" ခရေဖြုတပွင့်ရဲ့ ... အိပ်မက်အကြွေ... "


ငါသိတယ်...
ဒီတခါ ငါတို့ .. အရွှဲ့ တိုက်နေတာ မဟုတ် တော့ မှန်း… 
ဒီ့ အပြင် နောက် တခါ ထပ်မရှိနိုင်တော့မှန်း…
ဒီလိုပဲ…
ဘယ်ညာ မှားခဲ့တဲ့ လိုက်ဖက်ခြင်းတွေနဲ့ ...
မင်းထပ်မံ တွေ့ ရှိသွားခဲ့တဲ့ နံရိုးတဖက် ရဲ့ အနောက်မှာ ...
ငါ' ဆိုတာ တိတ်တိတ်ကလေး ...
ကျန်ရစ်ခဲ့တယ်...

အရင်ကလို...
မင်း နေပူတယ် ဆိုရင်နေကာဖို့  ငါ့မိုးကာလေး ချွတ်ပေးချင်ခဲ့တုန်းပဲ...
ဒါပေမယ့် ...ဒီတခါ တကယ် နာကျင်သွားတယ်...
မင်း မသိခဲ့တာတွေ ...ငါ ဟန်လုပ်ရန်စောင်ရင်းပြောပြချင်နေတုန်းပဲ...
ဒါပေမယ့် တိတ်တိတ်ကလေး ငြိမ်သက်ပေးလိုက်တယ်...
မင်းကတော့ အရင်လို  အညီအမျှ ပါပဲ...
သူ့ အပေါ်မှာလဲ.. သ၀န်တွေတိုပြနေတုန်းပဲ...

"ငါ့ကို ဆူပါ...ဆဲသလို လာမအော်နဲ့ "လို့ ...လည်း...
နင့်ကို ငါ ပြန်မအော်ဖြစ်တော့ ပြန်ဘူး....
ပါးပြင်ပေါ်လိမ့်ချခွင့်မရှိတဲ့ မျက်ရည်က..
ရင်ဘတ်ထဲကို ပူခနဲ လိမ့်ဆင်းသွားသလိုမျိုးးး ...
ထိထိခိုက်ခိုက်... 

ပြီးတော့... 

တိတ်တိတ်ဆိတ်ဆိတ်...

အချစ်အတွက်နဲ့ မျက်ရည်ကျရမှာ ရှက်တယ်...
နောက်ပြီးတော့... မသိတတ်ခင်တုန်းက...
မင်း မျက်ရည်တွေ အလွဲသုံးစား လုပ်ခဲ့မိတာ ရှက်တယ်...

" မလိုပါဘူး " ဆိုတဲ့ စကားကို မလိုချင်တော့လို့ ...
မင်းသိစရာ မလိုအောင် ငါ 'သူ မ' ကို စောင့်ရှောက်ခဲ့ဖူးပါတယ်...

ငါသိနေသေးတယ်...ကြိုးစားနေတုန်းပဲ...
ဆိတ်ငြိမ်စွာ နာကျင်တဲ့ အခါ...ပေါ့ပေါ့ပါးပါး ပြုံးပြတတ်ဖို့ ...
ပူလောင်စွာ နာကျင်တဲ့အခါ...အူလှိုက်သည်းလှိုက် အော်ရယ်တတ်ဖို့ ...

မင်းသိပါတယ်...
အကြောင်းပြချက် ရှိခဲ့တဲ့ အချစ်က ဖြေသာတယ်..
အကြောင်းပြချက် မရှိခဲ့တဲ့ အချစ်က တခါတလေမှာတော့... ဒဏ်ရာရစေတယ်...
မျှော်လင့်ချက် မရှိခဲ့တဲ့ အချစ်ကတော့ ဘ၀မှာ အနာကျင်ရဆုံးပဲ...။  


နွေးနွေးသဲမွန် (  မေ ၊၅ ၊၂၀၁၁)

0 Comments:

Post a Comment