ပြန်မဆုံဖြစ် ကြရင်












ရင်တွေနာလိုက်တာ….
ချစ်သူ လို့ တီးတိုးညည်းတွား လိုက်တဲ့ခဏ မှာတင်
အသိ က အရှိုက်ကို လာထိတယ်…
အသိတရားကြောင့်ရှက် တာလား….
အရှက်တရားကြောင့် သိတာလား…
သေချာတာကတော့
မင်း မတရားဘူး….

ငါ ဘာမှားခဲ့သလဲကွယ်….
ဘာ ဆိုဘာမှ မသိခဲ့တာကလွဲရင်…

ငါ ဘာမှားနေသေးလဲကွယ်…
ဘာဆိုဘာ အသိတရားမှ မရှိတော့တာကလွဲရင်…

တကယ်လို့ ဝေးခဲ့ရင်…
ငါ မင်းအဝေးမှာမနေတတ်ခဲ့ကြောင်း
ပြန်ပြောပြမယ်…

တကယ်လို့ လွဲခဲ့ရင်..
ငါ မင်းနဲ့ အလွဲမခံရဲခဲ့တဲ့ အကြောင်း
မင်းနားလည်ဖူးအောင်…
ငါရှင်းပြမယ်….

တကယ်လို့ …တကယ်လို့ ပေါ့ကွယ်…
ငါတို့ ပြန်မဆုံ ဖြစ်တော့ရင်….
စိတ်ချင်း..နှလုံးသားချင်းပါ…
အပြီးသတ် ဝေး ပေးလိုက်ကြရရင်…

ငါ မင်း အပေါ် နင့်နင့်နဲနဲ
ချစ်တတ်ခဲ့တဲ့ အကြောင်း …
ဒီရင်တခုလုံးစာ…ရင်းပြီး …
…………………………………
…………………………………..။ ။

(ကျမ ရဲ့ ရက်လွန်ပြက္ခဒိန်လေးတခုပါ…..ချစ်သူ နဲ့ ဝေးနေရတဲ့ခဏ ကဒိုင်ယာရီထောင့်စွန်း လေး)


7 Comments:

  1. Demon(ဖိုးသား) said...
    တကယ်လို့ ဝေးခဲ့ရင်…
    ငါ မင်းအဝေးမှာမနေတတ်ခဲ့ကြောင်း
    ပြန်ပြောပြမယ်…

    ကျွန်တော်လည်း အဲလိုပါပဲဗျာ...
    ပျံသန်းခြင်းရပ်ဝန်း said...
    ရက်လွန်ပြက္ခဒိန်လေးကလှပပါတယ်ဗျာ...
    အမြန်ဆုံးပြန်ဆုကြပါစေဗျာ...ံ
    ဖြိုးဝေတိုး said...
    ချစ်သူ လို့ တီးတိုးညည်းတွား လိုက်တဲ့ခဏ မှာတင်
    အသိ က အရှိုက်ကို လာထိတယ်…

    စာသားလေးလှလွန်းပါတယ်
    အားပေးလျှက်
    Htoo Aung Lwin said...
    အမြဲ တမ်းကို ချစ်နိုင်စေ သောဝ်..........
    မေလေး said...
    တကယ်လို့ …တကယ်လို့ ပေါ့ကွယ်…
    ငါတို့ ပြန်မဆုံ ဖြစ်တော့ရင်….
    စိတ်ချင်း..နှလုံးသားချင်းပါ…
    အပြီးသတ် ဝေး ပေးလိုက်ကြရရင်…

    ငါ မင်း အပေါ် နင့်နင့်နဲနဲ
    ချစ်တတ်ခဲ့တဲ့ အကြောင်း …
    ဒီရင်တခုလုံးစာ…ရင်းပြီး …
    …………………………………
    …………………………………..။ ။

    ညီမလေးရေ ဒိစာသားလေးကို အရမ်းနှစ်သက်မိပါတယ်..
    ရင်တစ်ခုလုံးစာရင်းပြီး
    မင်းသိအောင်ပြောပြချင်လိုက်တာ(မမဆက်လိုက်တာပါ..စိတ်မဆိုးနဲ့နော်..ခံစားချက်တူနေလို့လေ)

    ခင်တဲ့
    မေလေး
    mgnge said...
    အချစ်ရုပ်ကြွင်းနဲ့ 
    ဆက် ပြီးလင်းနေဦးမယ်

    ငါထပ်ဆက်ရေးတယ်...
    စိတ်မဆိုးကြေး....
    Anonymous said...
    ပြန်မဆုံဖြစ်ကြရင်.. ဒီလိုတွေ ခံစားရမှာလား..။ ရင်တွေ တကယ် နာလှတယ်။

Post a Comment