တစ် နှစ် သုံး လေး ငါး ခြောက် ခွန်…..








မလွမ်းချင်ပဲ…လွမ်းရတဲ့အခါ….
အလွမ်းဟာ….နွမ်းနယ်…..
တစ် နှစ် သုံး လေး ငါး ခြောက် ခွန်…..
စိတ်ပြေလက်ပျောက် ရွတ်မိတဲ့ နံပတ်စဉ်ဟာ…
မေ့လျော့စ မွေးနေ့ တရက်အတွက်….
ပျော်ရွင်ပါစေ…ဆုတောင်းချွေ နေခဲ့…
“ပြန်လာခဲ့ပါဟာ”…တဲ့…
နားနဲ့ ဆတ်ဆတ် ကြားရက်ကတောင်
မယုံရက်နိုင်တဲ့ စကားတခွန်း….
မဖတ်ဖြစ်ပဲ ရင်ထဲမှာခေါက်သိမ်းထားခဲ့တဲ့
ကဗျာစာရွက်တရွက် ကို…
တခါ တခါ ထုတ်ကြည့်ဖြစ်တယ်…
တမ်းတခြင်းတွေ က ငါ့ရင်ခွင်ကို
အကျယ်လောင်ဆုံးဖုန်းခေါ်တယ်….
နင်ဟာ….သာသာယာယာ…
လှည့်ဖျားတတ်လေသော မာယာ….
တစ် နှစ် သုံး လေး ငါး ခြောက် ခွန်…..
တစ် နှစ် သုံး လေး ငါး ခြောက် ခွန်…..
ဖြစ်နိုင်မယ် ဆိုရင်
မလိုအပ်ပဲလဲ ထပ်ညာပါ….
နင်ရှာနေတဲ့ ပိုက်ဆံတွေလောက်တောင်…
ငါဟာ နင့်အတွေးတွေထဲနေရာ မရတော့တဲ့အခါ….
ငါသာလျှင်မင်းအကြောင်းကို တစ်ရာမှာတယောက်
အမှန်တရားသိသူအလား
ထင်ရောင်ထင်မှားစကားတွေနဲ့ ….
အရင်လိုငါ့အား ဆက်ညာပါ….
(……အိပ်မက်….)
ငါ့ကိုယ်ငါ ပြန်ဆယ်နေရင်းက….
“ငါ” ဆိုတာက ပျောက်ပျောက်သွားတယ်….
လပြည့်ညတွေအကြောင်း… ပုံပြင်တပုဒ် ထပ်ပြောပြပါ….
သ၀န်မတိုတတ်မှန်း သိသိရက်နဲ့  မကြာခဏ အရွဲ့ တိုက်ပြပါ…
ငါ့ကိုယ်ငါ ဖြန့် ကြည့်မိတဲ့အခါ….
ငါဟာ သိပ်ကိုပါးလျှ လွန်းပါလားးး….
အဲ့ဒီခွေးရုပ်လေး…ငါ့ကိုပြန်ပေးပါ….
နင်မဖတ်တတ်တဲ့ ငါ့ကဗျာစာရွက်တွေ ပြန်ပေးပါ….
ကျပျောက်သွားခဲ့တဲ့ ရင်ခုန်သံတွေပြန်ပေးပါ…
သုံးစားလို့ မရတော့တဲ့ နားလည်မှုတွေပြန်ပေးပါ…
တစ် နှစ် သုံး လေး ငါး ခြောက် ခွန်…..
တစ် နှစ် သုံး လေး ငါး ခြောက် ခွန်…..
တီးတိုးရေရွတ်သံဟာ…
ပတ်ဝန်းကျင် အသံတွေကြားမှာပဲ တိမ်ဝှက်သွားခဲ့…
တော်ပါ……
အလွမ်းတွေချည်းပဲ သောင်လာထွန်းတော့တဲ့အခါ
ငါဟာ ကမ်းပါး တခုမဖြစ်ချင် တော့ပါ…။ ။

13 Comments:

  1. Sein Lyan Tun said...
    သကြားလုံးလေးတစ်လုံးစားဖို့လွယ်သလိုမပြောချင်ပါ
    မင်းညှပ်ထားတဲ့ သရီးစတက်ဆံပင်လိုလှနေမလား
    အသည်းထဲရှိတဲ့ အချစ်ကို ပုံဖော်ကြည့်စမ်းကွယ်
    ရူးရူးမူးမူးစွဲလန်းနေသည် ထွက်ပြေးပါတော့
    ချစ်လိုက်တော့ ဝမ်းတူးသရီး အချစ်ကိုအိမ်မှာစောင့်

    ရယ်ဒီသရီးဖိုးဖွိုက် အသည်းလေးတံခါးဖွင့်ပါလားအချစ်ရယ်
    ဖွိုက်ဆစ် ဆဲဗင်း အမြဲနေချင်ပါတယ်
    ဆဲဗင်း အိပ် ဆစ် ၂၁ ပေါက်ပေါ့ကွယ်...
    အဟီးးး
    ချစ်တဲ့ ကို ကြီး
    ဖိုးစိန်
    Sein Lyan Tun said...
    ကမ်းပါးတစ်ခုမဖြစ်ချင်လဲ ချောက်ကမ်းပါးတစ်ခုဖြစ်လိုက်စမ်းပါ ခုန်ချလို့ကောင်းတယ် ဖီးလ်ပဲလေ
း))))))
    ကောင်းကင်ပြာ said...
    အလွမ်းတွေ သောင်ထွန်းလို့ မဖြစ်သေးဘူး ညီမလေး
    WWKM said...
    ကဗျာအရှည်ကြီးလာဖတ်သွားပါတယ် ညီိမလေးရေ.
    ဖိုးစိန် အရူး.း))
    သီဟသစ် said...
    ညီမနွေးနွေးရေ

    မော်ဒန်ဆန်နေသလိုပဲနော်။ လာဖတ်သွားပြီ
    အားလုံးအဆင်ပြေပါစေကွယ်

    ခင်မင်စွာဖြင့်
    သီဟသစ်
    မိုးခါး said...
    သီချင်းဆိုနေသလိုပဲ ..း)
    Htoo Aung Lwin said...
    တစ် နှစ် သုံး လေး............
    ကလင် ကလင် ဖုန်းလေး မြည်လာတယ်
    မဟာဆန် said...
    ကိုယ်ပိုင်ခံစားမှုလား....
    သူငယ်ချင်းရဲ့ အဖြစ်ကို ရေးတာလား....
    ဓါတ်ပုံလေးတွေထဲမှာတော့ အလွမ်းကို မမြင်သလိုပဲ...
    ကဗျာလေးကတော့ အရမ်းကောင်းပါတယ်
    ကာရန်ရော ရည်ရွယ်ချက်ရောပေါ့
    လင်းကြယ်ဖြူ said...
    ငါ့ကိုယ်ငါ ဖြန့် ကြည့်မိတဲ့အခါ….
    ငါဟာ သိပ်ကိုပါးလျှ လွန်းပါလားးး….

    ကဗျာတ္ဂေကတော့ ကောင်းပြီးရင်းကိုကောင်းနေတာပဲ
    Good တယ်ဘော်ဒါရေ ..
    ♣♣♣အိမ်မက်ချို♣♣♣ said...
    ရောက်ပါတယ်ညီမရေ...ကဗျာလေးကောင်းတယ် ဖတ်သွားပါတယ်
    ဂျပန်ကောင်လေး said...
    နွေးရေ.. ဒီတခါလက်ရာလည်း ရှယ်ပဲဟေ့... တကယ်ရေးတတ်တယ်... ဘယ်လိုများ စကားလုံးရွေးလဲ.. ၀ါဝါတို့ရောပဲ.. ကဗျာရေးရင် အရမ်းမိုက်တယ်..း)
    Fraganipani said...
    တစ် နှစ် သုံး လေး ငါး ငါး ငါး ရက်နေ့ :)
    Anonymous said...
    မလွမ်းချင်ပဲ…လွမ်းရတဲ့အခါ….
    အလွမ်းဟာ….နွမ်းနယ်…
    ကဗျာ အဖွင့်လေးကိုက လွမ်းမောဖွယ်..

    ဖြစ်နိုင်မယ် ဆိုရင်
    မလိုအပ်ပဲလဲ ထပ်ညာပါ….
    ထင်ရောင်ထင်မှားစကားတွေနဲ့ ….
    အရင်လိုငါ့အား ဆက်ညာပါ….
    ..ချစ်မိပြီဆိုရင် အရာရာ အပြစ်မမြင်တော့လေ သလား..။
    အလွမ်းတွေချည်းပဲ သောင်လာထွန်းတော့တဲ့အခါ
    ငါဟာ ကမ်းပါး တခုမဖြစ်ချင် တော့ပါ…။
    နှစ်သက်မိတဲ့ ကဗျာကောင်းလေးပဲ မနွေး။ ဘယ်လိုလို ရေးရေး ကောင်းလွန်းလှပါတယ်။ ဆို့နင့်မိတယ်။

Post a Comment