"ကောက်စား"

မြှောက်စားခံဖို့ သူတို့မို့မရှက်
လုပ်ရက်တွေက ပက်စက်တယ်။

ကဗျာအသက် ငါ့ရင်ဘတ်ကို
ခုတ်ဖြတ်ဖဲ့စား
(နည်းနည်းတော့)ရှက်သွားလိုက်ဦးးးး

ငါ့ဖန်တီးမှု အနုပညာ
ဘယ်ကလာလဲ?

တစ်ပဲခြောက်ပြား လုပ်စားဖို့ဖန်တီး
ပြီးပြီးရောလုပ်
လက်တစ်ခုတည်းနဲ့ မဟုတ်ဘူးးး

တခုတ်တရချစ်ပြီး ရင်ကိုလှီး၍
အသည်းနဲ့ပေါင်း ဦးနှောက်ညောင်းအောင်
စုပေါင်းဖန်တီး (အဲ့ဒါ) ငါ့သားသမီးတွေ.....

ဘာဝင်စားလို့ လေးစားမရှိ
ကိုယ့်ကိုကိုယ် မေးကြည့်လိုက်ကြဦးးးး
ရင်နှင့်မွှေနှောက် ငါ့ဦးနှောက်ကို
ရုပ်တည်ဖောက်စား၊
(ပြောပြန်ရင်လည်း)အောက်တန်းစားတွေ သိက္ခာကျမယ်။

အော်ဂလီဆန်တယ် ဆိုတဲ့စကား မပြောဘူးလို့ထားတာပါ...
(ဒါပေမယ် ခံစားရတာများတော့ သူ့အလိုလို ထွက်သွားးးတယ်)
ဆွဲစား၊ဖဲ့စား၊ဖောက်စားတတ်တဲ့ ...လူ....ဝင်စားကြီးတို့ရေ....
ကောက်စားမလုပ်ခင်
နာမည်လေးတော့ အရင်ရေးထား။

(ရေးဖွဲ သူ့.... စေစားသူ)


(ဦးနှောက်ဖေါက်စားခြင်းခံ ခဲ့ရသူတွေ အတွက်ကဗျာလေးပါတဲ့ အကိုတယောက်ရေးထားတာပါ)

1 Comment:

  1. ဂျပန်ကောင်လေး said...
    ဘာမှန်းကို မသိပေမယ့် ကဗျာစာသားတွေကတော့ ပြင်းထန်လွန်းနေပါလား...း(

Post a Comment