" ကျိန်စာအလွမ်း ...နဲ့ အိပ်မက် ကျမ်းစာ.."




အလွမ်းက နင့်ကိုနာကျင်စေခဲ့ဖူးတယ်ဆိုရင်...
ငါ့ကိုတော့ လောင်မြိုက်ခဲ့တယ်...

အခုတော့...


ငါ့နှလုံးသားတခုလုံးပြာကျခဲ့ပါပြီ...

ဒီတခါ ရောက်ရှိလာမယ့် မုတ်သုန်လေနဲ့ အတူ...
သူတို့ တဖြည်းဖြည်းလွင့်ပါသွားကြလိမ့်မယ်...

နင်သိပ်ကံကောင်းခဲ့သလောက် ငါသိပ်ကံဆိုးခဲ့တယ်...

အချစ်ဆိုတာ...
အဆိပ်နဲ့ ပြန်ဖေါ်စပ်ထားတဲ့ မြွေဆိပ်ဖြေဆေးတမျိုးပါပဲ...

ငါ...ရက်စက်တတ်အောင် တသက်တာလုံးလေ့ကျင့်ခဲ့တယ်...

" ငါနင့်ကိုမေ့လိုက်တယ်...ငါနင့်ကို မေ့ပစ်ခဲ့တယ်..."
သေချာတယ်...
နောက်ဆုံးတော့ ဒီစကားလေးတခွန်းနဲ့ ပဲ..ငါအသက်ပါသွား ပါလိမ့်မယ်....။  ။

1 Comment:

  1. စံပယ်ချို said...
    ဟုတ်တယ်နော်
    ကျေးဇူးပြုပြီး
    ပြုစားတာတွေရပ်ပါတော့.....
    ကောင်းတယ်ညီမရေ....

Post a Comment