ကိုယ်ပိုင်မွေးနေ့ 
ImageChef.com Poetry Blender
ဒီနေ့ ကျမ မွေးနေ့ ပေါ့.. မြန်မာသက္ကရာဇ် ၁၃၄၈ တပေါင်းလပြည့် ၁၅ ရက် ( ခရစ်နှစ် ၁၉၈၇ မတ်လ ၁၄ရက်)
အဲ့ဒီနေ့ မှာ အမေ့အတွက် ဘယ်လိုနာကျင်မှုမျိုးတွေ သယ်ဆောင်ပြီး ဒီလောကထဲ အလည်ရောက်လာခဲ့သလဲ
ကျမ မမှတ်မိတော့ပါဘူး…
ကျမ အတွက်တစ်နှစ်တစ် မျိုးတဖုံ စီနှင့် ရသစုံမွေးနေ့ ပေါင်း များ နှင့် ကြုံခဲ့ရတာ ၂၂ ကြိမ်တိုင်ခဲ့ပြီ…
ဒီနေ့ မှာခြေစုံရပ် ပြီးနောက်ကိုပြန်လှည့် ကြည့်မိတော့…ကျမ့ ဖေဖေ နဲ့ မတွေ့ ဖြစ်တာ ၇ နှစ်လောက်ရှိပြီး မေမေ နဲ့ လည်းတွေ့ ခွင့်မရတာလဲ ၄နှစ်ကျော်လောက် ကြာခဲ့ပြီ…
ဘ၀ထဲကို ကျမ ကိုယ်ကျမခြေစုံပစ်ဝင်ခဲ့ရတာလဲ ၄နှစ်ကျော်လောက်ရှိပြီဆို မှတော့…
ကျမ ၁၈နှစ်ပြည့်မွေးနေ့ မရောက်ခင်နှစ်လမှာပဲ မေမေ ခြေအစုံရှေ့ ကျမ
လက်စုံမိုးခွင့်မရတော့ တာဒီနေ့ ထိဆိုပါတော့…
ကျမဟာ ပေပေတေတေ စနေသမီးတယောက်ပေါ့…မရဏဖွားပီပီ အိမ်ကိုဘယ်လောက်ဒုက္ခပေးဖူးသလဲ
မမှတ်မိတော့… အခုတော့ ဆောင်းရာသီကို ပိုင်ဆိုင်ခွင့်မရတဲ့ကျမ....နွေရာသီ နှင့်မိုးရာသီတိုင်း
ကျမ မေမေ့ကို ထိထိရှရှလွမ်းတယ်…
တစုံတခု ကိုလက်ဆုပ်လက်ကိုင် ရရှိချိန်တိုင်း တစုံတရာကို နင့်နင့်နဲနဲ ပေးဆပ်ခဲ့ရတာ…
အဲ့ဒီလောက ဓမ္မတာနဲ့ ကျမ အချိန် တော်တော် ကြာကြာ ကျင့်သားမရခဲ့ဘူး…
ဒီသင်္ခန်းစာကို ကျေ ညက်မိချိန်များ..အပေးနဲ့ အယူပဲ ကျမ နှုတ်ဖျားမှာထားတတ်တော့
ကျမ ရဲ့ အစစ်မဟုတ်တဲ့ အချစ်တွေက ပစ်ပစ်နှစ်နှစ် ရှုံ့ ချတယ်…
ကျမ ကိုယ်ကျမ မေမေ့သမီးလို့ ဟစ်ကြွေးမိခဲ့ပေမယ့် အန္ဓလောကရဲ့ အတ္တတွေကြား ကျမ
မေ့မေ့လောက် သတ္တိမကောင်း နိုင်ခဲ့ပါဘူး…
ကျမ အမှားမကင်းခဲ့ပါ… အတ္တရဲ့ အထားအသိုလွဲ ခဲ့ချိန်များကျမ ကိုယ်ကျမ ခါးသီးခဲ့ရတယ်…
ဖြတ်သန်းခဲ့သမျှ အချိန်တွေ အကြားဆောင်းတစ်ရာသီ စာလောက် ကျမ လမ်းပျောက်နေခဲ့တယ်…
ကျမ အတွက်ကတော့ လမ်းပြကြယ်ကို တ’ ခွင့်မသာပါဘူး… ကျမ ခြေထောက်တွေ လမ်းများများ
လျှောက်နိုင်ဖို့ ကိုပဲဆုတောင်းနေခဲ့ရ တာပါ…
ကုန်လွန်ဖြတ်သန်းခဲ့ တဲ့အချိန်တွေဟာ အဓိပါယ် မဲ့ခဲ့ရင် ပြန်ပြောရင် ရယ်စရာတစ်ခုပါပဲ…
ဘာဆိုဘာမှ ဂဃနဏ မသိတဲ့ အချစ်အတွက် လဲကျမ ကတော့ တစ်ခါနှစ်ခါ သူရဲကောင်းလုပ်ခဲ့ဖူးတယ်…
နွေရာသီတွေ ဆောင်းရာသီတွေ မိုးရာသီတွေ ကျမ ရှေ့က မကြာခဏ ဖြတ်ဖြတ်လျှောက်သွားကြ
ကျမ မှာတော့ တခါတလေ ဟန်ဆောင်ပန်ဆောင်တောင် လက်မပြ နိုင်အားဘူး… စပရိန် မျက်နှာတွေ အကြား
ပါးတွေငြောင်းလောက်အောင်သွားဖြီးထားရ…ဒီလိုဘ၀ မျိုးနဲ့ ပဲ ဘ၀ အဓိပါယ်တွေ မှုန်ဝါးနေရ…ဒီကြားထဲ…
ဒီလိုနဲ့ ပဲ မဖွေရှာ မိသော အချစ်တခု ကျမဆီရောက်ရှိခဲ့… နေရောင်အောက်မှာလားးး..လ ရောင်အောက်မှာလားးး…
ကျမ မမှတ်မိခဲ့…. ထုံထိုင်းနေသော အတွေးစ များနှင့် နွေအိပ်မက် တခု ထပ်မက်မိခဲ့…
ကောင်းကင်တခု လွှင့်တင်လိုက်သလို တမျှော်တခေါ် မျှော်လင့်မိ ခဲ့သော်လည်း…. ထို အပြာရောင်သည် မဖြူစင်ခဲ့ပြန်ပါ…..
သက္ကရာဇ် တစ်ခုပြီးတစ်ခု ရွှေ့ ရှားသွားသည်နှင့် အမျှ ကျမ ၏ မျှော်လင့်တတ်မှု များသာ ပါးရှားလာခဲ့ သည်….
ကျမ သည် မျှော်လင့်ချက် မမဲ့သော်လည်းးး… ဆန္နတချို့ တလေမျှ မဖန်တီးမိတော့….ကံကိုယုံ၍ ဆူးပုံ မနင်းဖြစ်သလို …
အရိပ် အလာကိုလဲ နေပူထဲမှစောင့်၍ မနေနိုင်သဖြင့် သာမာန်ရပ်တည်မှု တခုအတွက် လှောင်ချိုင့်တစ်ခု အတွင်း ဘ၀အချိန်တချို့ ကို
ချိုးဖဲ့ပစ်သွင်း ထားမိသော မိန်းမငယ်တစ်ဦးသာဖြစ်ခဲ့ပါသည်…
တခါတရံ တော့ ကျမသည် လူအများဘောင်သွင်းထားသော ယဉ်ကျေးမှုဆိုသောအရာ ကို အမှုမဲ့တတ်သော
မိန်းမတယောက်ဖြစ် နေတတ်၍
တခါတရံ တော့ ကျမသည် ကျင့်ဝတ် တစ်ချို့ နှင့် အားပါးတရ ယဉ်ပါးနေတတ်သောမိန်းမ တယောက်ဖြစ်နေပြန်ပါသည်…
တခါတရံ တော့ လူအချို့ သည် ကျမအားခေါင်းခါ တတ်ကြ၍ တခါတရံတော့ ထိုသူများသည်ပင်လျှင် ကျမ အတွက်
ခေါင်ငြိမ့်တတ်ကြပြန်ပါသည်….
ထိုလူများကို ‘လောက’ဟုခေါ်ကြ၍ ထိုအပြုအမူ ကိုပင် ‘သဘာဝ’ဟုတွင်ကြလေသည်… ကျမ ဂဃနဏ မကျေညက်သောသင်္ခန်းစာဖြစ်လာပြန်သည်
မည်သို့ ပင်ဆိုစေ… ကျမ ရှင်သန်ဖြတ်သန်းခွင့်ရှိသော သက္ကရာဇ် တခုကတော့မှုန်ဝါးသွားပြန်ပါသည်….
ကျမ၏ရပ်တည်မှု များကတော့ မမှုန်ဝါးသလို ပြတ်လဲမပြတ်သား နိုင်ခဲ့ ပြန်ပါ…
ဘာပဲဖြစ်ဖြစ် ဒီနေ့ သည် ကျမပိုင်ဆိုင်သောမွေးနေ့ တစ်ရက်ဖြစ်ပါသည်...
အသက်တနှစ်ကြီးပြင်းလာသည်မှလွဲ၍ ကျမကိုယ်ကျမ မရင့်ကျက်နိုင်သေးသော
မိန်းမငယ် တယောက်အဖြစ် ခပ်ကျဲကျဲ ဝေဖန်မိပါသည်….။ ။
11 Comments:
  1. Anonymous said...
    ပျော်ရွှင်ပါစေ မနွေးနွေး ... M.O.W.A က တစ်ဆင့် လာလည်သွားပါတယ်။
    သီဟသစ် said...
    Happy Birthday ပါနွေးနွေးရေ
    မိုးခါးဆီက တဆင့်တွေ့လို့ ၀င်လာလည်ပြီး
    ဆုတောင်းပေးသွားပါတယ်
    မိုးခါး said...
    နွေးရေ .. ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေး) ကံကောင်းခြင်းတွေရောက်ရှိပါစေး)
    Anonymous said...
    Many happy returns to you, sis. We've been through everything on our way till now. You'll be better person with time. Hopefully you might have happy moments ahead.
    Welcome said...
    မွေးနေ့မှာ ပျော်ရွှင်စေဖို့ ဆုမွန်ကောင်း
    တောင်းလိုက်ပါတယ်။
    မွေးနေ့ကစပြီး လိုရာပန်းတိုင်ဆီကို
    ဘ၀နဲ့ဆန္ဒတစ်ထပ်တည်းကျနိုင်ပါစေလို့ ..
    ဆန္ဒပြုလိုက်ပါတယ်။
    Admin said...
    ညီမလေး ..နွေး
    စကားလုံးရှာမရလို့..စဉ်းစားနေလို့...ခုမှ မဲင့် ...
    (မဟုတ်ပါဘူးနော်...စတာ)..ခုမှ ဒီအထဲ ပြန်ရောက်ဖြစ်လို့...ခုမှ ဒီပို့စ်လေးကို တွေ့ ရင်း...
    ဖတ်ရင်း...
    တွေးမိရင်း...
    စဉ်းစားမိရင်း....
    တမျိုးတဖုံဖြစ်သွားရင်း.....
    ညီမလေး နွေးအတွက်....ညီမလေးပြောထားတဲ့ ဝမ်းနည်းစရာအဖြစ်အပျက်များအား ချန်ထားရင်း.......
    ဘာပဲဖြစ်ဖြစ်...ညီမလေး နွေး ..ဖြတ်သန်းသွားနိုင်ခဲ့ပြီဖြစ်တဲ့...နှစ်သက္ကရာဇ်တစ်ခုအတွက် ...ဂုဏ်ယူရင်း ....
    ...ညီမလေးအနားမှာ တပေါင်းတစည်းတည်း ...အတူတူရှိနေမဲ့.... ညီမလေးကိုချစ်သောသူများထဲမှာ ..အပါအဝင်ဖြစ်နေမဲ့....အစ်ကိုကြီး
    :-)
    Anonymous said...
    This comment has been removed by the author.
    Anonymous said...
    မွေး နေ့ရှင်လေး ပျော်ရွှင်ပါစေ
    မွေးနေ့မှာသည် နောင်နှစ်ပေါင်းများစွာပျော်ရွှင်ပါစေ
    အမေ ချစ်သောသမီးရတနာလေးဖြစ်ပါစေ
    လို့ ဆုမွန်ကောင်းပါးပါတယ်
    နွေးနေခြည် said...
    မွေးနေ့လာတာ နောက်ကျသွားတယ်
    နွေးရေ နွေးထွေးတဲ့မေတ္တာတွေနဲ့ ပျော်ရွှင်နိုင်ပါစေနော်...
    (ကိုယ့်နာမည်ကိုယ်ပြန်ခေါ်ရတာ တမျိုးကြီး..ဟီးးးး )
    နွေးရေ မွေးနေ့ဆုတောင်းလေးအရမ်းနောက်ကျသွားတယ်
    ချောတီးနော် :P မွေးနေ့မှသည် နောက်နှစ်ပေါင်းများစွာ
    ပျော်ရွှင်ခြင်းတွေနဲ့အတူဘ၀ခရီးကိုလျှောက်လမ်းနိုင်ပါစေနော်
    Anonymous said...
    ရင့်ကျက်တဲ့ အတွေးစာသားများတွေ အတွက် ကျေးဇူးတင်တယ်။ ဘာပဲဖြစ်ဖြစ် အဆင်ပြေချမ်းမြေ့နိုင် ပါစေ။
Post a Comment