'လ နဲ့ ကြာ'










တကယ်တော့ အချစ်ဆိုတာ ချစ်ပြနေ ဖို့ မလိုပါဘူး..
ချစ်တတ်နေဖို့ သာ လိုတာပါ…
ငါ ဟာ နေ တစင်းလို ထွန်းလင်းတောက်ပ နေချင်ခဲ့ပေမယ့်
နင်နဲ့ သာဆို နေ နဲ့ လ မဖြစ်ချင်ပါဘူး
ကိုယ်ပိုင် အလင်းရောင် ကိုယ်စီပေမယ့်
နေ့ နဲ့ ည ရှိနေ သရွှေ့ 
တယောက်မျက်နှာ တယောက်ငေး ခွင့်မရှိတဲ့ ဘ၀မျိုးနဲ့ …။
အခုလို အေးမြတဲ့ မေတ္တာ ရိပ်နှင့်
နင် သာငါ့အနား တဖ၀ါးမကွာ
စောင့်ရှောက်နေဦး မယ်ဆိုရင်တော့
တင့်တယ်တဲ့ အပြုံး ၊ ရွှင်ပြုံးတဲ့ မျက်နှာနဲ့ 
ငါ ဟာ နင့်အတွက် ကြည်ပြာရောင် ကြာတစ်ပွင့် အဖြစ် ခံယူချင်ရဲ့ …
ငါ့ အတွက် အဆင်မသင့် ရင်တောင်
ထာဝစဉ် လိုက်ဖက်ညီမယ့် ဘ၀ မျိုးနဲ့ 
ငါတို့ နှစ်ဦး …..
'လ နဲ့ ကြာ' ပဲ ဖြစ်ကြ ရအောင်ပါ……။

8 Comments:

  1. ကဗျာမလေး said...
    လရောင်ရှိမှ ပွင့်ရတဲ့ ပန်းဘဝ
    တစ်ယောက်မရှိရင် မဖြစ်တဲ့
    ချစ်တတ်သူတို့ဘဝ
    ကြည်နူးစရာပါပဲ...။
    မိုးခါး said...
း) လနဲ့ကြာဖြစ်တာပဲကောင်းပါတယ် ..း)
    Anonymous said...
    နင်နဲ့ သာဆို နေ နဲ့ လ မဖြစ်ချင်ပါဘူး
    ကိုယ်ပိုင် အလင်းရောင် ကိုယ်စီပေမယ့်
    နေ့ နဲ့ ည ရှိနေ သရွှေ့ 
    တယောက်မျက်နှာ တယောက်ငေး ခွင့်မရှိတဲ့ ဘ၀မျိုးနဲ့ …။
    ကောင်းလိုက်တဲ့ စကာလုံးလေတွေ ..........
    Welcome said...
    တင်စားချက်လေးတွေ အံ့မခန်းပါပဲ။
    ချစ်သူအပေါ် ဖွင့်ဟချက်လေးတွေ
    နှစ်သက်တယ်။
    ပြီးပြည့်စုံတဲ့ စုံတွဲလေး ဖြစ်ပါစေ ..

    အားပေးလျက်
    Phyo Maw said...
    လ နဲ့ ကြယ်...
    စဉ်းစားစရာပဲ။ :D
    Unknown said...
    i like this poem.very nice.
    Anonymous said...
    လ နဲ့ ကြာ ကဗျာလေး နူးညံ့သိမ်မွေ့ လှပတယ်။ ကဗျာလေးမှာ ထုတ်ဖော်ထားတဲ့ ဆန္ဒအတိုင်း ချစ်တဲ့သူနဲ့ ထာဝစဉ် ခိုင်မာလက်တွဲ ပျော်ရွှင်နိုင်ပါစေ။
    Anonymous said...
    မမ ကဗျာလေးအရမ်းကြိုက်တယ်။

Post a Comment