အိပ်မက်ရောင်စဉ်…










အချစ်ဆိုတဲ့ အရာကို
ငါအရောင်ခြယ်လို့  မ၀သေးခင်…
မင်းက သက်တံ့တွေကိုခိုစီးပြီး
အဝေး ကိုထွက်သွားတယ်…

တကယ်တော့ အိပ်မက်ဆိုတာ
လွမ်းကောင်းတဲ့ အရာတခုမှ မဟုတ်တာကွယ်
မရေရာတဲ့ အိပ်မက်တွေကို သီကုံးရင်း
ငါ့ကဗျာ တစ်ပိုင်း ရိုင်းသွားခဲ့ရတယ်…

အရင်တုန်းက ငါ့မနက်ဖြန်ဟာ
အခုတော့ ငါ့အတိတ် ဖြစ်လို့ သွား…
ဘယ်အရာမျိုးနဲ့ မှ
ငါ ကြိုမနှိုင်းထားခဲ့ပါဘူး…

ဒီလိုနဲ့ ပဲ
ယုံကြည်မှုခြင်းစီးကူးခွင့်မရှိတဲ့မြစ်နှစ်စင်းဟာ
ဆန့် ကျင်ဘက်အရပ်တွေဆီသို့ ပဲ စီးဖြာသွား
တချို့ က အိပ်မက်တွေထဲမှာပဲ အိပ်မက်ထပ်မက်တယ်
မသိစိတ်ဟာ ဖွင့်ဟခွင့်မရှိတဲ့အတ္တတွေကို
သိမ်းဆည်းထားခဲ့လို့ တဲ့

လောကမှာ အတုတွေဟာ
အစစ်တွေထက် ၀ယ်လိုအားတက်နေတာ
မင်းရော ၊ ငါရော
လေ့လာထားနှင့်ကြ ရဲ့ သားနဲ့ ကွယ်
ရင်နာမနေပါနဲ့ ….

ကိုယ်တိုင်ကိုယ်ကျ မတည်ဆောက်ပဲ
ဖြစ်မြောက်ခဲ့ကြတဲ့ဘ၀တွေအကြောင်း
မင်းကိုငါပြောပြခဲ့ဖူး သလား …
ဒီလိုပါပဲ
ကိုယ်တိုင် ကြိုမတွေးထားတဲ့
အရိပ်ဆိုးတွေနဲ့ 
အိပ်မက်ဟာ လည်း ကဗျာမဆန်ခဲ့ဘူး…။ ။

9 Comments:

  1. Sein Lyan Tun said...
    ဘုရား ဘုရားး
    ကဗျာမှာ ဝယ်လိုအား ရောင်းလိုအားတွေပါကုန်ပီး
    ဘာကိုဝယ်မှာတုန်း
    အိမ်မက်ကကဗျာမဆန်တော့ဘူးဟုတ်လား
    အိပ်မက် ပါတယ်ဆိုမှ ပဲ
    ကဗျာတွေဆန် လွမ်းနေရအုံးမှာလား
    အိပ်မက်မမက်ချင်ဘူး မိနွေးရေ
    မောလွန်းလို့ 
    အိပ်ယာထရင်
    ခင်မင်လေးစားစွာဖြင့်
    ဖိုးစိန်
    Anonymous said...
    လောကမှာ အတုတွေဟာ
    အစစ်တွေထက် ၀ယ်လိုအားတက်နေတာ
    မင်းရော ၊ ငါရော
    လေ့လာထားနှင့်ကြ ရဲ့ သားနဲ့ ကွယ်
    ရင်နာမနေပါနဲ့ ….
    ....
    ကောင်းလိုက်တဲ့ စာသား ကောင်တယ်ကဗျာလေးက

    ခင်မင်စွာဖြင့်
    ဗညားရှိန်
    ကောင်းကင်ပြာ said...
    ကဗျာ ဆန်တဲ့ အိမ်မက်လေးတွေ မက်ပါစေ ညီမလေးရေ
    mgnge said...
    အတုနဲ့ အစစ်ဆိုတာ သုံးကြည့်မှ ခွဲခြားလို့ ရ လောက် အောင် တော်လွန်းတဲ့ လက်ရာတွေ ရှိနေတော့... တစ်ခါတစ် လေတော့လည်းမှားမှာပေါ့နော်
    မိုးခါး said...
    အိပ်မက်တွေကို မလွမ်းတာပဲကောင်းပါတယ် ..
    အိုက်ခီလောက် said...
    အင်း ဈေးထဲရောက်သွားသလိုပဲ
    ဝယ်လိုအားတွေ ရောင်းလိုအားတွေ
    နောက်ပြီးအတုတွေ အစစ်တွေ နဲ့ 
    အိမ်မက်လည်းမက်သေးတယ်
    မှောက်အိပ်လို့ ရင်နာနေတယ်လည်းပြောသေးရဲ့ 
    ဖတ်ရင်းနဲ့ နောက်ဆုံးအပိုဒ့်လေး ကြိုက်သွားတယ်

    ကိုယ်တိုင်ကိုယ်ကျ မတည်ဆောက်ပဲ
    ဖြစ်မြောက်ခဲ့ကြတဲ့ဘ၀တွေအကြောင်း
    မင်းကိုငါပြောပြခဲ့ဖူး သလား …
    ဒီလိုပါပဲ
    ကိုယ်တိုင် ကြိုမတွေးထားတဲ့
    အရိပ်ဆိုးတွေနဲ့ 
    အိပ်မက်ဟာ လည်း ကဗျာမဆန်ခဲ့ဘူး…။ ။

    ဒါလေးကိုပိုကြိုက်တယ် ခံစားမိတယ်
    အိုက်ခီလောက် said...
    အင်း ဈေးထဲရောက်သွားသလိုပဲ
    ဝယ်လိုအားတွေ ရောင်းလိုအားတွေ
    နောက်ပြီးအတုတွေ အစစ်တွေ နဲ့ 
    အိမ်မက်လည်းမက်သေးတယ်
    မှောက်အိပ်လို့ ရင်နာနေတယ်လည်းပြောသေးရဲ့ 
    ဖတ်ရင်းနဲ့ နောက်ဆုံးအပိုဒ့်လေး ကြိုက်သွားတယ်

    ကိုယ်တိုင်ကိုယ်ကျ မတည်ဆောက်ပဲ
    ဖြစ်မြောက်ခဲ့ကြတဲ့ဘ၀တွေအကြောင်း
    မင်းကိုငါပြောပြခဲ့ဖူး သလား …
    ဒီလိုပါပဲ
    ကိုယ်တိုင် ကြိုမတွေးထားတဲ့
    အရိပ်ဆိုးတွေနဲ့ 
    အိပ်မက်ဟာ လည်း ကဗျာမဆန်ခဲ့ဘူး…။ ။

    ဒါလေးကိုပိုကြိုက်တယ် ခံစားမိတယ်
    Anonymous said...
    အား တစ်နေ့ထက်တစ်နေ့ ပိုပိုကောင်းလာပါလား... သူတို့ပဲရေးတတ်ပ...
    ကိုတိုးလေး said...
    အားပါးပါးကဗျာလေးကတော်တော်လေးကောင်းတာပဲနော်
    အိပ်မက်ရောင်စဉ်လေးတွေ အတိုင်းဖြစ်နိုင်ပါစေ။

Post a Comment