နံနက်ခင်းကို ဘယ်သို့ ထမယ်....




ပြောရမည် ဆိုလျှင် ဟိုစကားပုံ အတိုင်းဖြစ်ပါလိမ့်မည်…à “ကိုယ်ပေါင်ကိုယ်လှန်ထောင်း “
အဲ...ပြန်လှန်ရမည်ဆိုသည့် အဖြစ်ကတော့ နည်းနည်းရှက်ဖို့ ကောင်းပါသည်..(ဘောင်းဘီတိုဝတ်ထားမိလျှင်တော်သေးသည်) :-P
ဒါပေမယ့် လူစုံတုန်းရှင်းပြရဦးမည်…
တကယ်တော့ ကျမ သည် မစားရ ရှိပါစေ…အိပ်ရလျှင်ပြီးရော လူစားမျိုးဖြစ်ပါသည်…
ကျမ ရုံးတက်ချိန်သည် ၈နာရီဖြစ်၍ အိပ်ရာမှ ၇နာရီ တော်တော်ကျော်မှထပါသည်…
ဒါကို သိသွားသော ကျမ ၏ Personal Boss လေးသည် သူနှင့်စကြိုက်သည့် အချိန်မှစ၍ မနက် ၇နာရီတိုင်းဖုန်းဆက်
နှိုးပါတော့သည်… သူ ပထမဆုံးဖုန်းဆက်နှိုးသည့်နေ့ ကဆိုလျှင် ကျမ Alarm မှတ်၍ ထထ ပိတ်သည်မှာ ၃ခေါက်ခန့် ရှိမည်.. J
ကျမ လိုနူးနူးညံ့ညံ့ မပြောတတ် မနေတတ်သောမိန်းမ တယောက်ကို ပထမဆုံး ကဗျာဆန်ဆန် ချစ်သူ့ အသံနှင့် နှိုးထခွင့်ပေးခဲ့သူမှာ
သူဖြစ်ခဲ့ပါသည်… (ကျန်ခဲ့သောသူများ သည် ကျမ အကြောင်းသိ၍ ဘယ်သူမှအပင်ပန်းမခံကြပါ)
သူတယောက်ပဲ ကျမ ကိုစိတ်ရှည်ရှည်နှိုးနိုင်ပါသည်…ပထမတကြိမ်ဖုန်းခေါ်သည်…ကျမ က “၅မိနစ် ပဲ..၅မိနစ်ပဲ” ဟုပြောကာပြန်အိပ်သည်..
ဒီလို၅မိနစ် သုံးခါလောက်ပြန်ခေါ်ပြီးလျှင်တော့ ကျမ နိုးပါပြီ…
ဒီလိုနဲ့ ပဲ သူ့ အသံနှင့် နှိုးထ ရန် ကျမ ယှဉ်ပါးလာခဲ့သောတနေ့ တွင် ကျမ တို့ နှစ်ဦးခွဲ ရရန် အကြောင်းဖြစ်လာပါသည်…
ဒီလို နှင့်ပဲ တယောက်တနေရာစီဝေးသွားခဲ့တော့ ကျမ ရုံးချိန်တွေ နောက်ကျ သည်… ( Time Discrepancy Report ခဏ ခဏရောက်သည်)

သူမဆက်နိုင်တော့ ကိုယ့်ဒေါသနဲ့ ကိုယ် တနေ့ ၃ခါ ဖုန်းဆက်ရာမှ ဖုန်းဘေ ၄၀၀ ကျော်ကျ သည်..
မျက်ရည်တဖက်..နှပ်ချေးတဖက် ထွက်ရပါသည်..
နောက်ဆုံး ကိုယ့်ဒေါသနှင့်ကိုယ် “ အတောင်ပံပါရင်မင်းဆီကို “ တော့သည် …
၃ ရက်ပိတ်လျှင် ၃ရက်ပြန်သည်၊ တပတ်ရလျှင်တပတ်ပြန်သည်….
(ထိုစားရိတ်တွေနှင့်ပင် ကျမတို့ မင်္ဂလာ၂ခါ ဆောင်၍ရနိုင်သည် :-P)

ဒုတိယ အခေါက်ကျမ ဒီပြန်ရောက်တော့.လွမ်းလွမ်းနဲ့ ဖုန်းထဲမှသီချင်းနားထောင်ရင်း Recording တခုကြားရသည်…
“ ကလေးလေး ထတော့ ၇နာရီထိုးပြီ…ကလေးလေး ထတော့ ၇နာရီထိုးပြီ…လေ” တဲ့… ဟိ…
ကျမ လဲ…ရယ်ချင်သွားတယ်…သူဘယ်တုန်းက ယူသွင်းပေးထားလဲတောင်မသိ…ဘူး…
ဘာပဲ ဖြစ်ဖြစ်ကျမ ကတော့ အဲ့ဒီအသံလေးနဲ့ ပဲ Alarm ပေးပြီး အိပ်စက်ခြင်းမှနိုးထပါတယ်…

အခုတော့ သူလဲ ကျမ အနားပြန်ရောက်နေပါပြီ… မို့ မို့  သီချင်းထဲကလို…
“ အရာရာ အဆင်ပြေနေပါပြီ… “ ပေါ့…
အခုတော့ ကျမလဲ …သူ ရဲ့ အသံအစစ်လေးနဲ့ ပဲ အိပ်ရာပြန်ထနေ ရပါပြီပေါ့… နော်…. ။ ။


ငယ်လေး ရဲ့ ကိုကြီး က တဂ်၍ ကြွားပါသည်… :-P…
တနည်း ကျမ ဘလော့လေးကိုလာလည်ကြသူ အပေါင်း စိတ်ဆင်းရဲ စရာတွေပဲ အမြဲတွေ့ နေ ဖတ်နေရသဖြင့်..ဤစာကို..
ရေးလိုက်ရပါကြောင်း…။ ။

7 Comments:

  1. မိုးခါး said...
    အံမယ် အံမယ် ရုပ်ကြီးက ရုပ်ကြီးက :P
    ငယ်ရေးရေ ထတော့ .. ထမင်းချက်ရဦးမယ် .. :D
    Htoo Aung Lwin said...
    အိပ်ပုဒ်လေးပေါ့နော်
    Anonymous said...
    မမ က အိပ်ပုတ်ပဲ ပိာပိာ စတာနော်၊ ခုလိုသိခွင့်ရတာ ကျေးဇူးတင်ပါတယ် မမ ၊ရေးပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်၊ ဖတ်ရတာ ကြည်နူးဘို့ကောင်းတယ် :)
    Welcome said...
    တဂ်ပို့စ်လေး လာဖတ်ပါတယ်။
    လှပတဲ့ နေသစ်တွေရဲ့ နံနက်ခင်းလေးတွေ မင်္ဂလာအပေါင်းနဲ့ ခညောင်းပါစေ ..

    ခင်မင်လျက်
    တီချမ်း said...
    အား.......................ကျတယ်
    အားးးးးးးးးးးးးးးးးးးးးးကျတယ်
    အားကျတယ်

    word verification
    ဖြုတ်ပါ မန့်ရမလွယ်
    flowerworld said...
    ဟားဟ မိုက်တယ်ကွ နာ့ကိုတော့ အဒူမှခေါ်နှိုးမဲ့သူမရှိဝူး အဟင့်
    ဖြိုးဝေတိုး said...
    အားကျမိပါတယ်...
    မနက်ခင်တိုင်းလှပနိုင်ပါစေဗျာ

Post a Comment