" အလင်းပြတိုက် "...



လက်တန်းချရေးလိုက်တဲ့ အဲ့ဒီကဗျာမှာ...
သိက္ခာတွေ မာနတွေနဲ့ 
ပူလောင်စွာ...
မျက်ဝန်းတစုံရဲ့ လှည့်စားမှုမှာ ..
မှားယွင်းစွာ...
ပြီးတော့ ၀မ်းနည်းစွာ...

ဒီလိုနဲ့ ...

ငါ မလင်းလက်နိုင်တော့တာ ကြာခဲ့ပါပြီ...

ကံကောင်းထောက်မ စွာ...
ကြယ်ပွင့်လေးတခုကို ဖမ်းယူဆုပ်ကိုင်ရင်း...
လောကအပြင်ဆီ..ငါလိုက်ခဲ့ဖြစ်တယ်...

ဟိုးအတိတ်ကောင်းကင်ပြင်မှာတော့...
ငါ့အလင်းပြတိုက်ကလေးဟာ...
မာနခိုးတွေတလက်လက်ထရင်း...
လင်းလို့ ချင်းလို့ ကျန်ရစ်ခဲ့လေရဲ့ ....။  ။

;;