တခါတုန်းက.....အပိုင်းအစ များ










အပြည့်အ၀မဟုတ်ရင်...ဘာမှမလိုချင်ခဲ့ဘူး..
နင့်ရဲ့တချို.တ၀က်ချစ်ခြင်းတွေနဲ့တော့
ငါပျော်ခဲ့ဘူးတယ် ...

မလိုချင်တာလား ? မဟုတ်ဘူး
တခါတလေတော့လည်း..အံကြိတ်ပြီး
ငါငိုခဲ့ဖူးသားပဲ...

နင်မချစ်တဲ့ငါလေ...
နင့်ကိုဆက်ချစ်ခွင့်ရဖို.အတွက်ဆို..
အရာရာပေးဆပ်ခဲ.ဖူးတယ်..။

တကယ်တမ်းတော့နင့်ထားရစ်ခဲ့ခြင်းတွေ...

Green for neglected တဲ့
အဲဒီတုန်းက..
သဲ ကအစိမ်းရောင်နဲ.လိုက်တယ်..တဲ့
နင့်နှုတ်ခမ်းပါးက...
ဘာရယ်မသိဘူး
ငါရယ်နေလိုက်တယ်..။

ငါ့အတွက်နဲ.နောင်တမရပါနဲ.
နောင်တဆိုတာတွေငါမုန်းတယ်...
အတ္တ ကြီးတယ်ဆိုတာလဲ
အချိန်အခါနဲ.ပဲရွာလို.ရတဲ့မိုးပါ..
ငါသာ..ညိုချင်တိုင်းညိုခွင့်မရခဲ့တာ..

နင်ဟာ...ငယ်ငယ်တုန်းက
ကျောက်သင်ပုန်းပေါ်မှာငါပထမဆုံး
ရေးခွင့်ရခဲ့တဲ့ ၊၀၊ လုံးလေးပေါ့
မလှပခဲ့ပေမယ့်လည်း..
နိဒါန်းပျိုးတဲ့ငါ့ဥယျာဉ်...။

ပြုံးနေသေးလား ?

ငါစွဲလမ်းခဲ့တဲ့ နှုတ်ခမ်း
အိပ်မက်ထဲမှာတောင်...ထပ်နမ်းခွင့်မရှိခဲ့ဘူး
နေပါစေ..
ဆုံးဖြတ်ချက်တွေ..နေမ၀င်စေချင်ဘူး...
နင့်ရယ်သံတွေဟာ..ငါ့ကာရံတွေပါပဲ...

နင်စပ်ဆိုသွားတဲ့ဝေးကွာခြင်း......
ငါ့အတွက်သီချင်းမဖြစ်ခဲ့ပေမယ့်..

နင့်အတွက်ခင်း..နင်းဖြတ်ခဲ့ရတဲ့...
ကြမ်းပြင်တခု ဖြစ်ပါစေတော့...
ငါပျော်တယ်.....။

နင်မချစ်တော့လို့ ပြိုကျဖူးတာ...
ငါ့နေရာတခုပဲရှိပါတယ်...

ရင်တလှပ်လှပ်တွေငေးခြင်းတွေနဲ့ ...
နင့်ရင်ခွင်လေးကိုလွမ်းတယ်...

ဖေါချင်းသောခြင်း..ချစ်ခြင်းတွေထဲက...
တပိုင်းတစလောက်ဖြစ်ဖြစ် ထပ်မျှခဲ့ပါ...

ငါထပ်လဲမငိုချင်တော့ဘူး.....
တကယ်တော့နင်တရားပါတယ်...
ဘာမှမတောင်းဆိုတဲ့သူကို...
ဘာမှမပေးခဲ့တာ...နင့်အမှားမှမဟုတ်တာ.....။

ခဏ..ခဏ ကျ ကျပျောက်နေတတ်တဲ့...
သစွ့ာတရားတွေ...ငါလေ...အခု
သစွ့ာပန်းတောင်မမြင် ၀ံ့တော့ဘူး...

ဖြေရာမရတဲ့...မိုးစက်တွေက..ငါ့ရင်မှာခြွေ....
နေသာသလို..နေပါစေ....
နင်က ငါ့မျက်ရည်တွေကိုမှ...ဟားတိုက်တတ်သူ...

ဝေ နေတာမြင်ချင်တယ်တဲ့လား...???
အင်းလေ...ထပ်ကြွေဖို့ အင်အားလဲ..ငါ့မှာမရှိတော့ပါဘူး...
"နင်မပြတ်သားတာ"တဲ့
အခုရော.. ထပ်ပြောဖို့ စိတ်ထား...
နင့်မှာရှိသေးလား....?

စကားလုံးတွေပြတ်ပြတ်သားသား...
သုံးချင်ခဲ့တာ...နင်သာ...မျက်လုံးတွေနဲ့ 
စိုက်ကြည့်မနေရဲ ရင်...
အခုမှလဲ..မထူးတော့ပါဘူး...

ဘာသာပြန်မိခြင်းရဲ့ ရလဒ်က...
ငါသာ..နင့်အတွက်ဝန်ထုပ်ဝန်ပိုး တခု...
Platonic အချစ်တွေက...
နင်မသိတဲ့ခေါင်းဦးတခုပေါ်မှာ.......။

အစလွယ်ပြီး...အဆုံးမဲ့တဲ့...ကောင်လေးရေ...
သံယောဇဉ်တွေငဲ့ညှာ..."ငါ့ကိုမေ့လိုက်ပါ"..လို့ ပြောမထွက်တတ်တဲ့
နင့်စကားတခွန်းကြောင့်.............

ငါတို့ အကြိမ်ကြိမ်..မှားခဲ့ဖူးပြီ......
အပြစ်တွေဖြစ်ခဲ့....ပြီးပြီ.............

ခံရအခက်ဆုံး...လိမ်ခြင်းမျိုးနဲ့ .....
နင်ဆက်ပြီး.....အခံရခက်မနေစေချင်တော့ဘူး....
"ကိုယ့်ကိုကိုယ် လိမ်မနေနဲ့ တော့"

ပြောင်းလဲခြင်းတွေကို...လက်မခံ...
ပြက္ခဒိန်တွေကိုနောက်ပြန်ဆွဲမိတဲ့....
ငါတို့ နှစ်ယောက်ရဲ.အမှား....
အကောင်းဆုံးက....
နင်မနက်ဖြန်တွေထဲပဲသွားလိုက်တော့...

ငါ့စိတ်တောင်ငါ မယုံနိုင်တဲ့ အထိ
နင့်အတွက်..အလိုက်သိပေးချင်ခဲ့တယ်....

သေချာတယ်..
နင်ဟာ...ငါ့ ၀ဋ်
နေ့ စွဲအဟောင်းတွေ..ငါမပြင်နိုင်ပေမယ့်
နေ့ စွဲအသစ်တွေ..အတွက်မနာကျင်စေချင်ဘူး....

ငါကလေ........
အတိတ်တွေထဲမှာ..နေခဲ့မယ်...

အခုချိန်ထိ...ဘ၀မှာ...
ကံကြမ္မာ ကပေးတဲ့....အရက်စက်ဆုံး
ပြစ်ဒဏ်တခု ရှိပါတယ်...

လွန်ခဲ့လေ တဲ့ခုနှစ်တခုကတည်းက...
ငါလေ...နင့်သူငယ်ချင်း ဖြစ်ခဲ့ဖူးခြင်းပါပဲ....
ငါတို့ ကြား......ခါးခဲ့တယ်...........။

6 Comments:

  1. Admin said...
    ........
    "နင်ဟာ...ငယ်ငယ်တုန်းက
    ကျောက်သင်ပုန်းပေါ်မှာငါပထမဆုံး
    ရေးခွင့်ရခဲ့တဲ့ ၊၀၊ လုံးလေးပေါ့
    မလှပခဲ့ပေမယ့်လည်း..
    နိဒါန်းပျိုးတဲ့ငါ့ဥယျာဉ်...။"
    .........
    .........
    "ခဏ..ခဏ ကျ ကျပျောက်နေတတ်တဲ့...
    သစွ့ာတရားတွေ...ငါလေ...အခု
    သစွ့ာပန်းတောင်မမြင် ၀ံ့တော့ဘူး..."
    .........
    .........
    "ပြောင်းလဲခြင်းတွေကို...လက်မခံ...
    ပြက္ခဒိန်တွေကိုနောက်ပြန်ဆွဲမိတဲ့....
    ငါတို့ နှစ်ယောက်ရဲ.အမှား....
    အကောင်းဆုံးက....
    နင်မနက်ဖြန်တွေထဲပဲသွားလိုက်တော့..."
    .........
    .........
    "သေချာတယ်..
    နင်ဟာ...ငါ့ ၀ဋ်
    နေ့ စွဲအဟောင်းတွေ..ငါမပြင်နိုင်ပေမယ့်
    နေ့စွဲအသစ်တွေ..အတွက်မနာကျင်စေချင်ဘူး...."
    .........
    .........
    ...
    ... သိပ်ကြိုက်လွန်းလို့ ..ကုဒ်မိကုန်ပြီ ..
    (ကျုပ် ရင်ဘတ်ထဲများ ဝင်ပြီး .. ကိုယ်ပွား ခံစားပေးလိုက် သလား မှတ်ရတယ်.. တကယ်ပါပဲ ..တိုက်ဆိုင်ချက်များ ... တူပါပေတယ် ...
    ရွေးတတ်လိုက်တဲ့ စကားလုံးများ .. အရေးအဖွဲ့  .. နဂိုကမှ ပြိုလဲချင်တဲ့ အဖြစ်တစ်ခု ရရှိနေသလို ဖြစ်နေပါတယ်ဆိုမှ ... ရိုးရိုးလေးပဲ ပြောပါရစေ..Heart ကို ထိရောပဲ..)
    ....
    တော်လိုက်တဲ့ ငါ့ညီမ ... ရေးတတ်လိုက်တာ..
    ဖတ်ပြီးတော့ လူတောင် တုန်တုန်ရီရီ ဖြစ်သွားရတယ်..လို့ ပြောရင်.. ပိုလိုက်တဲ့ သူလို့ ..အပြောခံ အဟားခံရမှာစိုးလို့..ပြောတော့ဘူး... :-)
    မိုးခါး said...
    နွေးရေ .. ချစ်မိတာ ၀ဋ်လား .. သူ့အပေါ်အကြွေးတင်နေလို့လား .. စဉ်းစားမိတယ် ..း) အရမ်းကောင်းတာပဲး)
    Htoo Aung Lwin said...
    ဝလုံးလေးလဲ ရေးခါစက မဝိုင်းတစ်ဝိုင်းနဲ့ မလှဘူးလေ
    အချစ်ဆိုတာလဲ အစနိဒါန်းက ဘယ်တော့မှ မလှကြဘူး
    အချိန်တွေကြာလာပြီး သူ့အကြောင်းကိုနားလည် ကိုယ့်အကြောင်း သူနားလည်လာရင် ဝလုံးလေးဝိုင်းလာသလို သူလဲပဲ လှလာပါလိမ့်မယ်။ နားလည်မှု့လေးသာ အရေးကြီးတာပါ။။။။။။။။။။
    ကြယ်ဖြူစင် said...
    အပြည့်အ၀မဟုတ်ရင်...ဘာမှမလိုချင်ခဲ့ဘူး..
    နင့်ရဲ့တချို.တ၀က်ချစ်ခြင်းတွေနဲ့တော့
    ငါပျော်ခဲ့ဘူးတယ် .....
    အဲ့ဒီစကားလုံးလေး ရင်ထဲထိတယ်....
    Anonymous said...
    ကဗျာ စာလုံးလေးတွေအစအဆုံး အရမ်းကောင်းတာပဲ မမက ကဗျာရေးတာမိုက်တယ်။
    မသက်ဇင် said...
    ကဗျာရှည် တပုဒ်ပါပဲ
    တပုဒ်လုံးကောင်းတယ်

    "သေချာတယ်..
    နင်ဟာ...ငါ့ ၀ဋ်
    နေ့ စွဲအဟောင်းတွေ..ငါမပြင်နိုင်ပေမယ့်
    နေ့စွဲအသစ်တွေ..အတွက်မနာကျင်စေချင်ဘူး...."

    စိတ်ကောင်းရှိလိုက်တာ--ချစ်တတ်လိုက်တာ--

Post a Comment