မုန်းတယ်…
တခါတလေ တော့လည်း
စွယ်တော်ရွက်တွေရဲ့  ရာဇ၀င်ကို မုန်းတယ်
မျှော်လင့်ချက်မဲ့လိုက်လျော တတ်တဲ့
ခပ်ထန်ထန် မျက်ဝန်းတစုံကို မုန်းတယ်….
မာန လွှမ်းနေတတ်တဲ့ လက်ဖမိုးတစုံနဲ့ ဖန်တီးပေးခဲ့တဲ့
ခပ်သင်းသင်း သနပ်ခါး ရနံ့ တွေကို မုန်းတယ်
ငါ့ နဖူးပြင် က
စွယ်တော်ရိပ် ရဲ့ နှုတ်ခမ်းရာတစုံ ကို မုန်းတယ်
ပြန်ဆက်မရတဲ့ ခပ်ဝါ၀ါ ပုတီးနှစ်ကုံးကိုငေးရင်း
ခပ်ရင့်ရင့် စကားလုံးတွေကို ပြန်ကြားမိတိုင်း မုန်းတယ်
အသိစိတ်က မေ့ပစ်လိုက်နိုင်တိုင်း
မသိစိတ်ကပြန်ပြန် ခေါ်လာတတ်တဲ့ အိပ်မက်ဆိုးတွေ..
မုန်းတယ်
နင် နဲ့ အဝေးမှာ
ငါ့ မာန တွေငါပြန်သွေးရင်း
ငါ့အတွေးတွေ ငါပြန် ပုံဖေါ်တယ်…
လှည့်ကြည့် ပါဦး ကိုမသိဘူး
အချစ် သီချင်း ကိုမသိဘူး
ငှက်ရုပ်တွေ ကိုမသိဘူး
ဒီဇင်ဘာ ကိုမသိဘူး
အရာအားလုံးဟာ…ပြာမှုန်တွေပဲ…ဖြစ်တယ်..
အရာအားလုံးဟာ…မြူ နှင်းတွေပဲ… ဖြစ်တယ်..
ဟုတ်တယ်..
ဒါ…အိပ်မက်တခုပဲ ဖြစ်တယ်..
ခြွေ ခူးမိ ခဲ့တဲ့ စွယ်တော်ရွက်တွေ..အတွက်…
စွယ်တော်ပင် စေစားရာ…အိပ်မက် ဆိုးတခုပဲဖြစ်တယ်…။ ။
မေ့မရတဲ့ အတိတ်ဟာ..
အသစ်ပြန်မဖြစ်နိုင်တော့ပါဘူး….
“နောင်တ”ဆိုတဲ့ စကားတလုံးကို
အော်ဟစ်ပြီး ငါ မငိုတော့ပါဘူး…
ဒါပေမယ့်…ငါ့အလွမ်းတွေကို
သူသိအောင်ပြောပြချင်တယ်…
ငါ့ဆီ က “ချစ်တယ်”ဆိုတဲ့စကား
ကြားရလွန်းလို့ …နားခါးနေပြီလား…???
မစွဲလမ်းပါဘူး ဆိုခဲ့တဲ့
ငါ့နှလုံးသားကို သနားလိုက်တာ….
သူ့ အကြောင်းတွေးရင်း ရေးရေးပျော်ခဲ့တဲ့ညတွေ….
အခုထိ ရှိနေတုန်းပဲ….
အရာရာဟောင်းခဲ့ ရင်တောင် မပြောင်းလဲပါဘူး….
ရူးတယ်ပဲ ပြောပါ……
ငါ သူ့ ကို သတိရနေ ရတုန်းပါပဲ…..။ ။
ငါ့အတွက်ရယူခြင်း ဆိုတာ..
ဟိုးကောင်းကင်ထဲက
ခပ်ပါးပါး တိမ်တစ ပဲ….
ရယူခွင့်ဆိုတာ…
မျဉ်းပြိုင် နှစ်ကြောင်းရဲ့ …
ဆုံနိုင်ခွင့် တခုပဲ…
ရယူခွင့်ဆိုတာ…
မွန်းတည့်နေရောင်ခြည်အောက်က
နှင်းမြူတွေပဲ…
ရယူခွင့်ဆိုတာ…
သောက်ရှုးကြယ်ရဲ့ အပြုံးတပွင့်ကို
ပိုင်ဆိုင်ခြင်းပဲ…
ငါ့ရဲ့  အစိမ်းရောင်ကောင်းကင်ရေ…
ငါ့အတွက်တော့
ရယူုခြင်းဆိုတာ…
အလွန်ဖြစ်နိုင်ချေ နည်းတဲ့
မျှော်လင့်မှုတခုပဲ….ဖြစ်ပါလိမ့်မယ်….။ ။
အရောင်လွင့်နေတဲ့ မိုးတိမ်….
ငိုကြွေးနေတဲ့…ငှက်တအုပ်
သောကလမ်းမပေါ် ဖြတ်သန်းသွားကြ..
ကို…ရေ…
မျက်ရည်…
မိုးစက်…
ခေါက်ရိုးကျိုး နေတဲ့ နေ့ ရက်တွေကိုဝတ်ဆင်ထားတဲ့
အထီးကျန် ကောင်မလေးတယောက်ရဲ့  ရင်ထဲမှာ…
မိုးကောင်းကင်ရဲ့ …ဟိုမှာဘက်စွန်းထိ…
မျှော်လင့် ထားခဲ့…..
ဒီလိုနဲ့ …………..