ကျမ၏ ချစ်သူ အတွက် ( ၁၁ ဂျွန် ၂၀၀၉)











သူဟာ ကျမ ဘ၀ကို ထာဝရ လင်းချင်းစေတဲ့
နေတစင်း၊ လတစင်း….
အတ္တနဲ့ မှောင်မိုက်နေတဲ့ ဘ၀ကို
မြတ်နိုးခြင်းနဲ့ လင်းစေတယ်…
လူတကာ အပေါ်
ယုံကြည်ခြင်း ကင်းမဲ့တတ်တဲ့
အေးစက်စက် နှလုံးသားတစုံ ကို
တငွေ့ ငွေ့ နွေးထွေးလာစေတဲ့
မီးလင်းဖိုလေးတခုပေါ့….
သူ့ မျှော်လင့်ချက်တွေကို
ကျမဥပက္ခာ ပြုထားတတ်ခဲ့ပေမယ့်
သူကတော့ နူးညံ့ခြင်းတခုထဲနဲ့ 
ကျမ ယုံကြည်ခြင်းတွေကို
ချဉ်းကပ်နိုင်ခဲ့တယ်…
ဟန်ဆောင်ခြင်းတွေ ၊မာနတွေ နဲ့ 
ချည်နှောင်ယှက်ခဲ့တဲ့လက်တစုံကို
မေတ္တာတရားနဲ့ ချစ်ခြင်း တွေ
လွှမ်းခြုံတဲ့ ဘ၀တခုအဖြစ်
နေရာတကျ ပြောင်းလဲပြနိုင်ခဲ့တဲ့
မှော်ဆရာ တပါး..
သူ့ ချစ်ခြင်းတွေ နဲ့ ကျမ ဘ၀ကို
နွေးထွေးမှုပေးခဲ့တယ်….
ဒါပေမယ့် သူနွေးထွေးမှု ရရှိခဲ့ပါသလား…
သူ့ အနမ်းတပွင့်နဲ့ 
ကျမ ယုံကြည်မှုတွေ ပြည့်ဝစေခဲ့တယ်
သူရော ကျမဆီမှ
ယုံကြည်မှုတစုံတရာ
ရရှိခဲ့ဖူးပါသလား…
အို….ကျမ ကိုယ်ကျမ မသေချာခဲ့ပါ…
ဒီနေ့ အထိ သေချာနေခဲ့သော အချစ်သည်..
ကျမ အတွက်တော့ ဒီ့ထက်ပိုသေချာနိုင်သော အချစ်
ထပ်မရှိလာနိုင်တော့သော
သက်တံ့ရောင်မြတ်နိုးမှုသက်သက်တခုဖြစ်သည်……
ဒီစာသည် ကဗျာမဟုတ်ပါ….
ကျမ ၏မှောင်မိုက်နေသော အတ္တမာန များနှင့်
သူ့ စိတ်နှလုံးအားနာကျင်စေခဲ့သော
နေ့ ရက်များအတွက် …
တစုံတရာသော တောင်းပန်ခြင်းတခု သာဖြစ်လိုပါသည်…
သူကိုယ်တိုင်
ထပ်ကာထပ်ကာ ကြားလိုခဲ့သော်လည်း…
သူ, ကိုယ်တိုင်မယုံကြည်နိုင်သေးသော စကားတခွန်းကိုသာ
ကျမ ရိုးရိုးလေးပြောပြချင်သည်…
သူ့ အားကျမ အတုအပမဲ့ချစ်ခဲ့ပါသည်..
သူ့ အားကျမ အတုအပ မထား ချစ်သွားပါမည် ဟူ၍သာ……။ ။

14 Comments:

  1. လင်းကြယ်ဖြူ said...
    ဟေး...ဟေးး..ဟေးးး...
    ပျော်ကြပါစေ မေတ္တာဝေ၏...
    Ree Noe Mann said...
    ဆက်လက်တည်တံ့ပါစေ ညီမလေးရေ
    ဆုတောင်းပါတယ်

    ကိုရီနို
    တောင်ပေါ်သား said...
    ခံစားချက်လေးတွေ မိုက်နေရောပဲ သူများ ချစ်သူတွေများကြတော့ အဟေးဟေးးး အားကျတယ်ဟေ့ ရှာဦးမှ


    လေးစားလျက်
    တောင်ပေါ်သား
    နွေးနေခြည် said...
    စကားလုံးတွေက ကောင်းလိုက်တာ...
    ကိုကိုကတော့ ပိုချစ်သွားတော့မှာပဲ ဟဲဟဲး)
    Htoo Aung Lwin said...
    ယနေ့မှစနှစ်တစ်ရာတိုင်ကွယ်..............
    ချစ်နိုင်ပါစေ နွေးနွေးရေ................။
    ဂျပန်ကောင်လေး said...
း).. အားကျလိုက်တာနော်.. ဟင်း.. နောက်ကားကျော်တက်တော့မယ်.. ဟင့်.
    ကောင်းကင်ပြာ said...
    ရတုပေါင်းများစွားချစ်နိုင်ကြပါစေ ညီမငယ်လေးရေ
    ကဗျာမလေး said...
    ညီမလေး နွေး
    ကြည်နူးစရာလေးပါ :)
    နားလည်မှုတွေ အပြန်အလှန်ထားပြီး အတုအပမဲ့ ဆက်လက်ချစ်သွားနိုင်ကြပါစေ လို့ ...။
    မိုးခါး said...
    ဟိတ်
    နေမကောင်းဘူးဆို
    ဆိုးပ
    ရှက်လိုက်တာ
    :P

    ပျော်ရွှင်ပါစေနွေးရေ
    ရတုအဆက်ဆက်ပေါ့နော်း)
    ချစ်တဲ့
    WWKM said...
    သူ့ အားကျမ အတုအပမဲ့ချစ်ခဲ့ပါသည်..
    သူ့ အားကျမ အတုအပ မထား ချစ်သွားပါမည် ဟူ၍သာ……။ ။
    *******
    တသက်တာလုံး ပျော်ရွှင်စွာနဲ့တွဲလက်တွေခိုင်မြဲပြီး တစ်ဦးအပေါ်တစ်ဦးနားလည်ခွင့်လွတ်ခြင်းတွေနဲ့ အမြဲ
    ချစ်နိုင်ကြပါစေလို့..

    မမ၀ါ
    Sein Lyan Tun said...
    အားပါးးပါးးးးးပါးးးးးးးးးးးးးးးးးးးးးးးးးးး
    အားပါးးးးးးးးးးပါးးးးးးးးးးးးးးပါးးးးးးးးးးးးးးးးးးးးးးးးးးးး
    ဓာတ်ပုံလေးကိုကြည့်လိုက်စမ်း
    ကြည့်လိုက်စမ်း
    ဘယ်လောက်အသက်ဝင်လဲလို့
    အသက်တောင်မရှုဖူး
    ကြည့်လိုက်တာ
    အောင်မလေးလေး
    ညီမလေးရဲ့
    အကိုကြီးရင်ကျိုးပေါ့ ငါ့နှမရယ်...
    အငယ်ဆုံးလေးမို့ အလိုလိုက်ထားပါတယ်
    ကြည့်စမ်းပါအုံး
    ဓာတ်ပုံထဲမှာ
    ပြီးတော့ အတုအပမရှိ ချစ်သွားပါမည်တဲ့
    အတုအပမဲ့ပါသည်တဲ့
    အကိုကိုများ ဒီလိုပြောဖူးလားးးး
    အတုအပတောင်မရှိဘူးလားးးး
    အကြံအဖန်တွေဖြစ်နေရင်တော့လေ
    ရင်လေးတယ်
    ရင်လေးတယ် ခေတ်ခလေးတွေများ
    လိုက်မမှီဘူး

    ချစ်ခင်စွာဖြင့်
    ဖိုးစိန်
    Phyo Maw said...
    O.o ဟူး...
    ပုံတွေ ကောင်းတယ် ပြောရမလား
    ကဗျာတွေ ကောင်းတယ် ပြောရမလား
    ဘာပြောရမလဲဟင် :D
    ချိုမြိန်တဲ့ မှတ်တမ်းလေး ဆိုတော့လည်း ကောင်းပါတယ် :D
    Fraganipani said...
    အားကျတယ်နော် နောင်ရာစု နှစ်ပေါင်းများစွာ မခွဲအတူနေနိုင်ပါစေ
    ရသာစုံ said...
    ကောင်းမှကောင်း
    ချစ်သူနဲ့ပျော်ရွင်ပါစေ.....

Post a Comment