မြတ်နိုးမှု ကောင်းကင်သို့ …










နေရာဆိုတာ ယူတတ်မှ ရနိုင်တာလား သခင်
စကားတတ်ပါ့ လို့ မကြာခဏပြောဖူးတဲ့
ဒီနှုတ်ခမ်းပါးကစကား သခင့် နားနဲ့ ဆတ်ဆတ် ပန်ပါဦးလား…
သခင့်အလင်းရောင် အောက်မှာမှ ပျိုးပြက်တောက်ပချင်သူ
ကျမ အတွက် က..
မစိုစလောက် ဘ၀နဲ့  လက်ဝေခံ အချစ်တချို့ အတွက်လဲ
နှစ်သိမ့်ရဲပါရဲ့ …။
သခင့် အနီးအပါးမှာ လျှင်ပျော်ပါး..
သခင့်စကားသံတွေ ကိုမှ နာကြားချင်နေ မိတော့..
ပိုင်းဖြတ်တတ်တဲ့ ဦးနှောက် ဆိုတာလဲ…
ဟော့ဟို တောင်စွယ်မှာ ကွယ်ကွယ်သွားတတ်တဲ့
နေ တစင်းလို ထင်ပါ့….။
အမှန်ဆို ဖြူဖြူစင်စင် ပျိုးခဲ့သင့်ပါရဲ့  သခင်..
မေတ္တာ နဲ့ ရင်းတဲ့ချစ်ခြင်း…
အပြစ် ကင်း ကင်း မ ကင်းကင်း
ကျမ မက်မော ဖက်တွယ်မိချင် ရဲ့ ။
မည်သို့ ပင်ဖြစ်စေ..
ဒီ အရိပ်မှာပင်ပျော်ပါ ရဲ့ 
အတ္တ တရားတို့ အုံ့ မိုးရာ
ဟော့ဒီ ထီးနီနီ တလက် အောက်မှာပဲလေ…။
ဒီလိုပါတဲ့ သခင်
အချစ် ဆိုတဲ့စကား သခင့်နှုတ်ဖျားမှ
မဦးမချွတ် ပန်ကြားခွင့် ရခဲ့ရင်ကိုဖြင့်
အချစ်ဆုံး ရကျိုးလဲ နပ်ခဲ့ပြီ…
ဒီနေ့  ..ဒီရက်..ဒီနေရာမှ စ၍..
သခင့်အပါး…တဖ၀ါးမခွါ…
ချစ်ခြင်းအားဖြင့်…သခင့်စေစားရာ…
သခင်သာလျှင်……
……………………… ..။

5 Comments:

  1. လင်းထက် said...
    ဘေးက ချစ်ချစ် ပုံကြီးက စာတွေပေါ် အုပ်နေလို့ ကောင်းကောင်း ဖတ်မရဘူး လုပ်ပါအုံး
    Anonymous said...
    ကဗျာလေးက အရမ်းကောင်းအရမ်းမိုက်တာပဲ။


    ခင်မင်စွာဖြစ်
    ငယ်
    လင်းကြယ်ဖြူ said...
    ပိုင်းဖြတ်တတ်တဲ့ ဦးနှောက် ဆိုတာလဲ…
    ဟော့ဟို တောင်စွယ်မှာ ကွယ်ကွယ်သွားတတ်တဲ့
    နေ တစင်းလို ထင်ပါ့….

    ဟုတ်တယ်နော်...
    မိုးခါး said...
    ဟွန်း ပြောချင်ဘူး .. :P
    ဖြိုးငယ် said...
    ဒီကဗျာရဲ့ အရေးအသားလေးကိုကြိုက်တယ်ဗျာ

Post a Comment