ရယူခြင်း


ငါ့အတွက်ရယူခြင်း ဆိုတာ..
ဟိုးကောင်းကင်ထဲက
ခပ်ပါးပါး တိမ်တစ ပဲ….

ရယူခွင့်ဆိုတာ…
မျဉ်းပြိုင် နှစ်ကြောင်းရဲ့ …
ဆုံနိုင်ခွင့် တခုပဲ…

ရယူခွင့်ဆိုတာ…
မွန်းတည့်နေရောင်ခြည်အောက်က
နှင်းမြူတွေပဲ…

ရယူခွင့်ဆိုတာ…
သောက်ရှုးကြယ်ရဲ့ အပြုံးတပွင့်ကို
ပိုင်ဆိုင်ခြင်းပဲ…

ငါ့ရဲ့  အစိမ်းရောင်ကောင်းကင်ရေ…
ငါ့အတွက်တော့
ရယူုခြင်းဆိုတာ…
အလွန်ဖြစ်နိုင်ချေ နည်းတဲ့
မျှော်လင့်မှုတခုပဲ….ဖြစ်ပါလိမ့်မယ်….။ ။

0 Comments:

Post a Comment