ချစ်သူ










ခေတ်အဆက်ဆက်က ပိုက်စိတ်တိုက်ထားတဲ့စကားလုံးတွေ….
ဝေေ၀ဆာဆာ မသုံးတတ်ပါဘူး….
ကျမ သူ့ ကိုရိုးရိုးလေးပဲ..ချစ်ခဲ့တယ်…

မာယာတွေမပါဘူး…ပလီပလာတွေမပါဘူး
ရေစက်ပါလို့ ခင်တွယ်မိတဲ့ မေတ္တာမျိုးနဲ့ 
ရှင်းရှင်းသန့် သန့် ပျိုးတယ်…

သူဟာကျမ အတွက် အလှတရားတခုလဲဖြစ်ရဲ့ 
သူသာအနားမှာရှိရင် ကျမနားသယ်စပ်နားကဖြတ်သွားတဲ့
လေပြေလေးကအစ လှတယ်…

ကမ်းမမြင် လမ်းမမြင်ဘ၀လမ်းထဲ
စမ်းတ၀ါးဝါး တိုးဝင်နေတဲ့ ကျမအတွက်တော့
လှည့်ကြည့်မိရင်အရိပ်တပါး
သူဟာအင်အားလဲဖြစ်ရဲ့ …

လောကထဲမှာ ရှင်သန်ရွှေ့ ရှားနေတဲ့ လူသန်းပေါင်းများစွာရှိတယ်
ဒါပေမယ့် ကျမရဲ့ သူကတော့ “တဦးတယောက်”သာလျှင်ဖြစ်ရဲ့ 
သူ့ အတွက်ဆိုကျမက ရေအလျှင်သာဖြစ်နေပြန်တယ်…
အကွေ့ အကောက်အတားအဆီး
ဘယ်လို ခရီးမျိုးမှာမဆို ဖြတ်သန်းစီးဆင်း နေဖြစ်ဦးမယ်…..။ ။

4 Comments:

  1. ပလူးတာရဲ့အရူးလွယ်အိတ် said...
    ကမ်းမမြင် လမ်းမမြင်ဘ၀လမ်းထဲ
    စမ်းတ၀ါးဝါး တိုးဝင်နေတဲ့ ကျမအတွက်တော့
    လှည့်ကြည့်မိရင်အရိပ်တပါး
    သူဟာအင်အားလဲဖြစ်ရဲ့ …


    really????
    Thank u so much
    flowerworld said...
    ကဗျာလေး ခံစားထား ခံယူထားတာ မိုက်တယ်
    ဘယ်လိုရေးရေး စိတ်မဆိုးဘူးဆိုလို့ အာဝါးးးးးးးးးးး ဇွတ်ပေးသွားတယ် ဟတ်ဟတ်
    မိုးခါး said...
    မိုက်တယ် နွေးရေ
    အရမ်းကြိုက်တယ်း)
    စိတ်စမ်းရေ said...
    ရေးတက်တယ်နော်...နုနုလေးတွေ ရေးထားတာ......

Post a Comment