၂၉ရက်မြောက် " လ "











အဲ့ဒီ လက လ က ၂၉ရက်မြောက်မှ ပြည့်ခွင့်ရတယ်...
ငါ့ရဲ့ သက်တံ့ရောင် ကောင်လေးရယ်...
ငါတဦးတည်းသာ မင်းကို အရောင်မှန်ခွဲခြားမြင်တတ်ကြောင်း...
မင်းကောင်းကောင်း လေ့လာတတ်ခဲ့ပြီးနောက်
မိုးကုပ်စက်ဝိုင်းတခုစာ ခြားနားခဲ့ပြီ...

အဲ့ဒီ ကန့်လန့်ကာကို အစောကြီးထဲ က ဖယ်ကြည့်ဖို့ 
ငါမှာကြားခဲ့ဖူးပါတယ်ကွယ်...
နေ့ ရော ညပါ မာနအရောင်နဲ့ မျက်စိမကျိန်းနေဘူးလား...
အစားထိုးတယ်ဆိုတာ...
ထင်သလောက်မလွယ်သော စကားထာတပုဒ်ဖြစ်ကြောင်း
အခုတော့ မင်းကောင်းကောင်းသိခဲ့ပြီ....

အဲ့ဒီ အရာတွေ အကြောင်း ငါဟာ
စာလုံးပေါင်းမကြာခဏ မှားတတ်ခဲ့ပါရဲ့ ကွယ်...
အဲ့ဒီလ က လဟာ ၂၉ရက်မြောက်မှာ ပြည့်မြောက်ခဲ့ရတယ်...
လေကြောင်းတွေလဲ မမှားဘူး...ရေကြောင်းတွေလဲ မမှားဘူး...
ရင်ခုန်သံတွေပဲ..ရေလိုက်လွဲခဲ့တာ...
အခုတော့လည်းမြတ်နိုးခြင်း ဆိုတဲ့အရာဟာ...
ငါ့အတွက် ..
ကျက်သရေတွေ ပြည့်ပြည့်၀၀ တုံးလို့ ပေါ့....

မင်းရင်နာစေရုံ လောက် ရည်ရွယ်ပြီးတော့ တော့
သံစဉ်မဲ့ သီချင်းတပိုဒ်ကို ငါဆက်ဆို မနေတော့ပါဘူး….
ငါ့ရဲ့ သက်တံ့ရောင် ကောင်လေးရယ်...
အဲ့ဒီ လက လ က ၂၉ရက်မြောက်မှ ပြည့်ခွင့်ရ ခဲ့တယ်...။ ။

Never Took The Time Lyrics - Akon


Akon Never Took The Time Lyrics


A moment ago it seemed
It was yesterday
You were here with me
And everything seems to be the same

What am I supposed to do
With all these empty rooms?
Sit here in solitude
With the smell of your perfume

Ya never took the time to know me
Ya never took the time to understand
Ya never took the time to know me
Yeah
Cause lovin' you is all I ever had
Still lovin' you is all I ever have

This wasn't what I wanted to be
A man in misery
Girl I look back a thousand times
And can't believe that you left me
Why you leave me baby
Why can't you understand my pain
How can I explain
Girl I don't know what I'm doin' wrong
I can't believe that your love is gone

Cause you never took the time to know me
Said you never took the time to know me
You never took the time to understand
Oh
Oh yeah
Said you never took the time to know me
Said you never took the time to know me
See lovin' you is all I ever had
Baby lovin' you is all I ever had

Ooh yeah
You're all I need
You're all I see
And I wish that we could do it again

Cause you never took the time to know
Baby you never took the time to know me
You never took the time to understand
Oh oh
Yeah
Said you never took the time to know me
Yeah
Because of you now I'm just a lonely man
Oh
Because of you now I'm just a lonely man

“မာနရှင်းတမ်း…”
















ရင်ဘတ်ထဲက အနူတ်လက္ခဏာတွေ ကို ပြန်ငုံ့ ကြည့်မိတော့

ရှေ့ဆက်ရမယ့် လမ်းတွေ အတွက်

သက်မ တချက်ချကြည့်ဖြစ်တယ်…



ငါ့အပြစ်နဲ့ ငါပါပဲကွယ်…

ငါက ချစ်တယ် ဆိုတဲ့ဝေါဟာရ တလုံးသုံးဖို့ 

အင်မတိအင်မတန် ပါးစပ်ရှက်တတ်ခဲ့သူ…




ယုံကြည်မှု ဆိုတာကို ငါ့အပေါ်စွန့် ကျဲဖို့ 

ခဲယဉ်းလွန်းသူ နင့်အတွက်နဲ့ ….

ငါ့ဂုဏ်သိက္ခာတွေ လုံးပါးပါးခဲ့ရပါတယ်…



မမြင်ချင်နေမှတော့ လိုက်ကြည့်မနေနဲ့ တော့ပေါ့ကွယ်…

မသွားချင်ပဲ ထွက်ခွါဖို့ တော့

ငါ့မာန တွေက ဦးဆောင်နိုင်ပါလိမ့်မယ်…



စိတ်တူကိုယ်တူ…၀ါသနာတူ…

မာနချင်းလဲ တူညီခဲ့ကြသူချင်းပဲကွယ်…

မင့်မာန ကိုမင်းခြုံလို့ သွားလေရာခရီးမှာ

မျက်ရည်ပေါက်ကြီးငယ် လုံပါစေ….




မျှော်လင့်တဲ့ အတိုင်းဖြစ်မလာတဲ့အခါ

ငါဟာ လောကရဲ့ ပြက်လုံးတွေကို

ပေါ့ပျက်ပျက် ရယ်သွမ်းသွေးတတ်လာခဲ့…



ငါ့ကို အဲ့မျက်ဝန်းတွေ နဲ့ ထပ်မကြည့်ပါနဲ့ …

ခံစားချက် တ၀က်တပျက်နဲ့ 

အသက်မဆက်နိုင်တော့တဲ့ ငါ့ကဗျာတွေ…

ဒိုင်ယာရီတအုပ်ထဲ…

ရေးလက်စ စာရင်းဝင်သိပ်များနေခဲ့ပြီ….။ ။

“ဟာသ “

















ကြာတော့လည်း ငါကိုယ်တိုင်က
ဒူးရင်သီးတလုံးဖြစ်သွားပါရောလား…
ဈေးကွက်ကောင်းပြီး လူကြိုက်များကြပေမယ့်
တချို့ တလေအတွက်ကျတော့လည်း အော်ဂလီဆန်စရာ….

မျက်နှာချိုသွေးဖို့ 
မျက်နှာကို ကျောက်ပြင်နဲ့ ကြိုသွေးထားဖို့ 
လိုအပ်နေပါသလား….

“ဟုတ်ကဲ့ “ဆိုတဲ့စကားတခွန်းက
“မဟုတ်ကဟုတ်က” ဆိုတဲ့ အသံတွေကြားမှာပျောက်ကွယ်…
တခါတလေ လောကကြီးက
သိပ် သိပ် ရယ်စရာကောင်းလှတယ်…

တံခါးပိတ် ဆိတ်ဆိတ်နေဖို့ လဲ
ငါ့မှာ ဇာတာမပါခဲ့တော့ခက်တယ်…
ပွင့်လင်းတာက မယဉ်ကျေးဘူး ဆိုရင်တော့
ဟုတ်ကဲ့ ငါရိုင်းပါတယ်…

အထင်လွဲတာပဲ ဖြစ်ဖြစ်၊ တလွဲထင်တာပဲဖြစ်ဖြစ်
ကိုယ့်အတွေးနဲ့ ကိုယ်မို့ လွတ်လပ်တယ်…

စိတ်ကူးတွေကိုချည်တိုင်မှာ ကြိုးတုတ်ထားရင်း
ဒေါင်ကျကျ ပြားကျကျအဖြစ်နဲ့ …
ဆယ်ပြားစေ့ ဘ၀မှာပဲယောင်လည်လည်…

ခုချိန်များ တောင်းစားရတဲ့ ဘ၀မျိုးသာရောက်သွားခဲ့ရင်
“အိမ်ကခွေးလောက်၊ကြောင်မလေးလောက်”
ဆိုတဲ့ငယ်ငယ်ကသီချင်းကို
အော်ကြီးဟစ်ကျယ် ဆိုပြီးတောင်းပစ်လိုက်စမ်းမယ်…

ဒီမှာ…
ချစ်ခြင်းမေတ္တာဆိုတာကို အယုံအကြည်မရှိတော့တဲ့အကြောင်း
အဲ့ဒီကောင်လေး သိအောင် အော်ပြောပေးကြစမ်းပါ…

ရင်ဘတ်ပါတဲ့သူတိုင်းပဲ ရင်နာတတ်ကြတယ်…

ငတ်နေတယ်ဆိုတဲ့ ၀ိသေသ တခုနဲ့ 
စိတ်အချဉ်ပေါက်ရလေတိုင်း
စိတ်ကို ချဉ်ဖတ် လုပ်စားလို့ ရရင်
ဟတ်…
သိပ် သိပ်ကောင်းမယ်…။ ။


















မလိုတော့ပါဘူး…
နဖူးပြင်ထက်က အနမ်းတချက်နဲ့ 
ခါးသက်သက် ပျက်ယောင်ပြုမှုတွေ…

မိုးလင်းပေါက်ဆန္ဒပြဖူးခဲ့တဲ့ နင့်ခြေသံတွေအတွက်
ငါ့အဆောင်ရှေ့က စွယ်တော်ပွင့်ကလေးကတော့
မခို့ တယို့ လှောင်ပြုံးတယ်

နင်ပေးခဲ့တဲ့ အချစ်ဦး ဆိုတဲ့ ဂုဏ်တရပ်နဲ့ တင်
ငါ့ကိုယ်ငါ သတ်ကွင်းထဲ ခြေစုံပစ်ဝင်မိခဲ့ရတာ..
အခုတော့ ငါ့အိပ်မက်တွေ တောင် ခမ်းလို့ ခြောက်လို့ …

အနယ်ထိုင်တာ မဟုတ်ခဲ့တောင်
အနေကြာသွားခဲ့ပြီပဲ…
နင်နဲ့ ဝေးကွာမှုဟာ..
ငါ့အတွက်တော့ ကောင်းခြင်းမင်္ဂလာတပါး ဖြစ်လေရဲ့ …

စိတ်အတွေးတွေ ကို ဆေးခြယ်မိတိုင်း
နင့်အကြောင်းတွေကို ခပ်ဝေးဝေးမှာ
သွားပုံထားတတ်ခဲ့တယ်…
မလွမ်းချင် လွမ်းချင်နဲ့ တောင် မလွမ်းဘူး
အလွမ်းတွေ က ငါ့ကိုကျိန်ဆဲတတ်လို့ …

မလိုတော့ပါဘူး…
နင့်အတ္တတွေနဲ့ နင့်ကို
နေသားတကျ ငါမြင်လိုက်ရတဲ့အခါ…

မလိုတော့ပါဘူး…
အညှီအဟောက်ဆန်တဲ့ နင့်အပြုံးတွေ
ဟိုးအရင်လို မဖြူစင်ကြတော့တဲ့အခါ….

မလိုတော့ပါဘူး…
ချစ်သူမဆန် တတ်တဲ့ နင့်ရည်းစားခေါင်းစဉ်တပ်တွေ
ငါ့မျက်ဝန်းထဲ ကိုးလိုးကန့် လန့် 
ခလုတ်လာတိုက်ပြတတ်ကြတဲ့ အထာ…

ဒါတွေ အားလုံးပဲ မလိုတော့ပါဘူး..
စက်တင်ဘာရဲ့ မိုးတစက်လို ပေါ့ပျက်ပျက် အတွေးတွေနဲ့ 
ငါ့စကားလုံးတွေ ခံစားမှုတွေ
လုပ်ကြံခံခဲ့ ရတဲ့ ခဏမှာတင်…
အရာအားလုံး…
အငွေ့ ပျံသွားခဲ့တာ….

ကြာပြီ…။ ။

















ကိုယ်က အပါးပါးသောအိနြေ္ခနဲ့ ပြည့်စုံမွန်မြတ်နေတဲ့
မိန်းမမြတ်တယောက်တော့ မဟုတ်ဘူးပေါ့ ညီ...
ဒါပေမယ့် စာနာတတ်တဲ့ စိတ်ထား
နားလည်တတ်တဲ့ နှလုံးသားနဲ့ 
မင်းအတွက်ဘယ်နေရာမဆိုဖြည့်ဆည်းနိုင်ဖို့ အမြဲ ကြိုးစားနေခဲ့တဲ့
ကိုယ်ဟာ
မိန်းမဆိုး တယောက်တော့လည်း မဟုတ်ခဲ့ပြန်ပါဘူး...

မိသားစု အတွက် အရာရာပေးဆပ်
သူများအတွက်လူဖြစ်လာရတဲ့ ကိုယ့်ဘ၀ဟာ…
လူတကာအားကျရတဲ့ ပင်တိုင်စံဘ၀မျိုးတော့မဟုတ်ဘူးပေါ့ ညီ..
ဒါပေမယ့်… ကိုယ့်အားကိုယ်ကိုးရင်း
တချို့ တလေလေးစားတန်ဖိုးထားနိုင်လောက်အောင်
ကိုယ့်ဘ၀ တန်ဖိုး ကို ကိုကိုယ်တိုင် သုညများစွာထပ်တိုးနိုင်ခဲ့တယ်…

စကားပေါင်းများစွာ ပြောခဲ့ရတဲ့၊ကြားခဲ့ရတဲ့ ဒီဘ၀မှာ
တချို့ လူတွေ နှုတ်ဖျားက ထွက်တဲ့
“ မိမဆုံးမ ၊ဖ မဆုံးမ” ဆိုတဲ့တခွန်းကို
ကိုယ်အနာဆုံးပါ ညီ…
အရွယ်ရောက်စ အချိန်ကစလို့ 
ကိုယ့်အသိတွေ ကိုယ်တိုင်ကိုယ်ပိုင်သင်ယူခဲ့ရတာ…
ဒီနှုတ်ခမ်းဖျားက
နာနာကျည်းကျည်းစကားလုံးပေါင်းစုံကလဲ
အမြဲတမ်းတော့ ချိုတယ် ဘယ်ရှိပါ့မလဲ….

ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ် လမ်းလျှောက်ဖို့ 
ခြေထောက်နှစ်ချောင်း ပေါက်ခဲ့တဲ့ မိန်းမတယောက်ပါ ညီ
သူတပါးခင်းပေးတဲ့ လမ်းဆိုယောင်လို့ တောင်မလှမ်းချင်ခဲ့ဘူး
ဒုက္ခပဲ ရောက်ရောက်၊ဖိနပ်ပဲ ပေါက်ပေါက်…
ဘယ်လူတကာကိုမှ အကူအကာ ရဖို့ မခေါ်ခဲ့ဖူးသလို
ကိုယ်ယုံကြည်ရာ ခရီးမရောက် လမ်းမပေါက်သရွေ့ …
ရေချိုးပြန်ရိုး ထုံးစံမရှိခဲ့သေးဘူး ညီ…

လူတွေ ပြောပြောနေကြတဲ့ စည်းကမ်းနဲ့ ဂုဏ်သိက္ခာ ကို
ဘယ်ပေတံနဲ့ တိုင်းသလဲ ညီ…
ကိုယ့်ကို ကိုယ်လေးစားနိုင်ဖို့ အရေးအကြီးဆုံးလို့ ထင်နေမိတဲ့
ကိုယ့်အတွက်ကတော့ ကိုယ့်လိပ်ပြာကိုယ်လုံသလို
ကိုယ့်စည်းနဲ့ ကိုယ့်သိက္ခာမို့ 
ကမ္ဘာချီအောင် ခမ်းနားနေသေးတယ်…

ဘယ်သူ့ ရှေ့မှ တကူးတက ခင်းပြစရာ လိုမနေတဲ့
ကိုယ်က ကိုယ်ပဲပေါ့ ညီ…ရယ်
ဘာရယ်ညာရယ် မဟုတ်ပါဘူး…
ခြေလှမ်းတွေ မှုန်မယိုမိစေဖို့ 
ကိုယ့်ကိုကိုယ် ခေတ္တ ဖြန့် ခင်းကြည့်မိတာပါ…
ဘယ်ခရီး ဘယ်လမ်းကို မှ
လိုက်ခဲ့ဖို့  နဲ့ နေခဲ့ဖို့ 
စောဒက မတက်ခဲ့ဖူးတဲ့ သူ…
ဒီတခါထဲနဲ့ တော့ ရာဇ၀င် မရိုင်းချင်ပါဘူး….
နေခဲ့တော့လည်း နှုတ်ဆက်ရုံပေါ့ ညီ။ ။


















နွေရာသီမှာပဲ လမ်းခွဲခွဲ
ဘယ်လို ရာသီမျိုး မှာပဲ လမ်းခွဲခွဲ
လမ်းခွဲ ခြင်းဟာ မချိုမြိန်တတ်ခဲ့ဘူး…။ ။

“မင်းကြိုက်သလိုပြောပါ “တဲ့
သူ့ အတ္တတွေသူလမ်းခင်း၍ ပြန်လာခဲ့ပြီးနောက်….

ကျမ ၏နောင်တမဲ့ချစ်ခြင်း များကို
ဟန်ဆောင်ကောင်းစွာ အဆိပ်သင့်စေခဲ့ပြီးနောက်…

ဘယ်လို ဥယျာဉ် မျိုးမှာ ဘယ်လိုပန်းတွေပျိုးခွင့် ရှိမလဲ….
သေချာတာတော့ သူ့ ရင်ခွင်ဟာ ကျမ ပျိုးတတ်တဲ့ပန်းမျိုး မဖြစ်ထွန်းစေခဲ့ဘူး..

တံတားအစင်းစင်း ကိုဖြတ်ကျော်ခဲ့ပြီးချိန်… ဒီရင်ထဲ ရိုက်ခတ်ခဲ့ဖူးသော ဆည်းလည်းလေး တချို့ အား
အမှတ်တမဲ့ လွမ်းမိ…. ဒါဟာ မတရားမှု တခုလား….???

ညတချို့ တလေ ရဲ့ အိပ်မက်ထဲ… အညတရ လက်္ဘရည်ဆိုင်လေးရဲ့ မင်းသမီးတပါးဘ၀ပြန်လည်ရောက်ရှိသွား..

လှည့်စားတတ်သော စကားတချို့ နဲ့ … လေးလေးနက်နက် အတွေးတွေ ကိုတိမ်ဝှက်ရင်း…
ဟို အရင်လို မနာကျင်တတ်သော စိတ်အချို့ ကို ပြန်တမ်းတမိပြန် ရဲ့ ……

အချစ်ဦး အကြောင်းပြန်တွေးမိချိန် တိုင်းမှာ ခေါင်းရမ်းခါမိရင်း
ကျမ ကိုယ်ကျမ အတိတ်မေ့တတ်သလား သံသယဖြစ်မိ…

နေ့ တွေ တရက်ပြီးတရက် ကုန်လွန်သွားချိန်တိုင်း …
ဘ၀ အဓိပါယ် အကြောင်းမသိမသာတွေးရင်း သက်ပြင်းချမိ..

တခါတလေ..ဒဏ်ရာတွေကို ဒဏ်ရာတွေနဲ့ ပဲ ပြန်မြှောက် ….
.ဒဏ်ရာတွေကို ဒဏ်ရာတွေနဲ့ ပဲ ပြန်စားရင်း….
ဘ၀နှစ်ခု ကို တခုတည်း ပေါင်းစည်းမိချိန်…
ဘ၀တခု ကို ကျားကန်ရင်း ထူထောင်ခဲ့ ချိန်များပြန်လည်သတိရ….

“မင်း အချစ်ကိုပေါ့ပေါ့လေးမတွေးပါနဲ့ ”တဲ့
ဒီလိုပြောရင်းကပဲ စကားတတ်သော ကျမ ရဲ
့ဆပ်ပြာပူဖေါင်းကလေးများ မြင်ကွင်းမှပျောက်ပျောက်သွား…ကြ..

ဒီအခိုက်အခါ တိုင်း
အပြုံးတွေကို အပြုံးနဲ့ ပဲလင်းစေ..
ပစ္စုပန် ကိုပစ္စုပန် ကပဲချဉ်းစေ…
ကျမ ၏လက်ရှိဘ၀လေးကိုမှ… တခုတ်တရ ပြန်ပြန်လွမ်းမိ…

ကြွေလွင့်ခဲ့သောဘ၀ တွေရယ်…
လေလွင့်ခဲ့သော အချိန်တွေ ရယ်အတွက် နောင်တ တရားတချို့ လက်ဆောင်ပါးချင်မိ…

နာနာကျဉ်းကျဉ်း ခံစားမိခဲ့ရပေမယ့် သံယောဇဉ်တရား ခေါင်းပါးတဲ့ လူတချို့ အတွက်…
မပွင့်တပွင့် အပြုံးနှင့် မထုံတတ်တေး မျက်နှာပေးတခုကိုသာ လက်ဆောင်ပါးချင်မိ….

ရွှေရောင်ငွေရောင် တောက်နေတဲ့ ကောင်းကင်တခု ထက် ကြွေ ရောင် တောက်နေတဲ့ ကြမ်းပြင်တခုသာ အမိအရ ပိုင်ဆိုင်ချင်မိ…

နွေရာသီမှာပဲ လမ်းခွဲခွဲ
ဘယ်လို ရာသီမျိုး မှာပဲ လမ်းခွဲခွဲ
လမ်းခွဲ ခြင်းဟာ မချိုမြိန်တတ်ခဲ့ဘူး…။ ။

;;