ဝေးကြရတယ်ဆိုတာ…


















အလွမ်းတွေ…
မွန်းကျပ် ပိတ်လှောင်နေအောင် အကျဉ်းကျနေတယ်…
ဘယ်လောက်ထိ
ကျမ တို့ စိတ်သဘောထားတွေ ဝေးကွာနေဦးမှာလဲ..
နားလည်ကြည့်စမ်းပါ…
ကျမ အတ္တတွေဟာ…ဘယ်သူ့ အတွက်လဲ…လို့ 
ကျမ ချစ်ခြင်းမေတ္တာတွေ…
ကျမ သောကတွေ….
ကျမ ၀မ်းနည်းခြင်းတွေ….မျက်ရည်တွေ…
ပြီးတော့..ပြီးတော့…
ကျမ ဘ၀တခုလုံးရဲ့ အနာဂတ်တွေ…
ဒါတွေ အားလုံး
ကျမ ဘယ်သူ့ အတွက်ပုံအပ်ခဲ့ဖူးသလဲ…
ကြာပြီ…
ကျမတို့ ရင်ချင်းနီးစပ်တယ်လို့ …အတွေးစိတ်ကူးခြင်းထပ်တူကျတယ်လို့ 
ကျမဘယ်တုန်းကမှ မခံစားမိခဲ့ရဘူး…
စက်ရုပ်မ တယောက်ကို ပိုင်ဆိုင်ချင်ခဲ့ဖူးပြီးမှ
“ မင်းနှလုံးသားမရှိဘူး “ ဆိုတဲ့စကား..
ရှင် မငြီးတွားနဲ့ လေ….
ကျမ က…ကိုယ့်စိတ်ကိုမနည်းပြေးလိုက်နေရတဲ့
သာမာန် အကျယ်ချုပ်မိန်းမ တယောက်…
အင်းလေ…
ဝေးကြရတယ်ဆိုတာ…သူလိုကိုယ်လိုပါပဲ….
ဝေးနေရတယ်ဆိုတာ …သူလိုကိုယ်လိုပါပဲ…
ဘ၀ မှာရုန်းကန်ဖေါက်ထွက်နေရခြင်းကမှ…ပိုအဓိပါယ်ရှိသတဲ့…
ကျမ ဘ၀ကတော့ ပျော်ရာမှာတခါ မှ မရှင်သန်ခဲ့ရဖူးဘူး…
တခါတလေ တော့… အဓိပါယ်မဲ့ကြည့်ချင်တယ်…
……………………………………………………………..
………………………………………………………………
အလွမ်းတွေ…
မွန်းကျပ် ပိတ်လှောင်နေအောင် အကျဉ်းကျနေတယ်…
အင်းလေ…
ဝေးကြရတယ်ဆိုတာ…သူလိုကိုယ်လိုပါပဲ….
တခုပဲ…တခုပဲ…
ရင်ဘတ်ချင်း ဝေးနေကြသေးတာ တခုပဲ…..
ဘ၀ တခုလုံးအတွက်…….
………………………………………
ထိထိခိုက်ခိုက် ခံစားကြည့်မိတယ်…။ ။


7 Comments:

  1. ပလူးတာရဲ့အရူးလွယ်အိတ် said...
    မဝေးတော့ပါဘူး....
    ဂျပန်ကောင်လေး said...
း( ဝေးရတာမကောင်းဘူး.. အရမ်းခံစားရတယ်
    မိုးခါး said...
    ရင်ဘတ်ချင်း နီးစပ်ပါစေ နွေးရေ
    အမြန်ဆုံး ..
    အဆိပ်ခွက် said...
    လာရောက်ခံစားသွားပါတယ်ဗျ..... နီးရမှပါ မကြာခင်ပေါ့...

    ခင်မင်လျှက်
    အဆိပ်ခွက်
    စိတ်စမ်းရေ said...
    ဝေးကွာခြင်းတွေ ကင်းဝေးပါစေဗျာ..
    Anonymous said...
    ရင်ဘတ်ချင်း အမြန်နီးနိုင်ပါစေ။ ပျော်ပျော်ရွှင်ရွှင် ကြည်နူး ပါစေ ညီမလေး..။ :D
    ko said...
    ကျမ ဘ၀ကတော့ ပျော်ရာမှာတခါ မှ မရှင်သန်ခဲ့ရဖူးဘူး…
    တခါတလေ တော့… အဓိပါယ်မဲ့ကြည့်ချင်တယ်…
    ကိုယ်ချင်းစာမိပါတယ်

    ကို

Post a Comment