"ချစ်ခြင်းဖြင့်နွယ်လျှက်သော တွဲလက်"







နာကျင်စရာ တွေနဲ့ ကြုံတိုင်း
ငါ တို့ အတူဖြတ်သန်းခဲ့ရတဲ့
ခါးခါးသီးသီး နေ၀င်ချိန်တွေ အကြောင်း သတိရလိုက်ပါ…

လမ်းခွဲ စရာကြုံခဲ့လေတိုင်း
ငါတို့  နှစ်ယောက်လမ်းလျှောက်နေကျ
ဒီတောင်ကုန်းလေးပေါ်ကိုပဲ
လမ်းမပျောက်စေဖို့ အရောက်လာခဲ့ပါ…

စိတ်ပျက်စရာ တွေ နဲ့ ကြုံတိုင်း
ငါတို့ နှစ်ယောက် မျက်ရည်တွေ နဲ့ ရင်းနှီးခဲ့ရတဲ့
ဆုံဆည်းခွင့် တွေကိုတန်ဖိုးထားပါ…

ချစ်သူ
ငါတို့ နှစ်ယောက်ကြားမှာ
ညီမျှခြင်း(=)တခု ထားပြီးတောင် မခြားချင်ဘူး
ငါ့ကိုယုံပါ
ငါ့ကိုချစ်ပါ…
ပြီးတော့ ငါမင်း အနားမှာ ရှိနေတဲ့ အချိန်တွေ ကို
တန်ဖိုးထားပါ…
အဲ့ဒီညီမျှခြင်းတဖက်မှာ သုည ပဲ ကျန်ခဲ့စမ်းပါစေ..
ငါ့ဘ၀ ထဲကိုပဲ ရဲရဲ ကူးဝင်လာခဲ့စမ်းပါ…

အတိတ်က မျက်ရည်တစက်တလေ မှ
ငါတို့ ဘ၀ ထဲ အဆိပ်ခတ်မခံလေနဲ့ …
မင်းအတွက်ရင်းခဲ့တဲ့
ငါ့အိပ်မက်တွေ အတွက်
ငါ့ လက်ကိုသာ မြဲမြဲ တွဲ
အနာဂတ်ထဲမှာ နာကျဉ်းခြင်းတွေ ကွင်းစေရလိမ့်မယ်…

ငါတို့ ကြားမှာ ပူပင်ခြင်းတွေ မရှိဘူး..
ငါတို့ ကြားမှာ ဟန်ဆောင်ခြင်းတွေ မရှိဘူး…
ငါတို့ ကြားမှာ ဝေးကွာခြင်းတွေ မရှိဘူး…
ငါတို့ ကြားမှာ ညီမျှခြင်းတွေ လဲမရှိဘူး…

နွေးထွေးမှု တွေနဲ့ သီကုံး…
ငါတို့ ကြားမှာ မဆုံးတမ်းအချစ်တွေ ရှိတယ်…
စာနာမှု တွေ နဲ့ ဖွဲ့ တည်
ရှုမြင် မဆုံးတဲ့ မေတ္တာပန်းကုံးတွေ ရှိမယ်….

ငါတို့ လျှောက်မယ့် လမ်း
ပန်းမခင်း ၊ ဆူးမနင်း
သဘာဝတရားတွေ ကိုပဲ
ဥာဏ်နဲ့ ထွင်းလို့ နင်းဖြတ်မယ်….

မနက်ခင်းတိုင်းမှာ အတူနိုးထလို့ 
နေ့ ရက်တိုင်းမှာ အတူခရီးဆက်ကြမယ်…
ဒီကဗျာ ကိုဖတ်နေတဲ့
မင်းမျက်ဝန်းရဲ့ 
ဆံခြည်မျှင်သွေးကြောလေးတွေဆီကတဆင့်
မင်း နှလုံးသားနဲ့ …
မင်းဘ၀ ရဲ့ နေရာလေးတွေဆီ အထိ
ငါ စီးကူး ဖြာဆင်းခဲ့ပြီ….

ငါဟာ မင်းအတွက် အရာရာ မဖြစ်နိုင်ရင်တောင်
ငါဟာမင်းရဲ့ တနေရာ ဖြစ်နေမှာ သေချာပါရဲ့ ကွယ်…
ဒီလိုနဲ့ ….
တယောက်ရဲ့ ယုံကြည်မှုဟာ
တယောက်ရဲ့ ရင်ခွင်ထဲ….
လင်းပစွာ စီးကူးသွားတဲ့ အကြောင်း….
ဖွင့်မပြောပဲသိကြမယ်…

အေးချမ်းပါစေ ”ချစ်သူ”
ယနေ့ မှစ….
ကျမ နှလုံးသား လှုပ်ရှား နေသရွှေ့ ….
ရှင့်ကို ကျမ
အရမ်းချစ်မယ်….
“ အရမ်းချစ်တယ်…. ။ ။

11 Comments:

  1. Sein Lyan Tun said...
    ချစ်ပါ ငါ့ညီမရယ်

    အရမ်းပဲ ချစ်လိုက်ပါ...

    အောင်မလေးလေးးးးး

    အကိုတောင်လိုက်မမှီပါလားနော်.....

    ပူပင် ဟန်ဆောင်ဝေကွားခြင်းနဲ့ ညီမျှခြင်း တွေ မရှိတဲ့ လမ်းမှာ မေတ္တာပန်းကုံးလေးတွေကို သံယောဇဉ်ကြိုးနဲ့ သီကုံးနိုင်ပါစေလို့

    အီကိုကြီးဆုတောင်းပါတယ်

    ငါ့နှယ်နော်...

    ချစ်တဲ့လွန်းတဲ့ ညီမလေးတစ်ယောက်မှ ရရတယ်လို့ 

    နှမ .... နေ အကိုလဲ..... ကြိမ်းနေပီးး

    အဟီးးး


    အကိုကြီးကို မဂလဆ အတွက် ဖစ ပေးမယ်ဆိုရင်

    phoesein@gmail.com ပါ

    ချစ်ခင်စွာဖြင့်

    ဖိုးစိန်
    နဒီမိုးညို said...
    စာသားလေးတွေက.နူးညံ့လှပပါတယ်..ရှင်..
    ပျော်ရွှင်ပါစေနော်..
    မသက်ဇင် said...
    နွေးနွေးလေးရေ
    ချစ်နိုင်ပါစေကွယ်
    ချစ်ခင်လျက်
    လင်းကြယ်ဖြူ said...
    ငါတို့ ကြားမှာ ပူပင်ခြင်းတွေ မရှိဘူး..
    ငါတို့ ကြားမှာ ဟန်ဆောင်ခြင်းတွေ မရှိဘူး…
    ငါတို့ ကြားမှာ ဝေးကွာခြင်းတွေ မရှိဘူး…
    ငါတို့ ကြားမှာ ညီမျှခြင်းတွေ လဲမရှိဘူး…

    မိုက်တယ် ဟေးးးးးးး....

    ပျော်ပါစေ
    Phyo Maw said...
    နွေးထွေးမှု တွေနဲ့ သီကုံး…
    ငါတို့ ကြားမှာ မဆုံတမ်းအချစ်တွေ ရှိတယ်…

    ဝစ်စနှစ်လုံးပေါက် ကျန်ခဲ့တယ်ထင်တယ်
    မဆုံတမ်းလား
    မဆုံးတမ်းလား
    တစ်ခုခုတော့ တစ်ခုခုပဲ :D
    မမနွေးတို့များ အချစ်ကြီးတယ်။ ဟူး...
    အငယ်တွေ သက်ပြင်းချရတယ်။
    မိုးခါး said...
    ညီမျှခြင်း(=)တခု ထားပြီးတောင် မခြားချင်ဘူး ..

    အရမ်း ကြိုက်တယ် နွေးရေ
    နှစ်ယောက်သား ဘ၀လမ်းခရီး သာယာပျော်ရွှင်ပါစေ

    ချစ်တဲ့
    သီဟသစ် said...
    ညီညီနှင့်နွေးနွေးတို့ရေ

    ယနေ့မှစ နှစ်တရာတိုင်ပါကွယ်
    အောင်မြင်ပျော်ရွှင်သော ဘ၀ခရီးလမ်းကို နှစ်ကိုယ်တူ လျှောက်လှမ်းနိုင်ပါစေကွယ်

    ခင်မင်စွာဖြင့်
    သီဟသစ်

    P.S သမီးလေးမွေးရင် ခမည်းခမက်တော်မယ် :D
    မဆုမွန် said...
    မြင်ရတာ စိတ်ချမ်းသာလိုက်တာ ချစ်သူနှစ်ဦး ဘ၀လမ်းခရီးမှာ ငြိမ်းချမ်းပျော်ရွှင်ပါစေ
    Moe Myint Tane said...
    ဒီလင်ဒီမယား ပျော်ရွှင်ချမ်းမြေ့စွာနဲ့ ရာသက်ပန် ရိုးမြေကျ ပေါင်းဖက်ရပါစေလို့ မင်္ဂလာဆုမွန်တောင်းပေးပါတယ်ဗျာ။ ကဗျာ ကတော့ရှယ်ဘဲ။

    ချစ်ခြင်းအယူသင်္ချေမှာ
    အမုန်းမြူတွေဝေးလို့
    သံယောဇဉ်တေးထပ်နဲ့
    တစ်သက်မခွဲနိုင်
    တစ်ယောက်လက်တစ်ယောက်ဆွဲကိုင်လို့
    ဆွယ်တော်လိုဘ၀များစွာ
    နှစ်လွှာအသည်းပန်းဆင်မြန်းရင်း
    ညီနဲ့ညီမ ရာသက်ပန်မြဲခြင်းကိုလျှောက်လှမ်းနိုင်စေ။


    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်
    Anonymous said...
    ညီမလေးနွေးရေ....ကဗျာလေးကအရမ်းကောင်းပါတယ်
    အရွယ်နဲ့ မမျှအောင်ဖေါက်ထွက်နိုင်တဲ့ ကဗျာ့ ဥာဏ်လေး
    အရမ်းကွန့် မြူးလွန်းပါတယ်။အကုန်ကောင်းပါတယ်။အစ်
    ကိုက.ကဗျာလေးတွေချစ်တယ်လေ။အမြဲအားပေးနေပါတယ်
    ညီမတို့ လဲရာသက်ပန်ပျော်ရွှင်စွာပေါင်းသင်းကြရပါစေလို့ 
    ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
    ko zay (s/korea) said...
    အပေါ်ကနံမည်မပါသွားလို့ လေ။မှတ်ထားပေါ့ ကိုဇေ ပါ။

Post a Comment