"...လမ်းခွဲ..."



သီချင်းလေးတွေ ချန်ထားခဲ့ပြီး
ကို' ထွက်သွားတဲ့နေ့ မှာပေါ့......
ဆွံ့ အနေတဲ့ နှလုံးသားက
နှုတ်ဆက်ခွင့်လေးတောင် မရနိုင်ပါဘူးလေ...

အမှောင်ယံ ထဲမှာကျန်ရစ်ခဲ့တဲ့
ကို့ 'ရဲ့ အရိပ်အငွေ့  သံစဉ်လေးတွေကမှ
လေ အဝေ့နဲ့ အတူ...ကျမ နားထဲကြားယောင်လို့ 
နှုတ်ဆက်မှု တစုံတရာကိုပေးခဲ့ပါသေးတယ်...။

ကို'ရေ.....
ကျမ ပေးလိုက်နိုင်တာကတော့
ဘယ်လိုမှ မေ့မရနိုင်တဲ့.....ချစ်ခြင်းတွေဖြစ်ပြီး
ကို' ပေးခဲ့နိုင်တာကတော့
အေးစက်တည်ငြိမ်တဲ့ .......
ဥပက္ခာ ခြေသံတွေပဲ.....ဖြစ်မှာပါလေ........။ ။

9 Comments:

  1. နဒီမိုးညို said...
    လမ်းခွဲ...တဲ့
    ဓါတ်ပုံ..နဲ့ ..ကဗျာခေါင်းစဉ်နဲ့ လိုက်တယ်..
    ပျော်ရွှင်ပါစေ..
    ဂျပန်ကောင်လေး said...
    ဟေ့.. ပျော်စရာတွေစပ်ဦး...
    Anonymous said...
    အဲလိုတော့လဲ ဟုတ်လောက်ပါဘူး..။
    သူ့ရင်ထဲမှာလည်း တစ်စုံတစ်ခုတော့ ခံစားမိမှာပါ...။

    ပျော်ရွှင်တဲ့ ဘဝခရီးကို လျှောက်လှမ်းနိုင်ပါစေအစ်မ..
    Sein Lyan Tun said...
    ကိုနဲ့ လမ်းခွဲပြီးရင် မောင်နဲ့လမ်းဖောက်မယ်လေ....

    နော်


    လမ်းခွဲဖို့စကားမဆိုပါနဲ့ 


း)

    ချစ်ခင်စွာဖြင့်

    ကိုကြီး

    ဖိုးစိန်

    ကဗျာလေးနဲ့ ဓာတ်ပုံလိုက်တယ်
    လင်းကြယ်ဖြူ said...
    အေးစက်တည်ငြိမ်တဲ့ .......
    ဥပက္ခာ ခြေသံတ္ဂေ..........နဲ့
    တည်ငြိမ်စ္ဂာလျောက်လှမ်း ရင်း

    ပျော်နိုင်ပါစေ.....

    ကဗျာလေးက ထုံးစံအတိုင်း ကောင်းတယ်..
    mgnge said...
    ကဗျာဖတ်ရင်း ကြောင်တောင်တောင်ဖြစ်သွားတယ်.. ။
    နောက်မှာ labels မှာ ငယ်ငယ်က ကဗျာ ဆိုလို့ 
    စိတ်ပေါ့သွားတယ်..။
    ဟူးး
    မလွယ်ဘူးကွယ်
    ကောင်းကင်ပြာ said...
    အချစ်ကဗျာ အလွမ်းကဗျာ လေးတွေ ကောင်းတယ်နော်၊ ရေးတတ်လိုက်တာ
    Anonymous said...
    ဟင်းနော်
    ပြီးမှ ဟိုတယောက် စိတ်ကောက်ပြီး ရုပ်ရှင်တယောက်တည်း သွားကြည့်နေဦးမယ်
    :D

    မိုးခါး
    WWKM said...
    လမ်းခွဲစကားမပြောပါနဲ့လား ညီမလေးရယ်.. အခုမှဇာတ်လမ်းစရုံရှိသေးတယ်.း)))

    ပျော်ရွှင်ကြပါစေ.

Post a Comment