ရင့်ကျက်မှုတွေကိုသာ စောစောစီးစီးသင်ကြားတတ်မြောက်ခဲ့ရင်...
ဒီဇာတ်ကွက်လောက်နဲ့ ...
ဒီလောက် ငါ ဇာတ်နာတတ်ခဲ့မယ် မထင်ဘူး...
ငါမျက်စိရှေ့က ငါမသိတဲ့သူတယောက်ရယ်...
မင်းမျက်ဝန်းထဲက ငါနားမလည်တဲ့ အမှန်တရားတခုရယ်...

ငါ နင့်ကို မုန်းရကောင်းမှန်းမသိသေးခင်ကတည်းက ...
နင် ငါ့ကို မုန်းစေချင်မိတယ်....
နင်မရှိတော့ဘူး ဆိုတာငါသိတယ်...
နင်ရှိနေဖို့  ငါမမျှော်လင့်ခဲ့ဘူး ဆိုတာလဲ နင်သိနေပါတယ်...

ငါအိပ်လို့ ပျော်မသွားခင်... (တနည်း) ငါပျော်အောင် အိပ်မသွားခင်...
နင့်အသံကြားပါရစေ...
ဘယ်အရာတွေက တို့ တွေအတွက်လွယ်ကူပါ့မလဲ...
နင်မရှိတဲ့ငါ့ဘ၀နဲ့ ..... ငါမရှိတဲ့ နင့်ဘ၀တွေထဲ...
ငါထင်တယ်…
သံယောဇဉ်ဆိုတာ အထားအသိုခက်…
အ၀င်အထွက်မလွယ်…အင်မတန် မျက်စိနောက်စရာကောင်းတဲ့ ...
ဖြစ်ပျက်သဘောတရားတခုပဲ...

ကိုယ်လိုအပ်နေတဲ့ အချစ်တခုကို အပိုဖြစ်နေတဲ့ အချစ်တခုနဲ့ ...
ပလာစတာကပ်သလို အစားထိုးလို့ ရတယ်တဲ့လား...
သွားစမ်းပါ...
မင်းမျက်ဝန်းထဲက အမှန်တရားတွေ...က ..
အရှိတရားကို ဖုံးကွယ်လို့ မှမရတော့တာ...

ဘာလိုလိုနဲ့ ငါ့ခုနှစ်တစ်ခု ကုန်တော့မယ်...
မဖွေရှာပဲ တွေ့ ရှိခဲ့တဲ့ အသိဥာဏ်တွေကြား..
လောကကြီးမှာ ငါ့အတွက်မဟုတ်တာတွေ သိပ်များကြောင်း...
ဘာသာ နားလည်တတ်ခဲ့...

ရုတ်တရက်... ငါလက်ဖ၀ါးလေးဖြန့် ကြည့်မိတယ်...
နင့်ရင်ဘတ်ထဲက ကျပျောက်ခဲ့တဲ့ အက္ခရာ တလုံးတလေများ ...
ငါ့လက်ဖ၀ါးလေးထဲ ကျန်ရစ်နေဦးမလားလို့ ပေါ့... ။  ။

;;