*မြစမ်းမျက်ရည် ကဗျာ...










ကျမ ရင်ထဲက လှိုက်လှိုက်လှဲလှဲ နှစ်သက်မိတဲ့ ကဗျာလေး တစ်ပိုဒ်ပါ...
ကူးယူဖေါ်ပြတယ် ဆိုပေမယ့် သူငယ်ချင်းတွေကို ကျမ လွမ်းမိသလို မျှဝေခံစားစေချင်တဲ့ စိတ် အခံလေးနဲ့ မို့ ....
အခုလို ဆားချက်မိတာကို နားလည်ပေးကြပါလို့ ...


*မြစမ်းမျက်ရည်
တင်မိုး

ကိုယ့်နေရာ
သာယာသည် ဖြစ်စေ
နုံချာသည် ဖြစ်စေ
ကိုယ့်ရွာ ကိုယ့်ရပ်၊ မိခင်မြတ်တည့်။

မည်မျှ ကြီးမြင့်၊ မည်မျှ တင့်လည်း
မပွင့် နေခြည်၊ အုံ့မှိုင်းသည်သို့
မကြည်မွေ့ချေ၊ သူ့ရပ်မြေတည့်။

သူတို့ စကား၊ သူတို့ကြား၌
ပျားသို့ မချို၊ မှိုသို့ မလန်း၊ ပန်းသို့ မရွှင်
ကိုယ့်မိခင်ကို၊ တမြင်မြင်တမ်း၊ အစဉ်လွမ်းခဲ့။

ရေချမ်းစင်က၊ ရေကြည်မြကို
သောက်ရပေဖူး၊ သူ့ကျေးဇူးကို
အထူးသိလည်း၊ ဇာတိလွမ်းနာ၊ မဖြေသာခဲ့။

သူ့မြေမှာမူ
သာယာဘိခြင်း၊ သင်းပါဘိတောင်း
ကောင်းပါဘိတကား၊ အသိသားပင်
တရားလက်ကိုင်၊ ဆင်ခြင်နိုင်လည်း
မခိုင်စိတ်ဝမ်း၊ နေ့တိုင်းလွမ်းသည်
မြစမ်းမျက်ရည် စိမ့်စိမ့်တည်း။ ။

(၁၁၊ ၅၊ ၂၀၀၁)

3 Comments:

  1. မိုးခါး said...
    အေးကွာ .. နာလည်းလွမ်းသွားတယ် ..........
    မသက်ဇင် said...
    လွမ်းသွားတယ်--
    အစစအရာရာအဆင်ပြေပါစေ---
    Anonymous said...
    ညီမလေး တကယ်ကောင်းတဲ့ ပို့လေးပါပဲ ခပ်လွမ်းလွမ်းလေးပဲနော် ။ ငါညီမလေးရေးလိုက်ရင်
    ခုတလော အလွမ်းတွေချည်းပဲ ...........

Post a Comment