အဆိပ်မိခဲ့ခြင်း













ဒီမြို့ ငယ်လေးရဲ့  ရင်ဘတ်ထဲ …
ငါ့ ချစ်ခြင်းတွေ မကြာခဏ ဖိတ်စင်ခဲ့ ဖူးတာပဲ…
အတိတ်မေ့တယ်.. လဲ..ထပ်မပြောနဲ့ 
အတ္တတွေ နဲ့  ခြွေ မနင်းချင်ပါနဲ့ 
ဖြူဖြူစင်စင်လေး …..ဝေးလွှင့်သွား…
ပုံပြင်လေး က ဇာတ်သိမ်းလှတယ်…

ချစ်ခြင်း ဟာ မျှော်လင့်ချက်နဲ့  ထပ်တူမကျ တတ်ရင်တောင်
နားလည်ခြင်းဟာ တတ်စွမ်းသရွှေ့ ကွက်လပ်ဖြည့်သင့်ခဲ့တာ…
ယုံကြည်ခြင်းတွေ တစွန်းတစ မှ မတွေ့ ခဲ့ရတဲ့
ဒီဘ၀ နှစ်ခု ထဲ… ဘယ် နားလည်ခြင်းက ရော
ဖြည့် ဆည်းပေးနိုင်စွမ်းဦးမှာလဲ…

အဆိပ်သင့် အချစ်တွေ အတွက်
ဝေးကွာခြင်းဟာ တရားပါရဲ့ 
ဘာကိုမှ စောဒက မတက်ချင်ပါနဲ့ …
မင်းအိပ်မက်တွေထဲ…တောင်
စံပယ်တွေထပ်မခ’ နိုင်တော့ဘူး..။ ။

3 Comments:

  1. လင်းထက် said...
    အချစ်ကတော့ အဆိပ်မသင့်သွားနိုင်ပါဘူး သက်ဆိုင်တဲ့သူနဲ့ဆိုင်တဲ့ အချစ်တစ်ခုပဲ အဆိပ်သင့်သွားတာပါ..
    နောက်တော့လဲ အချစ်သန့်သန့်လေး တစ်ခုပြန်လည်မွေးဖွားလာတာပါပဲ..။
    မိုးခါး said...
    အတိတ်မေ့တယ်.. လဲ..ထပ်မပြောနဲ့ 
    အတ္တတွေ နဲ့  ခြွေ မနင်းချင်ပါနဲ့ 
    ဖြူဖြူစင်စင်လေး …..ဝေးလွှင့်သွား…
    ပုံပြင်လေး က ဇာတ်သိမ်းလှတယ်…
    မိုက်တယ် ..း)
    mgnge said...
    အဆိပ်သင့် အချစ်တွေ အတွက်
    ဝေးကွာခြင်းဟာ တရားပါရဲ့ 
    ဘာကိုမှ စောဒက မတက်ချင်ပါနဲ့ …
    မင်းအိပ်မက်တွေထဲ…တောင်
    စံပယ်တွေထပ်မခ’ နိုင်တော့ဘူး..။ ။

    ဒီစာသာလေးနဲ့ တင် ဒီကဗျာကို ခိုက်သွားတယ်.....။
    တိုက်ဆိုင်မှုရှိလို့ ..... :)

Post a Comment