ကျမ ၏၀ါသနာ



မမ နှင်းဆီနက်ကတဂ်တယ်...၀ါသနာတဲ့..... ဘာတွေဝါသနာပါလဲ ဆိုတော့... ဟိုးငယ်ငယ်လေးထဲက မိနွေးလေးက သီချင်းဆိုတာလေ.... စုဗူးက ညီမလေးတွေဖြစ်တဲ့ဆာမူရိုင်းတို့ သံယောဇဉ်တို့ ကတော့သိပါတယ်... မရမ်းခြံကျောင်း တကျောင်းထဲထွက်တွေကိုး...

နွေးနွေး ဖေဖေက အရင်ထဲကအဆိုတော်လေ...စီးရီးလဲ ၁၄ခွေလောက်ထွက်ဖူးတယ်... သူတို ခေ့တ်တုန်းက စတီဒီယို အဆိုတော်ပေါ့လေ... နာမည်တော့မဖေါ်ပြချင်ဘူး... သူ့ ရဲ့ တချို့ သီချင်းခေါင်းစဉ်တွေက အခုချိန်ထိ
လူတွေပါးစပ်ဖျားမှာခတ်စားတုန်းပါ..."မှားပါတယ် ကိုသောင်းရယ် "တို့ .... "မာယာဒေ၀ီ" တို့ ...
အဲ့ဒီတော့ကာ...ဖေဖေ့သမီးနွေးကလည်း အနူပညာကိုဝါသနာပါတယ်ပေါ့လေ....
သီချင်းစဆိုဖြစ်တာကဒီလို... ဖေဖေ ကနွေး မမလတ်ကို အဆိုအကအရေးအတီး သင်တန်းဝင်ပြိုင်ခိုင်းတော့
နွေးက ၂တန်း..မမက ၆တန်းပေါ့နော်..မယ်ဒလင်နဲ့ ...သီချင်းတိုက်ပေးနေရင်း မမက သီချင်း မရသေးဘူး ..
နွေးက "ဖေဖေသမီးရပြီ" ဆိုပြီးဆိုပြလိုက်တာ..ဖေဖေ ကနွေးကိုပါ ပြိုင်ပွဲဝင်ခိုင်းတော့တာပေါ့...
အဲ...သီချင်းတိုက်ပေးရင်းလွဲတာတခုရှိတယ်.." စိမ်းလဲ့ကန်သာ" ဆိုတဲ့ အမေဒေါ်မေလှမြိုင်ရဲ့ သီချင်းကိုတိုက်တုန်းကပေါ့...သီချင်းထဲမှာက ညနေခင်းဆို ပျိုမေတသင်းရေခတ်ဆင်းတဲ့အကြောင်းလေးပါတယ်..အဲ့ဒီ့ကန်မှာလေ...စာသားလေးက ညနေစောင်းလေးကို "ယွန်းလုလုဂေါယာ" လို့ တင်စားထားတယ်...
အဲ နွေးက ၂တန်းရှိသေးတာ ဂေါယာ ဘယ်သိမလဲ... "ယွန်းလုလုရောဂါ" လို့ ဆိုတာ... ဖေဖေ ကဘယ်လိုမှပြင်ပေးလို့ မရဘူး...သမီးမှ မသိတာကိုးဆိုပြီး..နောက်ဆုံးဖေဖေ စိတ်ဆိုးပြီး ငါမယ်ဒလင်နဲ့ ကောက်ရိုက်လိုက်ရ ဆိုမှ..." ယွန်းလုလုဂေါယာ" ဖြစ်သွားတော့တာ..ဟီးး
အဲ့ဒီ ၂တန်းထဲက နှစ်တိုင်း ဆို၊က၊ရေး၊တီး ပြိုင်ပွဲဝင်ဖြစ်ခဲ့တာ ...နွေးဖေဖေ ဆုံးပါးသွားတဲ့ ၉တန်းနှစ်အထိ ပါပဲ... ဆုတွေလဲ အများကြီးရဖူးတယ်... မဟာဂီတ၊ ဓမ္မတေး၊ကာလပေါ် တေး သုံးမျိုးစ လုံး ဆိုတတ်တယ်...း-) ငယ်ငယ်ကလေ ...ကျောင်းမှာ ပြိုင်ပွဲဆို အစုံပါတာ... ပါလေရာလေးပေါ့... ကဗျာရွတ်ပွဲလဲပါတယ်... စာစီစာကုံးလဲပါတယ်... ဗုဒ္ဓဘာသာ..ရော ..ပန်းချီပြိုင်ပွဲရော... သီချင်းကလဲဆို...
အဲ...ကြွားလိုက်ဦးမယ်..ဟီးးး နွေးက အဆင့်ဆိုလဲ ၁ ကနေ သုံးကဘယ်တော့မှ မဆင်းဘူးဆရာ... မယုံရင် ညီမလေးဆာမူရိုင်းမေမေကိုမေးကြည့် နွေးဆရာမ အရင်းခေါက်ခေါက်ကြီးရယ်....သိလား..း-)
အဲ့ဒါ ၈တန်းနှစ်ရောက်တော့ပြိုင်ပွဲတိုင်းမှာဆုတွေအကုန်ရတော့ ကျောင်းကနေပြီးတော့ အမှတ်တရဆိုပြီး အကယ်ဒမီ ကြေးရုပ်ကလေး ဘက်စုံဆု ဆိုပြီးပေးတယ်လေ...ပျော်လိုက်တာ... ငါအကယ်ဒမီ ရပြီဆိုပြီးလေ..ဟိ... အဲ့ဒီ့ကြေးရုပ်ကလေး ကို သံပရာသီးနဲ့ ပြောင်နေအောင်ပွတ်ပွတ်ပေးပြီး ဧည့်ခန်းမှာထားပြီးကြွားရတာအမော... ငါက အတန်းပတ်လည်စာပထမ ၊ ပန်းချီ၊ကဗျာရွတ်၊စာစီစာကုံး ၊အဆို ၊ဗုဒ္ဓဘာသာသင်တန်းမှာ ပထမ ရလို့ ရတာဆိုပြီး... သူငယ်ချင်းတွေဆို အမြင်ကတ်ပြီး အိမ်မလာကြဘူး... အဲ့တလောကလေ...(ကြုံလို့ ကြွားပါသည်)း-P

ကျောင်းမှာ ဓမ္မစကြာရွတ်တယ်...အမွှန်းကိုနွေးပဲ အမြဲရွတ်ရတယ်... ဆယ်တန်းအောင်ပြီးသွားတော့တောင် နွေးတို့ မရမ်းခြံက ဆရာမ ဒေါ်မြင့်မြင့်အေးတို့ ဒေါ်ကြည်ကြည်ဝင်းတို့ ၊ဆရာမကြီးတို့ က အကူအညီတောင်းလို့ညီမလေးတွေကို ဓမ္မစကြာရွတ်နည်း သွားသင်ပေးရတယ်... ပြိုင်ပွဲရှိတာကိုး...ကျောင်းပေါင်းစုံလေ... အဲ ဒါပေမယ့် ကျောင်းစုံညီပွဲကျတော့ နွေးက တက်ကပြန်ရော...ဟီးးး သီချင်းဆိုတယ် ၊ကတယ်...ပြီးတော့ ကလေးပိစိလေးတွေကို "စပါကလင်အချစ် " တို့ ဝိုင်းဝိုင်းစက်စက် ၀လုံးကိုရေး...သီချင်းတွေနဲ့ အကသင်ပေးတယ်...
ပြောရမယ်ဆိုရင်နွေးက အနူပညာပိုးပါတယ်ပဲပြောရမှာပေါ့နော်.... ငယ်ငယ်ကသီချင်းဆိုတော့ အမေရီရီသန့် တို့ အမေ ဒေါ်တင့်တင့်ဝင်း (မဟာဂီတ)တို့ ကပြောဖူးတယ်... ပါရမီရှိတယ်ဆိုပဲ..ဟီးး
ကြုံရင် မောင်နှမတွေကိုသီချင်းဆိုပြမယ်....း-)

ကဗျာရေးတာကလဲ နွေးဝါသနာ... ၇တန်းလောက်မှာ နွေးစာအုပ်လေးတွေထဲ ကဗျာတွေရောက်နေပြီ...
ကိုယ့်ဘာကိုယ် မရေးတတ်ရေးတတ်စမ်းရေးတာတွေရော... သူများကဗျာလေးတွေကြိုက်လို့ ကူးထားတာတွေရော...လေ....
အသက်မွေး ၀မ်းကျောင်းမှု အတွက် နွေးဝါသနာပါခဲ့တဲ့ အလုပ်ကတော့ ကျောင်းဆရာမ ပါ...
ဖေဖေဆုံးသွားတော့မုဆိုးမ မေမေ့ရုန်းကန်မှုနဲ့  ဆယ်တန်းကို အလူးလူးအလဲလဲ ပညာသင်ခဲ့ရပေမယ့် ...
အမှတ်စာရင်းက အမှတ်လေးက များသေးနေတော့ မေမေ က ဘီအီးဒီ ရမှတက်ရမယ်တဲ့... ကံမကောင်းစွာနဲ့ ဘီအီးဒီခေါ်တဲ့ အမှတ်ကို ၂မှတ်ကပ်လွဲပြီး နွေးလဲ နည်းပညာ တက်လိုက်ရပါတယ်....
မူလတန်း၊အလယ်တန်းပြသင်တန်းပဲသွားတက်မယ် နောက်မှ ဘီအီးဒီဝင်ခွင့်ပြန်ဖြေမယ်..ဆိုတော့ မေမေ ကလက်မခံနိုင်ပါဘူး...နွေး ရထားတဲ့အမှတ်တွေကို နှမျောတယ်တဲ့....နွေးလဲ မေမေ ဖြစ်စေချင်တဲ့ ဘ၀ကိုပဲ
စနစ်တကျ ရှင်သန်ခဲ့ပါတော့တယ်...
နွေး ၀ါသနာတွေကတော့ အဲ့တာလေးတွေပါပဲ.... လောလောဆယ် ဘ၀အခြေအနေကြားထဲက ဖေါက်ထွက်ရင်း နွေးလုပ်ဖြစ်နေတဲ့ ၀ါသနာလေးကတော့ ကဗျာရေးခြင်းပေါ့....
ကျန်တဲ့ဝါသနာတွေကတော့ နွေးနွေးသဲမွန် ဖြစ်ခဲ့ဖူးတဲ့ဘ၀မှာကျန်နေခဲ့ပါပြီ...
အခုနွေးရဲ့ နာမည်အသစ် နဲ့ ဘ၀အသစ်က ဖြစ်သင့်တာတွေနဲ့ ... လုပ်သင့်တာတွေ....နဲ့ 
မနေချင်တဲ့အရပ်ဒေသတခုမှာရာယီ ရှင်သန်လှုပ်ရှားနေတဲ့.... စက်ရုပ်ဆန်ဆန်ကောင်မလေးတယောက်ပေါ့....

မမနှင်းဆီနက်ရဲ့ အကြွေးကိုဆပ်လိုက်ပါပြီနော်... မမရေ.ကျေနပ်ပါစေ... နွေးဒီရက်ပိုင်း ဖျားနေလို့ စာမရေးဖြစ်တာကြောင့် မမကို မနက်က တောင်းပန်လိုက်ရပါသေးတယ်... ကိုယ်တွေပူနေပြီး အခန်းကျဉ်းလေးတခုထဲမှာ မိသားစုမဲ့တယောက်တည်းစိတ်ပင်ပန်း တယ်...ပြီးတော့နွေးကအငြိမ်မနေ တတ်တဲ့ ကောင်မလေးလေ...ခုတော့ ငြိမ်ငြိမ်ကုပ်ကုပ်လေးနေရတာ..စိတ်ပျက်နေမိတယ်...
ရုံးပဲ ပြန်တက်ချင်လှပါပြီ.... နေမကောင်းလဲ မိသားစုဘေးမှာမရှိ...ကိုယ့်တယောက်တည်း...း-(
တအိမ်လုံးတယောက်တည်း သရဲကလဲကြောက်သေးတယ်... ။ ။

14 Comments:

  1. Htoo Aung Lwin said...
    တဂ်ပိုစ်တွေ ပဲရေးနေပါလား
    ကောင်းပါတယ် ကိုယ့် ဝါသနာကို သူများသိတာပေါ့နော်
    နှင်းဆီနက် said...
    င့ါညီမလေးနေအမြန်ကောင်းပါစေကွယ် ဒါမှရုံးမြန်မြန်ပြန်တက်ပြီး အိမ်လွမ်းတဲ့ဝေဒနာလဲသက်သာနိုင်မယ်မဟုတ်လား ဖြစ်တတ်ပါတယ်ညီမလေးရေ အမတောင်ဖျားတာနဲ့အရင်ဦးဆုံးတမ်းတတာအမေပါပဲ အရာရာအဆင်ပြေပါစေကွယ်....
    ခင်မင်စွာဖြင့်
    နှင်းဆီနက်
    နွေးနေခြည် said...
    ဘက်စုံတော်တဲ့ နွေးကို ချီးကျူးသွားပါတယ်။ တော်လိုက်တာ...
    ကြုံရင် သီချင်းဆိုပြီး ကပြရမယ်နော်း)
    နွေးဖြစ်ချင်တဲ့ ဘ၀လေးကို အမြန်ဆုံး ရရှိပါစေနော်
    ဂျပန်ကောင်လေး said...
    ဖျားတော့ဖျားတာပဲ.. ဒါပေမယ့် အကုန်လုပ်နိုင်တယ်ဟေ့.. ဟီးဟီး
    chocothazin said...
    နွေးရေ ဝါသနာလေးတွေဖတ်ပြီးအားကျသွားတယ်နော်။
    WWKM said...
    ညီမလေးရဲ့ဝါသနာလေးတွေဖတ်သွားပါတယ်ကွယ်.
    ကျန်းမာရေးလည်းဂရုစိုက်ပါဦး ညီမလေးရေ.

    ပျော်ရွှင်ချမ်းမြေ့ပါစေ.

    မမ၀ါ
    Fraganipani said...
    ညီမလေး နေကောင်းသွားပြီလား ဂရုစိုက်နော် အရေးကြီးတဲ့ အချိန်က တဖြည်းဖြည်းနီးလာပြီ
    Anonymous said...
    ဒါကြောင့်ကိုး အဆိုတော်ရဲ့ သမီလေးဆိုတော့ ဒီလောက်တောင် အဆိုဝါသနာပါပြီး အနုပညာ ကဗျာဆန် နေတာကို . . . . . .
    ကိုရင်နော်ခင်လေးငယ် said...
    သီချင်းဆိုတာလေး.. ဒါမှ မဟုတ် ကဗျာ ရွတ်တာလေး နားထောင်ချင်တယ်..း)
    Sein Lyan Tun said...
    အကိုကြီးနဲ့ ညီမလေး သီချင်းတူတူဆိုရအောင်
    ငယ်ကျွမ်းဆွေလေးး
    ဆိုမလား

    ကဗျာလေးတွေလဲဆက်ရေးပါ အကိုကြီးအားပေးနေပါတယ်

    သရဲကြောက်တတ်လား
    ကိုကြီးဓာတ်ပုံပို့ ထားပေးမယ်
    နေ့တိုင်း အခါတစ်ရာကြည့်
    ဒါဆို နောက်ဆိုရင်သရဲ မြင်ရင် ရိုးသွားလိမ့်မယ်
    ချစ်တဲ့
    ကိုကြီး
    ဖိုးစိန်
    မသက်ဇင် said...
    နွေးနွေးလေးရေ
    ဝါသနာလာဖတ်တယ်
    နေကောင်းပါစေ
    ချစ်ခင်လျက်
    သီဟသစ် said...
    ညီမနွေးနွေးရေ
    ၀ါသနာ လေးတွေ လာဖတ်သွားပြီ
    နောက်တစ်ခါ ဆုံဖြစ်ရင် သီချင်းဆိုပြခိုင်းမှ..

    နေကောင်းသွားပြီလား။ မြန်မြန်နေကောင်းပါစေကွယ်
    အကြွေးတွေတက်ကုန်တော့မှာ ပဲ ဟာဟ
    ခင်မင်စွာဖြင့်
    သီဟသစ်
    မိုးခါး said...
    နွေးရေ
    ဒီတခါတွေ့ရင်ဆိုပြနော် :P
    mgnge said...
    သီချင်းဆို ပြမယ်ဆိုတာ တကယ်လား ...
    မနောက်ကျေးနော်

Post a Comment