" နောက်ကြောင်းပြန်ကြသူများသို့ ... "

ဒီဘ၀မှာ Back Gear မပါဘူး...
ကိုယ်မြင်သမျှ"ရှေ့သို့ "ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်တွေ့ချည်း...

အကြိမ်ကြိမ်ရှုံးနိမ့်မှုတွေ အကြိမ်ကြိမ်လဲကျမှုတွေ အတွက် ...
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့ မနည်းအားယူနေရတယ်...

နောက်မှာ ချောက်ကမ်းပါး တခုလား...
နံရံတခုလား ...
ကိုယ်လှည့်မကြည့်အားဘူး...
သေချာတာတော့...
 နွေးထွေးတဲ့ရင်ခွင်တစုံမရှိဘူး...
အဆုံးအစမဲ့ မျက်စိစုံမှိတ်ခွင့်လွတ်ပေးမယ့်သူ မရှိဘူး...
အချိန်မရွေးလှည့်ပြန်စရာ အမေ့အိမ် မရှိဘူး...
" ဘာမှ မဖြစ်ဘူး မေမေရှိတယ် " ဆိုတဲ့ စကားတခွန်းမရှိဘူး...

 နောက်လှည့်မကြည့်ဖြစ်ဘူး..
...နောက်ဆုံးမှာ မကျန်အောင် ပြေးနေရတယ်...
တပြိုင်တည်းမှာ...
ဣသာမဖြစ်အောင် နေနေရတယ်...
အဘိဇာမပွား အောင်ထိန်းနေရတယ်...
ရောင့်ရဲတတ်အောင် ကြိုးစားရတယ်...
တည်ငြိမ်နိုင်အောင် လေ့ကျင့်ရတယ်...
အပေါ်မှာ မာန်မာနတွေ ထပ်မဆင့်ခင်...
အခြေခိုင်အောင်...အုတ်မြစ်ချနေရတယ်...

တကယ်ပါပဲ... တခါတလေများ ကိုယ့်မြင်ကွင်းထဲ ရောက်ချင်ရင်...
ကိုယ်ရှေ့ရောက်အောင် ပြေးစမ်းပါ...
ကိုယ်စောင့်ရှောက်တာ ကူညီတာအလိုရှိရင် ကိုယ့်နံဘေးရောက်အောင် လာပါ...
ကိုယ့်မှာ နောက်လှည့်ကြည့်ဖို့ ရာ အခြေအနေ မပေးလို့ ... ။  ။

နွေးနွေးသဲမွန် ( ၀၁၊ ၀၁၊ ၂၀၁၄)

0 Comments:

Post a Comment