စိတ်ဓါတ်










အကောင်းဆုံးတွေကိုမြင်အောင်ကြည့်ရင်း
အဆိုးဆုံးကိုရင်ဆိုင်ဖို့ ရှင်သန်တယ်..

ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း
ချစ်ခြင်း နဲ့ မုန်းခြင်း
လောကမှာဖြတ်သန်းနေသရွှေ့ 
ဘယ်သူမှဒီအစွန်း နှစ်ဖက်က
မလွတ်နိုင်ဘူး

ကိုယ်ရည်သွေးဖို့ ဘယ်လူတကာကိုမှ
ငါ ပခုံးနဲ့ တိုက်မထုတ်ခဲ့ဘူး
အဲ့ဒီအတွက် ငါ့လိပ်ပြာငါသန့် တယ်

မြေနိမ့် နေသေးသရွှေ့ တော့
ရောက်လာဦးမယ့် လှံတွေအတွက်
ငါခံနိုင်ရည် မွေးထားဦးမယ်
ဒါကို ကံကြမ္မာ နဲ့ မယိုးပါဘူး
သဘာဝ တရားတခုပဲ

မင်းတို့ ကောင်းဖို့ အတွက် ငါ့ပေါ်ဆိုးပါ..ရတယ်
ငါကောင်းလာတဲ့ အချိန်ကိုတော့
ငါမဆိုးဖို့ ပဲ အာရုံစိုက်တယ်
ငါ ကဒီ တကမ္ဘာအတွက် ပဲ
အကြွေးကျေစေမယ့်သူ

ပြုံးနေသမျှက မင်းကြောင့်ဖြစ်ပြီး
ရှုံးနေ သမျှက ငါ့ကြောင့်သာဖြစ်သတဲ့
ထားပါ…
အမှန်တရားဆိုတာ လူကတွက်လို့ ရတဲ့ပုစ္စာမဟုတ်ဘူး

မင်းသိထားဖို့ က
ငါဟာ ၉၉ မှာသတိလက်လွတ်ဖြစ်သွားခဲ့ရင်တောင်
အမြဲ ၁ ကပြန် စ’ နေဦးမယ့် မိန်းမ
စိတ်ချ
အဲ့ဒီ စိတ်နဲ့ ပဲ
မသေမချင်းရှင်သန်နေ ဦးမှာ….။ ။

6 Comments:

  1. စိတ်စမ်းရေ said...
    ပြုံးနေသမျှက မင်းကြောင့်ဖြစ်ပြီး
    ရှုံးနေ သမျှက ငါ့ကြောင့်သာဖြစ်သတဲ့

    အဲဒီစာသားလေးကို သိပ်သဘောကျတာပဲ...။
    Anonymous said...
    ကဗျာလေးက အရမ်းကောင်းတယ်။
    ကဗျာတပိုဒ်လုံး ကဗျာရေးသူရဲ့ ခံစားချက်
    ရသကို ပေါ်လွင်စေပါတယ်။
    အားပေးနေမယ်နော်။
    Anonymous said...
    ကဗျာလေးက အရမ်းကောင်းတယ်။
    ကဗျာတပိုဒ်လုံး ကဗျာရေးသူရဲ့ ခံစားချက်
    ရသကို ပေါ်လွင်စေပါတယ်။
    အားပေးနေမယ်နော်။
    Anonymous said...
    မင်းတို့ ကောင်းဖို့ အတွက် ငါ့ပေါ်ဆိုးပါ..ရတယ်
    ငါကောင်းလာတဲ့ အချိန်ကိုတော့
    ငါမဆိုးဖို့ ပဲ အာရုံစိုက်တယ်
    ငါ ကဒီ တကမ္ဘာအတွက် ပဲ
    အကြွေးကျေစေမယ့်သူ
    ဖတ်ရင်းနဲ့ ကြက်သီးတောင်ထတယ် ။ မာန်အပြည့်နဲ့ ရဲရင့်တဲ့ ကဗျာလေး တစ်ပုဒ်ဖတ်လိုက်ရတာပဲ ။ ကြိုက်တယ်
    မိုးခါး said...
    ဟုတ်တာပေါ့
    ဘယ်နားမှာသတိလက်လွတ်ဖြစ်ဖြစ် ကိုယ့်မှာ ပြန်စပိုင်ခွင့်ရှိနေဦးမှာပဲ
    mgnge said...
    တော်တော်ပြောင်မြောက်တဲ့စာသားတွေ ပဲ...။
    ဒီကဗျာရေးတဲ့အချိန် ရင်ထဲ ဒေါသ နည်းနည်း တော့ ရှိမယ်ထင်တယ်

Post a Comment