နေခြည်ငွေ့ တွေနှင့် ဘယ်လိုပဲထွေးထွေး
ဒီအေးစက်စက် လမိုက်ညတွေ
ငါနဲ့ မဝေးနိုင်သေးဘူး…။
သန်းခေါင်ယံညဥ့်နက် အိပ်မက်တွေထဲ
ငါတယောက်တည်း
လူမသိ သူမသိ အထပ်ထပ် အခါခါ ရှုံးတယ်…။
“မင်္ဂလာပါ” လို့ တချိန် ကပြောတတ်ခဲ့ဖူးတဲ့
စကားသံချိုချို တချို့ …အပေါ်
မိန်းမကြီး တစ်ယောက်ရဲ့ မဲ့ပြုံးတွေက ဖုံးတယ်…။
ဒီလို နဲ့ ပဲ ငါ့ရင်ဘတ် တွေ
ပုလင်းကွဲ ရှ…
ငါ့ရဲ့  မစို့ မပို့ အိပ်မက်တွေလဲ မြောင်းထဲကျ…ခဲ့.။
အဆုံးသတ် ကတော့ လှပပါတယ်…
“ကျေးဇူးတင်ပါတယ်” လို့ ပြောတတ်ရုံလေး
အခါတော်ပေး တေးတပိုဒ် နဲ့…
ဒီရင်ခုန်သံတွေပေါ် လှလှပပ ခြေချနင်းသွားခဲ့
ငါ့ရဲ့  အဖြူရောင်တိမ်တိုက် တခု လဲမှုန်ဝါးသွားခဲ့…။
ဘာတဲ့ ဥစ္စာမဲ့ မာန တဲ့လား…
ကျမလေ ဟန်ဆောင်လို့ မှ ပြုံးမပြတတ်ခဲ့ဘူး…
တရံတခါတုန်းက…
"အို မေမေ ကလဲ…
နဂါးက ခဏခဏ အမောက်ထောင်ပြတော့
ပေါရဲ ပါတယ်..နော့…
ရေကန်အသင့် ကြာအသင့် ဘ၀ကလဲ
အောက်ကျနောက်ကျ နိုင်ပါတယ်…
ဟောဒီက ဒီလက်နှစ်ဘက်မြဲနေသရွှေ့ 
ကျမ လိုချင်တာ ကျမဘာသာယူလို့ ရနိုင်သားပဲ"
ကဲ ဒီအိပ်မက်တွေထဲ ချို့ ယွင်းချက် တခုခုတော့ရှိ ရမယ်…
မေမေ …
ဘယ်ဘ၀ ကနေ ဘာတွေ မေမေ စိုးရိမ်နေသလဲ…???
ဘယ်လေ တွေဘယ်လောက်တိုးတိုး
ဒီမှာ ကျမ မတ်မတ်ရပ် နေနိုင်တုန်းပဲ မေမေ…..။
တခုပဲ…တခုပဲ ကျမ ကို
စကားချိုချို တွေထပ်မသုံးခိုင်းပါနဲ့ တော့
မေမေ မသိနိုင်တော့တဲ့
လောက ရဲ့ ဒီဘက်ထဲက
အန္တရာယ် သိပ်များတယ်..မေမေ ရဲ့ 
ကျမ အဆိပ် မကင်းချင်သေးဘူး…။
ကဏ္ဍ - လွန်လေပြီးသော
မာယာများတဲ့ခေတ်ကြီးထဲမှာ....
တန်ဖိုးထားမှုတွေသမိုင်းတွေ ပျောက်ရှကုန်တယ်ဆိုတာ...
ခံစားမှုလေးကို အရမ်းကြိုက်တယ်ဗျာ.....