“ချစ်ခြင်း၏ အချိုးအကွေ့ များ”












“နာကျင်စေ တတ်ပါသလားးး...???
ဒီ အချစ်ဆိုတဲ့ အရာ ဘ၀ထဲ ထားစေ ခဲ့မိသမျှ...။
ကျေးဇူးပြု ၍ တစ်ဦးတလေ မျှ...ကျမအား
လိမ်၍ ဖြေ ပေးကြ ပါ...။
ကျမ သည် ဟန်ဆောင်ကောင်းတာမှန်ပါသော်လည်းးး
တူ တချောင်း၊ ပေတစ်ရွက် မဟုတ်သဖြင့်
တခါတလေ... တော့လည်း
နာကျင်တတ်ခဲ့ ပါသည်...။
အချစ် သည် အချစ်ဖြစ်၍
ဘ၀ သည် ဘ၀ ဖြစ်ပါသည်...
ထို့ ကြောင့်
အချစ်နှင့်ဘ၀ ကြား ကျမ နှစ်ခါ မခါးးလိုတော့ပါ....။
ကျမ သည် ညီမျှခြင်းတစ်ခု ကို ထာဝစဉ် ဖွေရှာနေတတ်သော
သာမာန် အတ္တ ကြီးသောမိန်းမ တစ်ယောက်ဖြစ်ပါသည်...။
နေသည် အရှေ့ အရပ်မှ ထွက်၍ အနောက်အရပ်သို့ 
ဝင်နေသရွှေ့ ...
ဘ၀ အဓိပါယ် တခုခု အား ကျမ ဖွေရှာနေဦးမည်...
ဘ၀ တစ်ခုအား စိတ်ဓါတ် တခုတည်းဖြင့်သာ
ထိန်းချုပ်နိုင်ပါလိမ့်မည်....
ထိုစိတ်သည် အချစ် ဆိုသော စိတ်တစ်ခုတည်းလား..
(လုံးဝ) မဖြစ်နိုင်ပါ…. “

ဤနေရာ တွင် ကျမ ပေထိုင်နေ မိသည်မှာ ၃ နာရီ မျှ ရှိပြီ…
အေးစက်သော ရာသီဥတု သည် မနှစ်မြို့ ဖွယ် ဆွံ့ အ နေသည်…
မနက် ၂နာရီခွဲ ဆိုသောအချိန်သည် မိန်ကလေး တယောက်တည်း လမ်းမဘေးခုံ တစ်နေရာတွင်
ပေတေ ထိုင်နေသင့်သော အချိန် မဟုတ်မှန်း ကျမ အသိဥာဏ် တွင်သိနေ နိုင်ပါသည်…
( အထူးသဖြင့် ကိုယ့် နိုင်ငံ မဟုတ် သော နယ်မြေခြားတစ်ခုမှာ)
သို့ ပေမယ့် အခြေအနေ နဲ့ အချိန် အခါ အကြောင်းကို တွေးတောချင်စိတ် ကျမ မှာ ကင်းမဲ့နေသည်…
ပြင် ပလေထု၏ အေးစက်စက် အထိအတွေ့ ကြောင့် ကျမ တကိုယ်လုံး အေးခဲလာသည်…
သို့ သော် ကျမ ဒီနေရာ မှ မထဖြစ်သေးပါ… အေးစက်နေ သော ကျမ ခန္ဓာကိုယ် နှင့် အတူ…
သူ့ ကိုချစ်မိခဲ့သော ကျမ နှလုံးသားကို ပါအေးခဲ သွားစေချင်သည်…၊ သူ အနားမှာ ရှိချိန်တိုင်း
နွေးထွေးနေတတ်သော ဒီဘယ်ဘက် ရင်ဘတ် အောက် က နှလုံးသား ကို ကျမ အလို မရှိချင်တော့ပါ…။

အချစ်သည် ဆန်းကျယ်ပါသည်…၊ ဒါပေမယ့် ဘ၀ သည် ပို၍ ဆန်းကျယ်ခဲ့သည်…
ကျမ အိပ် မက် မ မက်တတ်ပါ…၊ ကျမ အတွက် ဘ၀ သည် လက်တွေ့ နှင့် သာ ထပ်တူ ရှိသင့်ပါသည်…။
သူ သည် ကျမ ၏ အိပ်မက် နတ်သား တစ်ပါး မဟုတ်ပါ… ကျမတို့ နှစ်ဦး၏ တွေ့ ဆုံ ပုံသည်လည်း မဆန်းကျယ်ခဲ့ သလို
ဒဏ္ဌာရီလဲ မဆန် ခဲ့ပါ… ၊ ပြောရ မည်ဆိုလျှင် မတော် တဆ ကြုံကြိုက်မှု သာဖြစ်ခဲ့ပါသည်…။

သို့ သော် သူ သည် ထူးဆန်းစွာပင် ကျမ အား နေ့ အိပ်မက် များကို မက်တတ်စေခဲ့သူ…ဖြစ်ပါသည်…
သူ နှင့်ဆုံတွေ့ မှု သည် ဘယ်ရာသီမှန်း ကျမ သေချာ မသိနိုင်ခဲ့ပါ…ကျမ အမိနိုင်ငံ မဟုတ်၍ အလုပ်လုပ်ရမည်
ဆိုသော အသိအခုမှလွဲ ၍ ရာသီဥတုအကြောင်းလည်း…ကျမ စိတ်မ၀င်စားခဲ့ပါ…
သူနှင့် ကျမ တွေ့ ဆုံချိန်မှ စ၍ အခု အတူရှိနေချိန် အထိ ကျမ တို့ နှစ်ယောက်၏
တူညီမှု များသည် လက်ချိုးရေလျှင် တောင် လက်တစ်ဖက် ပြည့်မည် မထင်ပေ…
သို့ သော် အချစ်သည် ကျမ တို့ နှစ်ဦးကြားရှိ တစ်ခုတည်းသော သေချာသည့် တူညီခြင်းတခု ဖြစ်လိမ့်မည်ထင်သည်…။
ကျမ မကြာခဏ သူ့ အားပြောဖူးသည်…
“ ငါတို့ နှစ်ယောက်ကြားမှာ အချစ်ဆိုတဲ့ အရာရှိနေလို့ သာပဲ..မဟုတ်ရင် ငါတို့ နှစ်ယောက် အတူ ရှိနေမယ့် မနက်ဖြန်
ဆိုတာ ရှိနိုင်မှာ မဟုတ်တော့ဘူး”
ကျမ ကို သူ စိတ်ဆိုးပါသည်…၊ ကျမ ပြောသော ထိုစကား၏ အဓိပါယ် မှာ သူ့ ကိုကျမ က ချစ်နေပါ၍ တော်သေးသည် ဟူသော
အဓိပါယ်သက်ရောက်၍ သူကတော့ ထိုစကားကိုပင်နားလည်တတ်သူ မဟုတ်ခဲ့ပါ…
စကားချိုချို မပြောတတ်ခဲ့သော လူကြမ်းမ အဖြစ် ကျမ ကိုယ်ကျမ ပဲ အပြစ်တင်ခဲ့ပါသည်…။

ကျမ စကားပြောတတ်ပါသည်… သို့ ပေမယ့် သွယ်ဝိုက် မပြောတတ်ပါ…လူအများ သုံးနှုံးနေသော
အဖြူထည်မုသား ဆိုသော စကားကို နားမလည်ခဲ့တာဖြစ်သည်… ဘယ်နေရာ မဆို စိတ်မြန်တတ်သော
ကြောင့်လဲ ဖြစ်နိုင်ပါသည်…။

အတွေးတွေ တစစီလိုက်ကောက်ရင်းကပင်… အာရုံ တက်စရှိတော့မည်…
ခြေသံ ဖွဖွ ကျမ နောက်ကျောဘက်ဆီမှ ကြားမိသည်…
သူ ကျမဆီပြန်လာနေပြီ… သူ့ မျက်ဝန်းမှ တဆင့် သူ့ နာကျဉ်းချက်တွေကို သိနေတတ်ခြင်း၊
သူ့ ခြေသံကို အလွတ်ရနေတတ်ခြင်းသည် ကျမ ၏ ရှုံးနိမ့်မှု တခုဖြစ်ပါသည်…။

ကျမ ဘေးနေရာလွတ်တွင် သူအေးဆေးစွာ (ကျမနှင့် မထိမိစေရန် သတိထား၍)၀င်ထိုင်ပါသည်…
ကျမ အနားကပ်လိုက်လျှင် သူ့ နာကျင်သွားနိုင်ပါသည်လား… ( ယောင်္ကျားတယောက်၏ ပြန်ချော့စဉ် မာန တစ်ခုဖြစ်ပေမည်)
“ အိမ်ပေါ် တက်ကြရအောင် မိုးတော်တော်ချုပ်နေပြီ… မကြီး မအိပ်ပဲစောင့်နေတယ်” တိုးတိုးဖွဖွ သူပြောပါသည်…
ကျမ မချိပြုံး ပြုံးလိုက်မိသည်…နေရာ က မထဖြစ်ပါ….
သူကျမ ကိုမကြာခဏပြောပါသည်
“ ကိုယ့်မှာ မင်းနဲ့ ပတ်သက်ရင် ဘာမာန ရှိတာမင်းတွေ့ ဖူးသလဲ “ တဲ့…
ဒါဆို အခုပြောတဲ့စကားက သူ့ မာန မဟုတ်ဘူးတဲ့လား… မဖြစ်နိုင်ပါ…
“ ကိုယ် မင်းကိုစိတ်ပူလို့ လာခေါ်တာပါ…ကိုယ်လဲအိပ်ပျော်ဘူး…အိမ်ပေါ်တက်ရအောင် “
လို့ များ..သူဘာလို့ ပြောမထွက် ရတာပါလိမ့်…
တကယ်တော့ ဒါသည် အမှန်တရားတခုသာဖြစ်ပါသည်…။

အခုတော့ ကျမ ၏ အရွဲ့ တိုက်ချင်သောစိတ်ကလေး က ဖြစ်လာသည်…
“ မအိပ်သေးဘူးလား…သွားအိပ်လေ.. ငါ မအိပ်ချင်သေးလို့  ဆက်ထိုင်နေဦးမယ် …မကြီးကိုပြောလိုက်
လာခဲ့မယ် စိတ်မပူနဲ့ လို့ ” …
သူ့ မျက်နှာတည်သွားပါသည်…ထို့ နောက် ကျမ လက်ကိုအတင်းဆွဲ ၍ ထစေသည်…
အိုး…ကျမ ခြေထောက်တွေ ထုံကျင် ကိုက်ခဲနေလိုက်တာ…
ယောင်္ကျားပီသစွာ နိုင်ထက်စီးနင်းပြု တတ်သော ထို အပြုအမူ ကို ကျမ မုန်းပါသည်…
“ မလိုက်ဘူး “ ကျမ တခွန်းထဲပြန်အော်မိသည်…
………………………………………………………………………………………………………..
………………………………………………………………………………………………………..။

ကျမ လမ်းလျှောက် ထွက်လာခဲ့သည်…
သူနှင့်ဆန့် ကျင်ဘက် အရပ်သို့ ဖြစ်ပါသည်…
အရှေ့သည် မှောင်မိုက်သည်.. သို့ သော်…သူ၏ ရန်လိုတတ်သော မျက်ဝန်းများမရှိပါ…
ပြိုဆင်းလာသော မျက်ရည်များကြားမှ ကျမ အားတင်း၍ ပြုံးသည်…
Taxi တစီးတလေများ…တားလိုက်ရ ကောင်းမလား…သို့ သော် ကျမ မှာသွားစရာ နေရာမရှိပါ…
ဒီနိုင်ငံတွင် အိမ်ပေါ်ကဆင်း၍ တက်နေစရာ ဘယ်သူငယ်ချင်းအိမ်မှ မရှိပါ….

ကျမ သရဲ အလွန် ကြောက်တတ်ပါသည်..ခြေတလှမ်းရွေ့ မိတိုင်း ကိုယ့်ကိုကိုယ် အံ့သြနေမိသည်…
ဒီနေရာ ထိရောက်အောင် ဘယ်အရာကများ ကျမ ကိုတွန်းပို့ နိုင်ခဲ့ပါလိမ့်….သူ့ အပေါ် ပေါက်ကွဲ မိတဲ့
ဒေါသတွေက ပဲလား…

ဒီ အချိန်ဆို သူဘာလုပ်နေမှာလဲ… ခုန လာခေါ်တည်းက သူအရမ်းအိပ်ချင်နေပြီပဲ…အိပ်ရင်အိပ်နေလောက်ပြီပေါ့…
ဒါမှ မဟုတ် ကွန်ပြူတာရှေ့ ထိုင်၍ ကျမထွက်လာခါနီးက ရေးလက်စ ကဗျာတပိုဒ် ကိုဖတ်ချင်ဖတ်နေနိုင်သည်…
( ကျမ က ဘယ်ရည်းစားဟောင်းကိုတမ်းတ ရသလဲဟုဖတ်ပြီးလျှင် ပြဿနာရှာမည်) အို… ကျမ မတွေးချင်ပါ…
တဖြည်းဖြည်း ကျမ ခြေလှမ်းတွေ…နှေးကွေးလာသည်… မျက်ရည်တွေလဲ ခြောက်စပြုပြီ…ချမ်း၍ပဲလား ကြောက်၍ပဲလား…
ကျမ တကိုယ်လုံးတုန်လာသည်…

အခုမှ ပတ်ဝန်းကျင်ကိုကြည့်မိသည်…ကျမ အိမ်နှင့်တော်တော်ဝေးသောနေရာမှာရောက်နေခဲ့ပြီ…
Telecommunication အဆောက်အဦးတစ်ခု၏ရှေ့ နားဖြစ်သည်…အနောက်ဘက်တွင် ဘုံကျောင်းတစ်ခုရှိသည်…
ဒီနေရာက သရဲ ခြောက်တယ်ဟု ကျမအားသူ တခါ အတည် ပြောထားဖူးသည်…
ကျမ အနည်းငယ်သွေးပျက်လာသည်… ဖြတ်သွားဖြတ်လာ လူတွေရှိရင်ကောင်းမယ်… ဖြစ်နိုင်ခြေနည်းသော
မျှော်လင့်ချက်တခုဖြစ်မည်… အချိန် မှာ ၃နာရီ ၃၈ ဖြစ်နေပြီ…

ထိုစဉ် ဆိုင်ကယ်တစီး ကျမ၏ အနောက်နားတွင် လာရပ်သည်…
ကျမ အားတက်စွာလှမ်းကြည့်မိသည်… ပြီးမှ စိတ်ပျက်သွားသည်…
ကျမကြောက်သော “မလေး “တွေဖြစ်သည် ( အပေါ်ကျပ်အောက်ကျပ် အနက်ဝမ်းဆက်များနှင့် မျက်လုံးအနက်ချယ်ထားသော
မလေး လူမျိုးများကို ကျမကြောက်သည်..) သူတို့ သည် မည်သူ့ ကိုမျှဂရုမစိုက်သော ပုံစံများရှိတတ်၍ ကျမ က “မလေး “အပေအတေ များဟု ခေါ်သည်…လူကြီးလူကောင်းဆန်သော မလေးများလဲရှိပါသည်..။

ချက်ချင်း ကျမ ဖုံးပြန်ဖွင့်လိုက်မိသည်… Message တစ်ခုကိုတွေ့ သည်…
“ bar lop nay tar lal? A paw pyan tat cae top” တဲ့
ဒီလောက်ဆို ကျမအိမ်အောက်နားက ထွက်လာတာ သူ မသိလောက်သေးပေ… နောက်ကိုလှည့်ကြည့်မိတော့ ထို မလေး နှစ်ယောက်က
ဘလော့ တစ်ခုအောက်က ထိုင်ခုံမှာထိုင်၍ ကျမ ဘက်လှမ်းကြည့်နေသည်.. ကျမ ဖုန်းပြောချင်ယောင်ဆောင်၍ ဖုန်းနှင့်နားကပ်ထားပေမယ့် မလုံခြုံပါ…
ကျမ တကိုယ်လုံးလဲ ကြောက်၍ တဆတ်ဆတ်တုန်နေပြီ… ကဲ ဘယ်မှာလဲ ခေါင်းကျောမာတတ်တဲ့ ကျမ မာနတွေ…
ကျမ သူ့ ဆီ Message ပြန်ပို့ လိုက်သည်… “ pls come 2 here fast, as much as u can” ဘယ်နေရာလဲ မရေးလိုက်ရပါ…
သူချက်ချင်းဖုံးပြန်ခေါ်သည်..နေရာမေး၍ တောက်တချက်ခေါက်သည်… ချက်ချင်းပင် သူပြေးလာတာကိုလှမ်းမြင်လိုက်ရသည်…
(ကျမ ကိုနောက်နားက လှမ်းကြည့်နေရာမှ ထိုင်နေရာမှ ပျောက်သွား၍ လိုက်ရှာနေသည်မှာကြာပြီဟုပြောသည်)…။

ကျမ သူ ကိုတွေ့ တော့ပြေးဖက်မိသည်… သူကလည်းကျမ လက်တွေကို တင်းတင်းပြန်ဆုပ်ထားရင်းပြောသည်..
“ အေးစက်နေတာပဲ …မင်းကိုငါစိတ်နာတယ်သိလား.. မင်းတောင်းဆိုတဲ့အတိုင်း မင်းဘာလုပ်လုပ် ငါနဲ့ မဆိုင်သလို
နေလိုက်ရမှာ..ဒါပေမယ့် ငါကိုက မနေနိုင်ဘူး” …ဟင့်အင်း မလုပ်ပါနဲ့ ..ကျမ စိတ်တိုတုန်းခဏ ပြောမိတာပါ…

ကိုကို ဂရုမစိုက်တော့ရင် ကျမဘယ်လိုနေနိုင်မလဲ… အနည်းဆုံးတော့ ကျမ ဆိုးသမျှတွေ ကိုဆူဆူပြောပြောနဲ့ 
ခွင့်လွှတ်ပေးဖို့  ကိုကို ရှိနေရမယ်လေ…
တခါတလေ… ကျမ မိသားစု ကိစ္စ တွေမှာ မနိုင်ဝန်ထမ်းပြီး ၀င်ဖြေရှင်းပေးမိတိုင်း ကျမဘေးကနေ တခွန်းမှ မပြောပဲ
မငြီးမငြူ လိုက်လုပ်ပေးနိုင်တာ ကိုကို အပြင်ဘယ်သူရှိမှာလဲ…
အလုပ်ထဲ မှာပင်ပန်းလို့ ငြီးမိတဲ့ အခါ အနိုင်ကျင့်ပြီး အလုပ်တွေစွတ်ခိုင်းလို့ ပြောပြမိတဲ့အခါ….
“ ပြန်ပြောပါလား..မင်းကအိမ်ကျယ်လေ..အိမ်မှာသာ ငါ့ကိုပြန်ပြန်အော်တာ..သူများနဲ့ ကျ သူခံလာရတာချည်းပဲ “
လို့ ဆူပြောပြောရင်းပြန်ပြန် စ တတ်သေးတာ…
လူကနေ စက်ရုပ်တပိုင်းဖြစ်နေတဲ့ ကျမ ဘ၀မှာ ကိုကို ရှိနေလို့ သာ ကျမ အတွက် အဓိပါယ်ရှိနေသေးတာ…
ပျော်ရွှင်မှု ဆိုတာရှိနေသေးတာပါ….
ကျမ အရင်လိုပဲ ရူးချင်ယောင်ဆောင်ပြီး ကိုကို့ ရင်ခွင်ထဲမှာခေါင်းကိုဝှက်ထားလိုက်တယ်…
ကျမ အတွက် က အခုလို လုံခြုံ မှုမျိုး ကိုကို့ ရင်ခွင်မှာရှိနေရင်တော်ပါပြီ…
ကိုကို ဆူချင် ပြောချင်သလိုသာပြောပါစေတော့… ကိုကို ခဏခဏ မေးတတ်သလို
“ ကိုကို့ ရင်ခွင် က ကလေးအတွက် လုံခြုံရဲ့ လား” လို့ ဒီတခါ ကိုကိုမေးလာရင်တော့
ကျမ ၀စီပိတ် မနေပဲ ဖြေလိုက်တော့မယ်…
“ သေချာတာပေါ့ ကိုကို ရယ်” လို့ ……….။ ။

6 Comments:

  1. မိုးခါး said...
    ဘာပြောရမှန်းမသိဘူး .. လိမ်လိမ်မာမာနေ ကလေးမ .. မဆိုးနဲ့ :P နေနိုင်တာလည်းမဟုတ်ပဲနဲ့ .. (ဆရာဝင်လုပ်သွားသည် ..)
    Anonymous said...
    အချိုးအကွေ့လေးတစ်ခုက ချစ်ခြင်းလေး..။ ရင်ထဲမှာ ငြင်သာငြိမ့်ညောင်းစွာ စီးဝင်သွားတယ်ယ်..။ အဆုံးကျမှပဲ သက်ပြင်းချနိုင်တော့တယ်။ ဖတ်နေစဉ်တော့ ရင်တထိတ်ထိတ်နဲ့ဗျာ။ ကောင်း၏။
    မသက်ဇင် said...
    “ ကိုကို့ ရင်ခွင် က ကလေးအတွက် လုံခြုံရဲ့ လား” လို့ ဒီတခါ ကိုကိုမေးလာရင်တော့
    ကျမ ၀စီပိတ် မနေပဲ ဖြေလိုက်တော့မယ်…
    “ သေချာတာပေါ့ ကိုကို ရယ်” လို့ ……….။ ။

    တကယ်ပဲလားကွယ်---
    ဘဝနဲ့ဆန္ဒ ထပ်တူကျပါစေ---
    ကဗျာမလေး said...
    တစ်ယောက်အပေါ်တစ်ယောက် နားလည်နိုင်ပါစေနော်...။ “ကိုကို့ ရင်ခွင်က ကလေးအတွက် လုံခြုံရဲ့လား” :)
    Admin said...
    အွန်လိုင်းပေါ် ဒီရက်ထဲ သိပ်မလည်ဖြစ်ဘူး။
    ပြန်လည်တယ်။
    ပြန်ဝင်ကြည့်တယ် .. အသစ်ရှိမရှိ။
    ...
    ...
    တွေ့ပြီ ..
    စစချင်း ဒီပို့စ် ..
    ...
    ...
    ခေါင်းစဉ်က ..အချိုးအကွေ့များ ..


    ဖတ်လိုက်ထဲက …
    ဖတ်မိသူ … စာဖတ်သူ ဒီလူအတွက်တော့ …
    စာရေးသူခေါ်ရာနောက်..အတွေးတွေ ..တောက်လျှောက်လိုက်မိသလို..
    အရေးအသား အကြောင်းအရာက ဆွဲခေါ်သွားလိုက်တာ …
    မြင်ယောင်ကြည့်ရင်း ..
    မောလာလိုက် .. မျက်မှောင်ကြုံ့ မိသွားလိုက် .. သက်ပြင်းတချို့  ချမိလိုက် ..
    အတွေးပေါင်းစုံ ဝေ့လာလိုက် .. မျောသွားလိုက် ..
    ရင်ဘတ်ထဲက စိတ်တချို့  ပြုတ်ကျလိုက် .. ပြန်တတ်လိုက် .. အနိမ့်အမြင့် စိတ်အတက်အကျ ရောထွေးကုန်ပြီး …


    နောက်ဆုံး .. သူမက သူ့ရင်ခွင်ထဲ ခေါင်းဝင်ဝှက်လိုက်တော့မှ …
    အသိမ်းလေးကို နှစ်သိမ့်ကျေနပ် .. ခံစားလိုက်ရသည်။


    အင်း….ခုချိန်ထိ ဆိုးတတ်တုန်းပဲ .. လုပ်တတ်တုန်းပဲ ..
    နောက်ဆုံးကျတော့ လဲ .. သူ မဟုတ်သလိုပဲ …


    အသိမ်းပိုင်းကို
    ကျေနပ်သွားသည် ...
    အသိမ်းပိုင်းလေးအတိုင်း ..
    အမြဲဖြစ်နေကြပါစေ ခင်ဗျာ ...။
    Anonymous said...
    အရေးအသားကောင်းတယ်သိလား အစကနေ အဆုံးထိ ဇတ်လမ်းထဲမှာပါသွားတယ် ၊ အရမ်းဖတ်လို့ကောင်းတာပဲ ရေးဦးနော် အားပေးနေမယ်။

    ငယ်

Post a Comment