ရွာရန်ရွာနှုန်းကတော့ ရှစ်ဆယ်ပေါ့…
.ဒါပေမယ့် ကျန်နှစ်ဆယ်ရာနှုန်းကြောင့်ရွာခွင့်မရခဲ့…
မိုးမခြိမ်းရမယ့်အတူတူ လျှပ်စီးလည်းမလက်ပြချင်တော့ပါဘူး…
ငါ့ကောင်းကင်ရဲ့ တိမ်တိုက်တွေကိုက ညိုလွန်းတယ်….
လှေနံဓါးထစ်အလွမ်းတွေပါ….
အချစ်မြစ်ကြောင်းမှာ စုန်ဆင်းနေသမျှ
ကို' ကို အပ္ပမာဒေန (မမေ့မလျော့ မပေါ့မဆ)
…. လွမ်းတယ်..
အတိတ်ကို မလူးသာမလွန့်သာဖြတ်သန်း
ပစ္စုပ္ပန်ကို အလိုက်သင့်အလျားသင့်ရင်ဆိုင်
အနာဂတ်ကို ဒေါင်ကျကျပြားကျကျမျှော်မှန်းရင်း
ငါ့လောက် စန့်စန့်ရန့်ရန့် ခေါက်ရိုးကျနေတဲ့သူ ဘယ်မှာရှိမလဲ…..
ကို ရေ….
ငါ့ကို့ ရင်ခွင်ထဲထားပါ…ခါးတို့ရင်းစပါ….
ငါ့ကိုဖက်ပါ….. အနမ်းအသစ်နဲ့နမ်းပါ….
ပြီးရင်… ငါ့ကိုထားမသွားခင်
လက်ခံနိုင်စွမ်းလေးတော့ မြှင့်ပေးသွားပါဦး…
ငါ့အတွက်တော့ အချစ်ဆိုတာ
အိပ်မက်တွေပေါက်ရောက်နေတဲ့ ဥယျာဉ်တော်ပါ..
တခုလွဲသွားတာက…
အဲဒီက ပန်းတွေမှာ ရနံ့မပါခဲ့ဘူး………။ ။
7 Comments:
Subscribe to:
Post Comments (Atom)
အိပ်မက်တွေပေါက်ရောက်နေတဲ့ ဥယျာဉ်တော်ပါ..
တခုလွဲသွားတာက…
အဲဒီက ပန်းတွေမှာ ရနံ့မပါခဲ့ဘူး………။ ။
အဓိပါယ် ပြည့်တဲ့ ကဗျာလေးပါ ညီမလေး
တော်တော်ကောင်းတဲ့ ကဗျာလေးပါပဲ . . . .
ခံစားဖတ်ရှုသွားပါတယ်
ခင်တဲ့
နှင်းဆီနက်
အနိစ္စ ဒွတ်ခ အနတ်တ
မိနွေး ညီမလေး
ဟိုနေကတော့ ယောကျာ်းတွေကိုယုံဖူးဆို
အခုတော့ ရေးထားတာ အကိုမျက်လုံးတောင်ပြာထွက်လို့ ချာချာလည်ရပါတယ်
ဘာတဲ့
“ကို ရေ….
ငါ့ကို့ ရင်ခွင်ထဲထားပါ…ခါးတို့ရင်းစပါ….
ငါ့ကိုဖက်ပါ….. အနမ်းအသစ်နဲ့နမ်းပါ….
ပြီးရင်… ငါ့ကိုထားမသွားခင်
လက်ခံနိုင်စွမ်းလေးတော့ မြှင့်ပေးသွားပါဦး…”
ဘုရားးး စိတ်ကြီးတဲ့ညီမလေး မိနွေး
ဘဝတွက်ရင်လေးလို့ ခေါင်းတခါခါနဲ့ အိမ်ပြန်သွားပါတယ်
အဟီးး
ခင်တဲ့
ဖိုးစိန်
မိုးခါး
ကျွန်တော်ကတော့အဲဒီ
ရနံမပါတဲ့ပန်းကလေးကိုမှပဲ
တရှိုက်မက်မက်နမ်းရှိုက်မိနေတယ့်
ဒီကဗျာလေးကိုအရမ်းသဘောကျမိတယ်ဗျို့