ငါ့ကိုတော့ လောင်မြိုက်ခဲ့တယ်...
အခုတော့...
ငါ့နှလုံးသားတခုလုံးပြာကျခဲ့ပါပြီ...
ဒီတခါ ရောက်ရှိလာမယ့် မုတ်သုန်လေနဲ့ အတူ...
သူတို့ တဖြည်းဖြည်းလွင့်ပါသွားကြလိမ့်မယ်...
နင်သိပ်ကံကောင်းခဲ့သလောက် ငါသိပ်ကံဆိုးခဲ့တယ်...
အချစ်ဆိုတာ...
အဆိပ်နဲ့ ပြန်ဖေါ်စပ်ထားတဲ့ မြွေဆိပ်ဖြေဆေးတမျိုးပါပဲ...
ငါ...ရက်စက်တတ်အောင် တသက်တာလုံးလေ့ကျင့်ခဲ့တယ်...
" ငါနင့်ကိုမေ့လိုက်တယ်...ငါနင့်ကို မေ့ပစ်ခဲ့တယ်..."
သေချာတယ်...
နောက်ဆုံးတော့ ဒီစကားလေးတခွန်းနဲ့ ပဲ..ငါအသက်ပါသွား ပါလိမ့်မယ်....။ ။
ကဏ္ဍ - ခံစားမှု
" ခရေဖြုတပွင့်ရဲ့ ... အိပ်မက်အကြွေ... "
0 ယောက် မှတ်ချက်ပြုသွားသည် ရေးသားသူ - နွေးနွေးသဲမွန် အချိန် 7:14 PMငါသိတယ်...
ဒီတခါ ငါတို့ .. အရွှဲ့ တိုက်နေတာ မဟုတ် တော့ မှန်း…
ဒီ့ အပြင် နောက် တခါ ထပ်မရှိနိုင်တော့မှန်း…
ဒီလိုပဲ…
ဘယ်ညာ မှားခဲ့တဲ့ လိုက်ဖက်ခြင်းတွေနဲ့ ...
မင်းထပ်မံ တွေ့ ရှိသွားခဲ့တဲ့ နံရိုးတဖက် ရဲ့ အနောက်မှာ ...
ငါ' ဆိုတာ တိတ်တိတ်ကလေး ...
ကျန်ရစ်ခဲ့တယ်...
အရင်ကလို...
မင်း နေပူတယ် ဆိုရင်နေကာဖို့  ငါ့မိုးကာလေး ချွတ်ပေးချင်ခဲ့တုန်းပဲ...
ဒါပေမယ့် ...ဒီတခါ တကယ် နာကျင်သွားတယ်...
မင်း မသိခဲ့တာတွေ ...ငါ ဟန်လုပ်ရန်စောင်ရင်းပြောပြချင်ေ နတုန်းပဲ...
ဒါပေမယ့် တိတ်တိတ်ကလေး ငြိမ်သက်ပေးလိုက်တယ်...
မင်းကတော့ အရင်လို အညီအမျှ ပါပဲ...
သူ့ အပေါ်မှာလဲ.. သ၀န်တွေတိုပြနေတုန်းပဲ...
"ငါ့ကို ဆူပါ...ဆဲသလို လာမအော်နဲ့ "လို့ ...လည်း...
နင့်ကို ငါ ပြန်မအော်ဖြစ်တော့ ပြန်ဘူး....
ပါးပြင်ပေါ်လိမ့်ချခွင့်မရှိတဲ့ မျက်ရည်က..
ရင်ဘတ်ထဲကို ပူခနဲ လိမ့်ဆင်းသွားသလိုမျိုးးး ...
ထိထိခိုက်ခိုက်...
ပြီးတော့...
တိတ်တိတ်ဆိတ်ဆိတ်...
အချစ်အတွက်နဲ့ မျက်ရည်ကျရမှာ ရှက်တယ်...
နောက်ပြီးတော့... မသိတတ်ခင်တုန်းက...
မင်း မျက်ရည်တွေ အလွဲသုံးစား လုပ်ခဲ့မိတာ ရှက်တယ်...
" မလိုပါဘူး " ဆိုတဲ့ စကားကို မလိုချင်တော့လို့ ...
မင်းသိစရာ မလိုအောင် ငါ 'သူ မ' ကို စောင့်ရှောက်ခဲ့ဖူးပါတယ်...
ငါသိနေသေးတယ်...ကြိုးစားနေတုန်း ပဲ...
ဆိတ်ငြိမ်စွာ နာကျင်တဲ့ အခါ...ပေါ့ပေါ့ပါးပါး ပြုံးပြတတ်ဖို့ ...
ပူလောင်စွာ နာကျင်တဲ့အခါ...အူလှိုက်သည်းလှိုက် အော်ရယ်တတ်ဖို့ ...
မင်းသိပါတယ်...
အကြောင်းပြချက် ရှိခဲ့တဲ့ အချစ်က ဖြေသာတယ်..
အကြောင်းပြချက် မရှိခဲ့တဲ့ အချစ်က တခါတလေမှာတော့... ဒဏ်ရာရစေတယ်...
မျှော်လင့်ချက် မရှိခဲ့တဲ့ အချစ်ကတော့ ဘ၀မှာ အနာကျင်ရဆုံးပဲ...။ ။
နွေးနွေးသဲမွန် ( မေ ၊၅ ၊၂၀၁၁)
ကဏ္ဍ - ခံစားမှု
အမှန်က ဗျိုင်းလည်း ...မနားဖူးဘူး...
ဒီလိုပဲ...
အလွမ်းနဲ့ ယှဉ်ရက်သားးး
သူ့ ဟာ သူ လွမ်းနာကျနေခဲ့တဲ့ ပေါက်ပင်....
မျက်ရည် မရှိသလို သက်သေ မရှိဘူး...
ကျောက်ထက် အက္ခရာ တင်စရာ...
တူသားပေသား တကျ ...
အိပ်မက်ပြာ အဟောင်းအနွမ်းတွေတော့ ရှိလေရဲ့ ...
တကယ်ပါပဲ...
မလွမ်းလောက်ပါဘူး လို့  ကိုယ်ပြောတော့ ...
ချစ်မြတ်ခြင်း က မဲ့ ပြုံး ပြုံး လို့ ....
"ဘယ်သူ့ ကို မှ မမြူဆွယ်ခဲ့သေးဘူး.."
မာန ပျိုတွေ ပြန်အသက်ဝင်လာခဲ့...
ဒီမှာ...
စိတ်ချ လက်ချ ထားခဲ့နိုင်တယ်..
ကျရာနေရာ အပင်ဖြစ်မြောက်နိုင်တယ် ဆိုတာ...
မင်းသိနှင့်ခဲ့ပြီးသားပဲ မဟုတ်လား.. ။ ။
ကဏ္ဍ - ကဗျာ
ဒါတွေ အားလုံး အစိမ်းသက်သက်ပဲ...
ငါ့အတွက် လုံခြုံရာ ဖွေရှာမရခဲ့...
အဖြစ်အပျက်တွေ အားလုံးလည်း...
နေသားတကျ....
ရက်စက်တယ်...
တကယ်က နာကျင်မှု တွေမှာ မျက်ရည်မပါဘူး....
မိုက်မဲခြင်းတွေ ကသာ ဆွေးမြေ့ခြင်း ကိုရှာဖွေ တွေ့ ရှိ...
မပြောမဆို ထွက်သွားလည်း သွားရဲ့ ...
“အချစ် “က လက်ပေါက်သိပ်ကတ်တယ်...
ဟော…
တကယ့်ကို ....
ရယ်စရာမျက်လှည့် တကွက်ပဲ...
သူ့ ရင်ထဲ မှာ မီးတောက်...တွေနဲ့ ... ။ ။
ကဏ္ဍ - ကဗျာ
ဘာအတွက် နဲ့ သိမ်းထားမှာလဲ...
ငါက နင့်အတွက်တော့ မှန်ဗီဒိုထဲက အရုပ် တရုပ်လိုပဲ...
နင့်အတွက်..ငါ...
အခိုင်အမာ တည်ရှိခဲ့တယ်...
ပိုင်ပိုင်နိုင်နိုင် သိမ်းဆည်းခွင့်ရှိတယ်...
ဒါပေမယ့် ငါ့အတွက်ကတော့...
ဖုန်တက်မှာစိုးလို့ ...
ညစ်ပေမှာစိုးလို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ...
နင့် နံဘေးမှာ နေခွင့်မရှိခဲ့ဘူး...
ကြာခဲ့ပြီ...
ဒါပေမယ့် တချို့ ပျက်လုံးတွေက ခုချိန်ထိ..
ငါ့ရင်ခွင်ကို လာ မှန်တုန်းပဲ....
တကယ်မဟုတ်မှန်း သိရက်နဲ့ ...ငါပြုံး လိုက်မိတယ်...
ငါပေးခဲ့တဲ့ အမှတ်တရ တွေကို လွှတ်ပစ်ပြီး...
အမှတ်တမဲ့တွေကို နင်သိမ်းထားခဲ့တယ်...
နင့်ကို နားလည်ဖို့ ,ငါက ငါ့ကိုယ်ငါ အချိန်မပေးခဲ့ဘူး ဆိုတဲ့စကား ...
တကယ်က..
သိပ်ဟားတိုက်ဖို့ ကောင်းရဲ့ ...
ငါသိပ်အတ္တကြီး သလောက် နင်တကိုယ်ကောင်းဆန်တတ်ခဲ့တယ်...
ကဲ...ပြိုင်တူလွှတ်ချ လိုက်ရအောင်ပါ...
ဆန့် ကျင်ဘက် အတွေးအခေါ်တွေ၊ စိတ်ဓါတ်တွေကြားက...
မတန်မရာ တူညီခဲ့တဲ့... ငါတို့ ရဲ့ ...အစုတ်အပဲ့ သံယောဇဉ်တွေကို !!!
;;
Subscribe to:
Posts (Atom)







