“ဟာသ “

















ကြာတော့လည်း ငါကိုယ်တိုင်က
ဒူးရင်သီးတလုံးဖြစ်သွားပါရောလား…
ဈေးကွက်ကောင်းပြီး လူကြိုက်များကြပေမယ့်
တချို့ တလေအတွက်ကျတော့လည်း အော်ဂလီဆန်စရာ….

မျက်နှာချိုသွေးဖို့ 
မျက်နှာကို ကျောက်ပြင်နဲ့ ကြိုသွေးထားဖို့ 
လိုအပ်နေပါသလား….

“ဟုတ်ကဲ့ “ဆိုတဲ့စကားတခွန်းက
“မဟုတ်ကဟုတ်က” ဆိုတဲ့ အသံတွေကြားမှာပျောက်ကွယ်…
တခါတလေ လောကကြီးက
သိပ် သိပ် ရယ်စရာကောင်းလှတယ်…

တံခါးပိတ် ဆိတ်ဆိတ်နေဖို့ လဲ
ငါ့မှာ ဇာတာမပါခဲ့တော့ခက်တယ်…
ပွင့်လင်းတာက မယဉ်ကျေးဘူး ဆိုရင်တော့
ဟုတ်ကဲ့ ငါရိုင်းပါတယ်…

အထင်လွဲတာပဲ ဖြစ်ဖြစ်၊ တလွဲထင်တာပဲဖြစ်ဖြစ်
ကိုယ့်အတွေးနဲ့ ကိုယ်မို့ လွတ်လပ်တယ်…

စိတ်ကူးတွေကိုချည်တိုင်မှာ ကြိုးတုတ်ထားရင်း
ဒေါင်ကျကျ ပြားကျကျအဖြစ်နဲ့ …
ဆယ်ပြားစေ့ ဘ၀မှာပဲယောင်လည်လည်…

ခုချိန်များ တောင်းစားရတဲ့ ဘ၀မျိုးသာရောက်သွားခဲ့ရင်
“အိမ်ကခွေးလောက်၊ကြောင်မလေးလောက်”
ဆိုတဲ့ငယ်ငယ်ကသီချင်းကို
အော်ကြီးဟစ်ကျယ် ဆိုပြီးတောင်းပစ်လိုက်စမ်းမယ်…

ဒီမှာ…
ချစ်ခြင်းမေတ္တာဆိုတာကို အယုံအကြည်မရှိတော့တဲ့အကြောင်း
အဲ့ဒီကောင်လေး သိအောင် အော်ပြောပေးကြစမ်းပါ…

ရင်ဘတ်ပါတဲ့သူတိုင်းပဲ ရင်နာတတ်ကြတယ်…

ငတ်နေတယ်ဆိုတဲ့ ၀ိသေသ တခုနဲ့ 
စိတ်အချဉ်ပေါက်ရလေတိုင်း
စိတ်ကို ချဉ်ဖတ် လုပ်စားလို့ ရရင်
ဟတ်…
သိပ် သိပ်ကောင်းမယ်…။ ။

7 Comments:

  1. ဂျပန်ကောင်လေး said...
    အဲ.. ကောင်းလိုက်တဲ့ စကားလုံးလေးတွေ.. ဒါနဲ့ ကျနော်က ဒူးရင်းသီး တအားကြိုက်တယ်.. ဟိဟိ...
    Sein Lyan Tun said...
    ဟာ နေတဲ့ လောကကြီးမှာ

    သ နားစရာတွေ နဲ့ မွန်းကျပ်နေလိုက်တာ..

    ဟာသ ပျက်လုံးတစ်ခုလို မင်းရယ်နေနိုင်တယ်လား..

    မအံ့သြပါဘူး...

    သြချလောက်ပါတယ်...

    မြင်မတတ်တော့ ရင်ဘတ်က လာတဲ့စကားက

    နင့်အတွက် ဖြေဆေးတစ်ခွက် ဖြစ်မလာလောက်ဘူး..


    အထင်တွေနဲ့ အမြင်လွဲနေရတော့

    ရင်ထဲနေ ကထွက်ကျလာမှာက

    မင်းအတွက် ဟာသ.. ဟာသ...


    ချစ်ခင်စွာဖြင့်

    ဖိုးစိန်
    စိမ်း... said...
    အောင်မလေး ပြင်းလှချည်လား စကားလုံးတွေ...
    တကယ်နားကျည်းနေတာလား...
    :)
    မေလေး said...
    စိတ်ကိုချဉ်ပတ်ထည့်ထားတာ ရရင်ဖုန်းဆက်နော် ညလေး
    စားချင်ထှာ
    ရေတမာ said...
    နာ့လည်း ပြောနော် ရရင်းP
    မိုးခါး said...
    မေလေးကတော့ လွန်နေပြီ
    တအိမ်သွားလည်း ချဉ်ပတ်တောင် နောက်တအိမ်သွားလည်း ချဉ်ပတ်တောင်းနဲ့ :P
    ရေတမာ အစစ်ပါသေးတယ် ..
    ပေါက်ကွဲနေတာလား နွေးရေ
    သူများကျ လာပြီး စိတ်လျှော့ခိုင်းတယ် ..
    ပြန်ပြောမယ် စိတ်လျှော့ ..း)
    Anonymous said...
    တံခါးပိတ် ဆိတ်ဆိတ်နေဖို့ လဲ
    ငါ့မှာ ဇာတာမပါခဲ့တော့ခက်တယ်…
    ပွင့်လင်းတာက မယဉ်ကျေးဘူး ဆိုရင်တော့
    ဟုတ်ကဲ့ ငါရိုင်းပါတယ်…

    ကောင်းလိုက်တဲ့စကားလုံးလေး ပါပဲ ညီမရေ

Post a Comment