ပေးဆပ်ခြင်း...










ငါကိုယ်တိုင် ကျောက်ဆစ်ရုပ်ထုလေးတခုအဖြစ်...

ငြိမ်သက်စွာခံယူလိုက်တယ်..

နာကျင်အောင် ထုနက်နေပေမယ့်

သူကိုယ်တိုင်ပုံသွင်းထားတဲ့ ...

အရုပ်ကလေးဖြစ်ချင်လို့ ...။


ကြမ်းတမ်းခက်ထန် နှလုံးခုန်သံတွေလည်း

စည်းချက်မညီ သံစဉ်လွဲမှား အံချော်ခဲ့ရပြီ

ကစဥ့်ကလျားဖြစ်နေတဲ့ ငါ့သံစဉ်တွေကို

သင်ရဲ့ လက်နဲ့ ပဲ သာယာတဲ့တေးတပိုဒ်

သီဖွဲ့ ပေးခဲ့ပါ...။


ငါ့ရဲ့ ရင်ထဲကခံစားချက်ကို

သင်ကိုယ်တိုင် ပန်းချီကားတချပ်ဖြစ်အောင်

ရေးဆွဲလိုက်တယ်...။


ဆေးစက်တွေစွန်းထင်...

စုတ်ချက်တွေကြမ်းနေပေမယ့်...

ရှင့်အတွက်တော့...လှပ မယ်ထင်ပါရဲ့ ...ချစ်သူရယ်...။

8 Comments:

  1. chocothazin said...
    သူကိုယ်တိုင်ပုံသွင်းထားတဲ့ ...

    အရုပ်ကလေးဖြစ်ချင်လို့ ...။

    ဒီနေရာလေး အကြိုက်ဆုံးပဲနော်
    may16 said...
    နာကျင်အောင် ထုနက်နေပေမယ့်

    သူကိုယ်တိုင်ပုံသွင်းထားတဲ့ ...

    အရုပ်ကလေးဖြစ်ချင်လို့ ...။
    ဒီစာသားလေးကို အကြိုက်ဆုံးပါပဲ
    Anonymous said...
    ပထမဆုံးအပိုဒ်ကို ပိုကြိုက်တယ် ညီမလေး
    ကိုရင်နော်ခင်လေးငယ် said...
    ကဗျာလေး အရမ်းကောင်းတယ် ညီမရေ..
    မိုးခါး said...
    သဇင်နဲ့ မေ၁၆ ပြောသလိုပဲ ..း)
    Sein Lyan Tun said...
    ကောင်းလိုက်တဲ့ အချစ်ကဗျာ
    ပန်းပု ပန်းချီ တွေကို တေးသွားနဲ့ ထုနှက် စုတ်ချက်တွေ
    ချယ်သပြီး ရင်ထဲက စကားတွေပြောသွားလိုက်တယ်
    တော်တယ် ညီမနွေးက
    ကိုကြီးဖိုးစိန်အတိုင်းပဲ
    ခင်တဲ့
    ဖိုးစိန်
    Sein Lyan Tun said...
    ကောင်းလိုက်တဲ့ အချစ်ကဗျာ
    ပန်းပု ပန်းချီ တွေကို တေးသွားနဲ့ ထုနှက် စုတ်ချက်တွေ
    ချယ်သပြီး ရင်ထဲက စကားတွေပြောသွားလိုက်တယ်
    တော်တယ် ညီမနွေးက
    ကိုကြီးဖိုးစိန်အတိုင်းပဲ
    ခင်တဲ့
    ဖိုးစိန်
    mgnge said...
    ဆေးစက်တွေစွန်းထင်...

    စုတ်ချက်တွေကြမ်းနေပေမယ့်...

    ရှင့်အတွက်တော့...လှပ မယ်ထင်ပါရဲ့ ...ချစ်သူရယ်...။


    ဒီအပိုဒ်နဲ့ တင်ဟာဒ်ထိတယ်

Post a Comment