ကျိန်စာ တခုရဲ့ နိဂုံး



ဒါဟာအိပ်မက်မဟုတ်ဘူး
တစ္စေတကောင်ရဲ့  ရှိုက်ငိုသံတွေ အဆုံး
ငါဟာ….
ဘူတာရုံ မသိနိုင်တဲ့ သံယောဇဉ်ပေးရထားတစင်းပါ…
ခူးဆွတ်ခွင့် မရတော့တဲ့ ခရမ်းပြာပန်းပွင့်လေးက
ငါ့ကိုလှောင်ပြုံးပြုံးတယ်…

ငါ့ကိုလွတ်မြောက်ခွင့်ပေးပါ…
ကောင်လေးနဲ့ စတွေ့ ခဲ့တဲ့
ဘူတာရုံလေးဆီပြန်သွားဖို့ 
ငါ့ ခြေလှမ်းတွေက ငါ့ကိုစောင့်နေကြလိမ့်မယ်…

ငါပွေ့ ဖက်အိပ်စက့်ခဲ့တဲ့ အရုပ်ကလေးတွေက
ငါ့ကိုလိုအပ်နေလိမ့်မယ်…

ငါ တရှိုက်မက်မက် နမ်းရှိုက်ခွင့်မရတော့တဲ့
ချစ်သူ့ ပါးပြင်လေးက
ဟာတာတာ ဖြစ်နေလိမ့်မယ်…

ဖြစ်နိုင်မယ်ဆိုရင်
ငါ့မျက်ဝန်းတွေ ကို ခေတ္တခရီးထွက်ခွင့်ပေးပါ
ငါမြတ်နိုးခဲ့ဖူးတဲ့ နှုတ်ခမ်းချွန်ချွန်လေး တစုံဆီ ရယ်
ငါမုန်းတီးခဲ့ဖူးတဲ့ ယောင်္ကျားတယောက်ရဲ့ မျက်ရည်တွေရယ်ကို
ခဏလေးဖြစ်ဖြစ် မြင်ခွင့်ရလိုက်ချင်လို့ …

ဒါဟာအိပ်မက်မဟုတ်ဘူး
မခူးသင့်ပဲခူးခဲ့တဲ့ ပန်းတပွင့်အတွက်
မစူးသင့်ပဲ စူးခဲ့ရတဲ့
ကျိန်စာ တခုရဲ့ နိဂုံးတဲ့…..။ ။

9 Comments:

  1. ကိုလူထွေး said...
    ယောက်ျားလေးတွေဆို မျက်ရည်ကျခွင့် မရှိဘူးလား

းဝ)
    Unknown said...
    ကဗျာလေးက သံယောဇဉ်အငွေ့အသက်တွေ ပါနေသလိုပါပဲ...

    ကျိန်စာ တခုရဲ့ နိဂုံးတဲ့...


    ပျော်ရွှင်ပါစေ နွေးရေ...
    kaungkinpyar said...
    ဒါဟာ အိမ်မက်တခုတဲ့လား
    Sein Lyan Tun said...
    love to read ;)

    Is not a dream...

    Give me freedom....

    Is it the end of the curse?

    Is not a dream... ;)

    love it

    keep going on

    with love & peace

    your beloved brother

    phoesein
    လင်းကြယ်ဖြူ said...
    ဒါဟာအိပ်မက်မဟုတ်ဘူး
    မခူးသင့်ပဲခူးခဲ့တဲ့ ပန်းတပွင့်အတွက်
    မစူးသင့်ပဲ စူးခဲ့ရတဲ့
    ကျိန်စာ တခုရဲ့ နိဂုံးတဲ့
    ဂျပန်ကောင်လေး said...
    :)
    Anonymous said...
    ငါဟာ….
    ဘူတာရုံ မသိနိုင်တဲ့ သံယောဇဉ်ပေးရထားတစင်းပါ…
    ခံစားချက် အတွေးလေးတွေ ကောင်းတယ်ဗျာ။
    Anonymous said...
    ဒါက ကျိန်စာလို့ တော့ မပြောပါနဲ့ ။နူးညံ့ တဲ့ နှလုံးသား
    ရဲ့ စေစားရာလိုက်ပါကြရတာ ။လူတိုင်းလူတိုင်းရဲ့ ဝေဒနာ
    လို့ လဲပြောလို့ ရတယ်။ဘာလိုဒီလိုကြုံနေရကြရတာလဲ ။
    တစ်ယောက်တည်းလဲနေကြည့် ချင်တယ်မရဘူး။ပန်းကို
    စူးမှန်းသိရဲ့ နဲ့ ကိုင်မိချင်နေတာအပြစ်လား။မမှားပါဘူး။
ုko zayု(s/korea) said...
    ညီမကဗျာလေးမိုက်တယ်အပေါ်မှာရေးထားတယ်နော်မှတ်ချက်။

Post a Comment