နင်ပြန်လာတဲ့ အခါ……









ဘယ်သူမှ မရှိတော့တဲ့နေ့ ရက်တွေထဲမှာ
ငါလေ…တယောက်တည်း
နင့်ပြန်အလာ ကိုစောင့်နေမိတုန်းပဲ….သက္ကရာဇ် ဘယ်နှစ်ခုပဲ ဖြစ်ဖြစ် ကုန်သွားစမ်းပါစေကွယ်…
နင့် အပြန်လမ်းဟာ
ငါ့ရှိရာ ဘက် လှမ်းခဲ့မယ်ဆိုရင်ပဲ ငါမျှော်လင့်ရကျိုး နပ်ပါလိမ့်မယ်….

နင် ပြန်လာတဲ့ အခါ
ငါ့ကိုသီချင်းဆယ်ပုဒ် ဆိုပြပါ အဖွင့်သီချင်းနဲ့ အဆုံးသတ်သီချင်းဟာတူညီပါစေ….

နင် ပြန်လာတဲ့ အခါ
စွယ်တော်နှစ်ရွက်ခူးပေးပါ…
အရွယ်အစားညီတဲ့ အရွက်ကလေးတွေဖြစ်နေပါစေ…

ကြောက်ရွံ့ နေလျှက်က ဒီအမှောင်နက်နက်ထဲမှာ
ငါဆက်ထိုင်နေမိတုန်းပဲ…
နင် များပြန်လာခေါ်မလားဆိုတဲ့ ခပ်တိမ်တိမ် မျှော်လင့်ချက်တခုနဲ့ လေ….

အားးးးးးးးးး…….

နှလုံးလေဟပ်တတ်တယ် လို့ ဆရာဝန်ကပြောပေမယ့်
ဒီလိုအမြင့်က ပြုတ်ကျလာတဲ့ခဏလွတ်လပ်ပေါ့ပါးသွားတဲ့
ခံစားချက်မျိုးကို ငါက နှစ်သက်တယ်….
ဒါပေမယ့်…
နင်ပြန်လာတဲ့အခါ ငါ့ကို တင်းတင်းကျပ်ကျပ် ထပ်တားမြစ်ပါ….

နင်ပြန်လာတဲ့အခါ…
နင်မကြည့်လိုက်ရတဲ့ ဘောလုံးပွဲအကြောင်း
အခြေအနေ ဘယ်လိုလဲ လို့ ဖုန်းဆက်မေးပါ…
ငါ ဒီတခါ “ …. ရှုံးတယ်” လို့ ရှုံးတဲ့အသင်းကို အရင်မပြောပြဖို့ ကြိုးစားမယ်…
နင် ပြန်လာတဲ့ အခါ
နင်ငါ့ ကိုခေါင်းခေါက်ဖို့ မကြိုးစားနဲ့ ….ဒီပွဲလဲ နင့်ကြိုးကြာနီတွေ ရှုံးမှာပါပဲ….လို့ တော့ပြောချင်သေးတယ်…

ကောင်လေးရေ….
နင်က ငါ့ကို အနာဂတ်တွေအကြောင်းသင်ပေးနေရင်းက ပစ္စုပ္ပန်တွေထဲက ထွက်ပြေးတယ်….

နင်ပြန်လာတဲ့အခါ….
ခရေပန်းလေးတွေ ကောက်လာပြီး… ငါ့ကျောပိုးအိတ်အနီလေးထဲ ထည့်ပေးပါ….

နင် ပြန်ခဲ့ပါ..…..
ငါဟာ နင့်ကိုနားလည်ဖို့  အကြိမ်ကြိမ်ကြိုးစားနေခဲ့ကြောင်း….
တခါတလေ အမှတ်ရမိတဲ့ အခါ….

နင် ပြန်ခဲ့ပါ..…..
ငါဟာ နင်မဖြေချင်မယ့် မေးခွန်းမျိုးတွေကို..
ဘယ်တော့မှ မမေးတတ်တဲ့ကောင်မလေး တယောက်ဖြစ်ကြောင်း
နင်သတိရ မိတဲ့အခါ….

အဲ့ဒီ အချိန်….အဲ့ဒီ အခါ…..
……………………………………..
…………………………………………..
နင်ပြန်လာတဲ့ အခါ…………….။ ။

18 Comments:

  1. Anonymous said...
    သံယောဇဉ် မပြတ်စွာ ရောက်လာခဲ့ပါတယ် ညီမလေးရယ်။
    အဆိပ်ခွက် said...
    အဲဒီအချိန် .......... အဲဒီအချိန် နင်ပြန်လာတဲ့အခါ .. ငါကိုလက်ထပ်ပါ.. လိုဆက်ရေးလေ ခုမှလာရှက်နေတယ် ဟွန့် သိတယ်နော်.....

    ခင်မင်လျှက်
    အဆိပ်ခွက်
    ဂျပန်ကောင်လေး said...
    သူက ဘယ်ကပြန်လာမှာတုန်း..း)
    Htoo Aung Lwin said...
    နင်ပြန်လာရင် ငါ့အတွက် ငါးပိရည်တစ်ခွက်လောက် ကြိုထားပေးပါ။ “ငါငါးပိရည် အရမ်းကြိုက်လို့ပါကွ...........”။ ဒွေးလေသံနှင့်
    မဟာဆန် said...
    ဒီတစ်ခါပြန်လာရင်တော့ တစ်ခါတည်း တာဝန်ပေးလိုက်တော့...တစ်သက်လုံး ရှာကျွေးဖို့...ဟီး
    Fraganipani said...
    နင်ပြန်လာတဲ့အခါ ငါ့ကိုဗော်ကာ ၀ယ်တိုက်ပါ အနီတစ်လုံး. အ၀ါတစ်လုံး နှစ်လုံးဖြစ်ပါစေ ။
    သီဟသစ် said...
    နွေးနွေးရေ
    ကဗျာလေးတွေက အဆွေးဘက်တွေ များနေသလိုပဲ

    အားလုံး အဆင်ပြေ ပျော်ရွှင်ပါစေကွယ်

    ခင်မင်စွာဖြင့်
    သီဟသစ်
    Anonymous said...
    ငါဟာ နင်မဖြေချင်မယ့် မေးခွန်းမျိုးတွေကို..
    ဘယ်တော့မှ မမေးတတ်တဲ့ကောင်မလေး တယောက်ဖြစ်ကြောင်း
    နင်သတိရ မိတဲ့အခါ….

    ရေးချက်က ထိတယ် ညီမလေး . . . . . . .
    ကောင်းကင်ပြာ said...
    အင်းးးးးးးးး နင်ပြန်လာတဲ့ အခါ.....
    Unknown said...
    အော်...

    ဘဲအချိန်ထိ ရှိနေအုံးမှာလည်း...

    အင်းသူများတွေများ... မျှော်လိုက်ရတာ...

    တို့များကြတော့... ခေါ်လိုက်ရတာ...(ဖုန်း)

    ကိုယ်မှန်းလည်းသိရော... အင်း...

    ဘ၀တွေများ ဘယ်ဘ၀က အတိတ်ဝဋ်ကြွေးကြောင့်ပါလိမ့်...

    ဘယ်လိုကံကြမ္မာတွေ ကွေးကောက်ခဲ့လို့ပါလိမ့်....။

    ချစ်မိတော့လည်း ဘယ်ချိန်မုန်းသွားလေမလည်းလို့ စိုးရိမ်လိုက်ရတာ...

    အဲဒီအချိန်.... အဲဒီ..အခါပေါ့....

    အခွင့်ရှိသေးရင် ပြန်ဆုံချင်ပါသေးတယ်ဗျာ...

    မျှော်လင့်လျှက်... မျှော်လင့်နေစဲ... မျှော်လင့်နေတုန်း...

    ပျော်ရွှင်ချမ်းမြေ့ပါစေ
    ညီမလေး နွေးနွေး
    Sein Lyan Tun said...
    နင်ပြန်လာတဲ့ အခါ
    နင့်အတွက် ငါအကြွေးတွေပိုက်ပီးစောင့်နေမယ်...
    နင်ပြန်လာတဲ့အခါ
    နင်လျှောဖို့အဝတ်တွေ ချန်ထားမယ်..
    နင်ပြန်လာတဲ့အခါ
    နင်ဇက်ကြောဆွဲဖို့စောင့်နေမယ်
    အဟီးး
    ချစ်ခင်စွာဖြင့်
    ကိုကြီးဖိုးစိန်
    ကဗျာလေးကောင်းတယ်
    စချင်တာ
    နေမကောင်းဘူးလား
    အိမ်မရောက်လို့ စိတ်ပူနေတာ
    မီးငယ် said...
    ကဗျာလေးက အရမ်းကောင်းတယ်...
    ဟုတ်တယ်... သူပြန်လာမဲ့အချိန်ကို စောင့်နေတယ် ဆိုတာ
    သိစေချင်တယ်နွေးရယ်...
    Sein Lyan Tun said...
    ညီမလေးနွေး

    နေမကောင်းဖြစ်နေတာလား

    မပျောက်သေးဘူးလားးး

    နေကောင်းပါစေနော်

    ကဗျာရေးနေကျလေးတွေ မတွေ့တော့လဲ စိတ်ပူတယ်

    သတိရတယ်...

    ညီမလေးနေကောင်းလို့ပျော်ရွှင်ပါစေဗျာ

    ချစ်ခင်စွာဖြင့်

    ဖိုးစိန်
    မသက်ဇင် said...
    နွေးနွေးလေးရေ
    သူပြန်လာမှာပါ
    ချစ်ခင်လျက်
    Anonymous said...
    သူ ပြန်လာတဲ့အခါ.. ဆန္ဒတွေ ပြည့်ဝပျော်ရွှင်နိုင်စေ။
    လင်းကြယ်ဖြူ said...
    နင်ပြန်လာတဲ့အခါ....
    ငါ့ဆီမှာ ဘဏ်ကချေးထားတဲ့ အကြေ္ဂးတ္ဂေ
    ကူဆပ်ပေးလှည့်ပါ....
    ဒီ Economy Crises မှာ ကို ငချော မမောပါစေနဲ့ လို့ ဆုတောင်းပေးလိုက်ပါ
    နောက်တာပါ..စိတ်ဆိုးရ...
    ပျော်ပါစေ
    ကဗျာမလေး said...
    ညီမလေး နွေး သူပြန်လာတော့မယ်တဲ့ ... သူခရေတွေကောက်နေတယ်လေ :)
    ချစ်လျက်ပါ
    မိုးခါး said...
    နွေးရေ ..း)
    ခုချိန်ဆိုပြန်တောင်ရောက်နေပြီထင်ပ
    အမလာတာနောက်ကျသွားတယ်လေ
    ဟုတ်လား :D

Post a Comment