၂၉ရက်မြောက် " လ "











အဲ့ဒီ လက လ က ၂၉ရက်မြောက်မှ ပြည့်ခွင့်ရတယ်...
ငါ့ရဲ့ သက်တံ့ရောင် ကောင်လေးရယ်...
ငါတဦးတည်းသာ မင်းကို အရောင်မှန်ခွဲခြားမြင်တတ်ကြောင်း...
မင်းကောင်းကောင်း လေ့လာတတ်ခဲ့ပြီးနောက်
မိုးကုပ်စက်ဝိုင်းတခုစာ ခြားနားခဲ့ပြီ...

အဲ့ဒီ ကန့်လန့်ကာကို အစောကြီးထဲ က ဖယ်ကြည့်ဖို့ 
ငါမှာကြားခဲ့ဖူးပါတယ်ကွယ်...
နေ့ ရော ညပါ မာနအရောင်နဲ့ မျက်စိမကျိန်းနေဘူးလား...
အစားထိုးတယ်ဆိုတာ...
ထင်သလောက်မလွယ်သော စကားထာတပုဒ်ဖြစ်ကြောင်း
အခုတော့ မင်းကောင်းကောင်းသိခဲ့ပြီ....

အဲ့ဒီ အရာတွေ အကြောင်း ငါဟာ
စာလုံးပေါင်းမကြာခဏ မှားတတ်ခဲ့ပါရဲ့ ကွယ်...
အဲ့ဒီလ က လဟာ ၂၉ရက်မြောက်မှာ ပြည့်မြောက်ခဲ့ရတယ်...
လေကြောင်းတွေလဲ မမှားဘူး...ရေကြောင်းတွေလဲ မမှားဘူး...
ရင်ခုန်သံတွေပဲ..ရေလိုက်လွဲခဲ့တာ...
အခုတော့လည်းမြတ်နိုးခြင်း ဆိုတဲ့အရာဟာ...
ငါ့အတွက် ..
ကျက်သရေတွေ ပြည့်ပြည့်၀၀ တုံးလို့ ပေါ့....

မင်းရင်နာစေရုံ လောက် ရည်ရွယ်ပြီးတော့ တော့
သံစဉ်မဲ့ သီချင်းတပိုဒ်ကို ငါဆက်ဆို မနေတော့ပါဘူး….
ငါ့ရဲ့ သက်တံ့ရောင် ကောင်လေးရယ်...
အဲ့ဒီ လက လ က ၂၉ရက်မြောက်မှ ပြည့်ခွင့်ရ ခဲ့တယ်...။ ။

5 Comments:

  1. ရေတမာ said...
    ဆွေးဆွေးမြေ့မြေ့ကြီး ကဗျာကြီးက
    may said...
    အရမ်းခံစားပြီးဖတ်သွားပါတရ်။
    အမြဲကဗျာတွေရေးနေနိုင်ပါစေ....
    စိမ်း... said...
    ဘယ်သူ့ကိုသနားရမှာလဲတောင် မသိတော့ဘူး...
    လင်းကြယ်ဖြူ said...
    အစားထိုးတယ်ဆိုတာ...
    ထင်သလောက်မလွယ်သော စကားထာတပုဒ်.....

    ဟုတ်တယ်နော်....အမှတ်တရဆိုတာ အမြဲ ထင်ဟပ်နေတတ်တာမျိုးများလား...
    ကဗျာကောင်းလေးကို အားပေးသွားပါတယ်ခင်ဗျာ
    ပျော်ကြပါစေ
    Anonymous said...
    လေကြောင်းတွေလဲ မမှားဘူး...ရေကြောင်းတွေလဲ မမှားဘူး...
    ရင်ခုန်သံတွေပဲ..ရေလိုက်လွဲခဲ့တာ...
    အခုတော့လည်းမြတ်နိုးခြင်း ဆိုတဲ့အရာဟာ...
    ငါ့အတွက် ..
    ကျက်သရေတွေ ပြည့်ပြည့်၀၀ တုံးလို့ ပေါ့....

Post a Comment