ချစ်ခြင်းမှာ အသွားအပြန်ရှိတယ် ဆိုတဲ့စကားကို ယုံကြည်ခဲ့ရတယ်…
စာနာမှုကင်းတဲ့ ဒီရင်ဘတ်ထဲကို မှ…
ချိုမြိန်ခြင်းတွေ ဖောက်ချပေးချင်ခဲ့ သူဟာ…. သူပဲလေ….

ချစ်သူ ဆိုတဲ့ဝေါဟာရ တိုင်းကို မျက်နှာလွဲခဲပစ်…
၁ အချိုး ၂နဲ့ လက်စားချေတတ်ခြင်း
မူဝါဒ ကိုပဲ လက်ကိုင်ထားတတ်ခဲ့တဲ့ကျမ
ဟန်ဆောင်မှုကင်းတဲ့ သူ့ ချစ်ခြင်းတွေ ကို…
ငေးမောမင်သက် တိတ်တဆိတ် အားကျတတ်ခဲ့တယ်…

သူဟာ ကျမဘ၀တခုလုံးမဖြစ်နိုင်ခဲ့ရင်တောင်..
ကျမ ဘ၀ရဲ့ အနှစ်သာရ အဓိပ္ပါယ် တခုပါ…
မာယာကင်းမဲ့တဲ့ကြင်နာခြင်းတွေကို
တစ်ဘ၀စာ နှင်းအပ်ခြင်း ခံခဲ့ရသူ…

ယနေ့ မှစ ဘ၀သက်ဆုံးတိုင်
ချစ်သူရင်ခွင်မှာ…ခေါင်းတင်မေးစက်ချင်မိသူ…ကျမ
ချန်ရစ်ဖို့ ရည်ရွယ်ချက်မျိုးနဲ့ တော့..
ဘယ်တုန်းကမှ မပျိုးခဲ့မိတာ….ယုံကြည်ပါကွယ်…..။ ။

(၂၀၀၉ နိုဝင်ဘာ…၄ရက် အမှတ်တရ)

ချစ်သူအတွက် ကျမရင်ဘတ်ထဲမှ ထွက်ကျခဲ့သောအသံများ စုစည်းမှု

၂)'လ နဲ့ ကြာ' (Friday, March 20, 2009)




၃) “ချစ်သူ “(Happy Anniversary + 04 May 2009)




၎)....အရင်လို…(Friday, May 1, 2009)



၅)“ဝေးကြရတယ်ဆိုတာ…” (Tuesday, May 12, 2009)



၆)“အဖြူရောင် တောင်းဆိုမှု” (for 11 June 2009)



၇)“ပြန်မဆုံဖြစ် ကြရင်” (Monday, June 15, 2009)



၈)"စက္ကူဖြူ " (Monday, June 22, 2009)



၉)"ချစ်ခြင်းဖြင့်နွယ်လျှက်သော တွဲလက်"( ..., For our day)

၁၀)
“ချစ်သူဆက်မရေး ဖြစ်တဲ့ကဗျာ… “
( နှစ်ယောက်တစ်အိပ်မက် မက်ခဲ့တဲ့ အမှတ်တရ ကဗျာလေးတပိုဒ်ပါ )



၁၁)“ချစ်သူမိုးကောင်းကင်”



၁၂) ကျမ၏ ချစ်သူ အတွက် ( ၁၁ ဂျွန် ၂၀၀၉)



၁၃)“နောင်တ မဲ့စွာ…”



၁၄)“ချစ်ခြင်း၏ အချိုးအကွေ့ များ”


။ ။ ရင်ခုန်သံ တချို့ အားပြန်လည်အသက်သွင်း...ချစ်သူအတွက် ထာဝရကြင်နာခြင်းတွေ လင်းစေသတည်း....။ ။

2 Comments:

  1. လင်းကြယ်ဖြူ said...
    ရင်ခုန်သံ တချို့ အားပြန်လည် အသက်သွင်းခြင်း အားဖြင့်...ချစ်သူ တို့ နှစ်ဦးအကြား ထာဝရကြင်နာ ခြင်း တွေ အစဉ်ထွန်းလင်းစေသတည်း....
    Happy Anniversary !!!
    ပျော်ကြပါစေ

    *.*.*
    Waing said...
    ချစ်ရတဲ့ ချစ်သူနှစ်ဦး သက်ထက်ဆုံးတိုင် အစဉ် မခွဲမခွါ ပေါင်းစည်းနိုင်ကာ ဘ၀လမ်းခရီး ဖြောင့်ဖြူးသာယာစွာနဲ့ လျှောက်လှမ်းနိုင်ကြပါစေ

Post a Comment