“ချစ်သူဆက်မရေး ဖြစ်တဲ့ကဗျာ… “









ကိုယ့်ရင်ဘတ်ထဲကို ကိုယ်ပြန်ငုံ့ ကြည့်မိတိုင်း
ငါ် မင်းကို မစွန့် လွှတ်နိုင်မှန်း
သေချာသထက်သေချာလာခဲ့ပါရဲ့ ...

သွေးအေးတတ်လွန်းတဲ့ ကံကြမ္မာကို
ခြေရာခံဖို့ မဖြစ်နိုင်သေးပေမယ့်
ငါတို့ နှလုံးသွေးတွေ ပူနွေးနေသမျှ
ငါက မင်းကို အတိုင်းအဆ မဲ့ချစ်နေခဲ့ ဦးမယ်....

မမဲချင်ပဲမှောင်နေခဲ့ရတဲ့ဘ၀ ထဲ
ချိုမြသော အပြုံးတပွင့်သာတောက်ပတတ်ဖူးခဲ့
မင်းပြုံး လိုက်တဲ့အခါတိုင်း
ငါ့ရင်ထဲက မျှော်လင့်ချက် မျက်ဝန်းတွေ
တဖျတ်ဖျတ် ခတ်တယ်...

ချစ်သူကို ချစ်တယ် ပြောဖို့ 
ဆွံ့ အခဲ့ဖူးတဲ့ ဒီနှုတ်ခမ်းတစုံကို
တိတ်တဆိတ် ဒဏ်ပေးဖြစ်တယ်..
မသိမသာ တမျိုး ၊ သိသိသာသာတမျိုး
တကယ်ဆိုငါက မင်းကို နှစ်မျိုးချစ်တတ်ခဲ့တဲ့သူပါ....

ချစ်သူ့ အိပ်မက်တွေ ကို အသက်သွင်းဖို့ 
လောကကြီးဆီက အသိဥာဏ် တမျိုးလက်ဆောင်တောင်းဖြစ်တယ်…
ဟန်ဆောင်သူအိပ်မက်ထဲ
ချစ်သူ့မျက်ဝန်းညိုတွေ ရဲ့ အပွေ့ အဖက်မှာ
ထာဝရ အိပ်စက်ခွင့်ပေးလှည့်ပါ…. ။ ။

6 Comments:

  1. mgnge said...
    တယ်ဟုတ်ပါလား...။
    စကားလုံးတွေ ပိုလတ်ဆက် လာ တယ်...။
    :)
    မိုးခါး said...
း))
    ချစ်နေတာ ချစ်နေတာ
    ချစ်ကြပါ ချစ်ကြပါ :D
    ပုံကို အကြီးချဲ့ပြီး ကြည့်သွားတယ် ..း)
    s said...
    ကဗျာလေးက မိုက်လိုက်တာ မမ ရေ ၊
    ko zay (s/korea) said...
    ချစ်သူဆက်မရေးဖြစ်လို့ ကဗျာဒီလောက်ရှည်နေတာ ။ဆက်ရေးဖြစ်ရင်တော့ အားပေးတဲ့ သူတွေတစ်ထောင့် 
    တစ်ညတောင်ဖတ်လို့ ပြီးမှာမဟုတ်ဘူး။အရေးအသား
    တွေလုံးဝခိုက်တယ်ညီမရေ။လိုက်မမှီတော့ ဘူး။အား
    ပေးနေပါတယ်။လိုက်မှီသွားအောင်ရီးစားလေးတစ်ယောက်
    ကောက်ထားကြည့် အုံးမှ ။ဒါမှလဲကဗျာကောင်းလေး
    ထွက်လားမလားဘဲ ။ ။
    လင်းကြယ်ဖြူ said...
    သွေးအေးတတ်လွန်းတဲ့ ကံကြမ္မာကို
    ခြေရာခံဖို့ မဖြစ်နိုင်သေးပေမယ့်....

    ညီမရဲ့ နေရာကိုတော့ ခြေရာခံပြီး လိုက်လာတယ်နော်..ဟဲ..
    ပျော်ပါစေ နှစ်ယောက်စလုံး
ိလေပြေ said...
    အစ်မရေ....လာဖတ်တယ်။ကဗျာကိုပြောတာနော်။ခံစားချက်နဲ့ ရေးတာလားဗျ။စကားလုံးတွေတော်တော်ကောင်း
    တယ်နော်။အားပေးလျှက်ပါ။

Post a Comment