မိုးရာသီဆက်တင်(သူရဿဝါ ၊ နွေးနွေးသဲမွန်)












*အငြိုးတွေ..တိမ်တိုက်တွေလို ပျိုးတယ်…
မိုးရယ်..
ဒါဟာ တကယ်ကိုမရည်ရွယ်ခဲ့တဲ့လျှပ်ကြောင်းပါ…


>>ဟောဒီ မိုးရာသီတစ်ခုလုံးနဲ့ ကိုယ်တိုင်တည်ပါတယ်
မင်းအပေါ် တဖွဲဖွဲရွာခဲ့ဖူးတယ်ဆိုတာ ...
လွင့် .. ၀ဲ ... လွင့် လွဲ


*ငါကသစ္စာ မမဲ့ပါဘူး…
ငါဟာ သစ္စာ မမဲ့ခဲ့ပါဘူး…
အို …အဘယ်သို့ စကားသံတွေ
ဒီရင်ခွင်ထဲ ပဲ့တင်ထပ်နေခဲ့ပါသလဲ….


>>ကိုယ့်လက်တွေက
မိုးပေါက်ကလေးတွေကိုတောင် မခံယူတတ်ခဲ့
ကိုယ်လည်း မင်းဆီက
မင်းလည်း ကိုယ့်ဆီက
လွင့်. ... လွင့်. ... လွဲသွားတယ်


*ကိုယ့်စိတ်အတွေးတွေနဲ့ ကိုယ်
လမ်းဆက်လျှောက်နေရုံကလွဲ လို့ 
ဘယ်အမိုးအကာ ကိုမှ
ငါဟာ မတောင့်တခဲ့ဖူးပါဘူး….


>>အရှုံးကခြေသလုံးဖုံးသွားပြီ
အရှုံးက ပေါင်ရင်းအထိ မြုပ်လာပြီ
မိုးရေတွေထဲမှာပဲ နှုတ်ဆက်ကဗျာကို စရွတ်ပါမယ်
"ကိုယ် ... ကဗျာမရွတ်နိုင်တဲ့အတွက် နှုတ်ဆက်ရုံပဲ နှုတ်ဆက်ပါ့မယ်" လို့
နှုတ်ဆက်ကဗျာကို စရွတ်ပါမယ်


*ဒီအချိန် ဒီအခါဟာ
မင့် မာနတွေကို တလက်လက်ထအောင် ပြုံးစေတယ်…
မခြိမ်းပါနဲ့ မိုးရယ်…
ငါဟာ လမ်းပျောက်မယ့်လမ်းဆို
စမ်းတောင် မလျှောက်တတ်တဲ့သူမျိုးပါ…
ဒါပေမယ့်လည်း…လေ
ချစ်ခြင်းက ငါ့ကိုမှ ညှို့ တယ်….


>>ထီးတွေမပိတ်ခင် မျက်လုံးတွေပိတ်သွား
ပြီးတဲ့နောက် ...
ထီးတွေမပွင့်ခင်မှာပဲ မျက်ရည်တွေပွင့်လာ


*သိပ်ချမ်းတယ် မိုးရယ်…
နွေးထွေးခြင်းတွေမင်းဆီက မရနိုင်မှန်း
သိခဲ့ပေမယ့်
အေးစက်စက် အနမ်းတချက်နဲ့ ပဲ
ဒီ နင့်နင့်သည်းသည်း အလွမ်းတွေကို
နှစ်သိမ့်ပေးလှည့်ပါ….


>>မိုးကတော့ သူ့ဟာသူရွာနေမှာပါပဲ
ကိုယ်တို့က ဘာလို့လိုက်ရွာခဲ့ကြသလဲ
မိုးက သူ့ဟာသူတိတ်သွားတာပါပဲ
ကိုယ်တို့ကရော ဘာလို့လိုက်တိတ်ခဲ့ကြသလဲ


*လွမ်းခွင့်ရှိပါသလား မိုးရေ..
ဒါဟာ တခါတလေ ဆိုပေမယ့်
ငါ့အတွက်တော့ ဒီအလွမ်းဟာ
သိပ်ကိုအကျဉ်းတန်လွန်းပါတယ်ကွယ့်….

>>တဖွဲဖွဲ .. တဖွဲဖွဲ
မိုးတွေဘယ်လောက်သည်းသည်း
ရထားတွေလည်း ဆက်လက်ထွက်ခွာ
နေ့ရက်တွေလည်းဆက်လက်ထွက်ခွာ
ရေတံလျောက်လေးလည်း ဆက်လက်ထွက်ခွာ
ကိုယ်တို့နှစ်ယောက်သာ .... ဟင့်အင်း အဲ့ဒါမှားတယ်
ကိုယ်ကသာ ရပ်တန့်ကျန်ရစ် ....
တဖွဲဖွဲ ...


*မင်းသတ်မှတ် တဲ့ မချစ်တတ်တဲ့ငါ..
မင့်သိက္ခာအတွက် ပြုံးတဲ့
ခါးသက်သက် အပြုံးတချက်နဲ့ ပဲ…
ငါ့မာန တွေ အောင့်သက်သက် ခြေဦးလှည့်ခဲ့ရပါရဲ့ ….


*အရာရာ ဟာမသေချာမှုတွေပဲ လို့ သိခဲ့ရဖို့ 
စွတ်စိုမှုတွေသာ ထပ်ခါ ထပ်ခါ ပေးခဲ့ပါတော့ မိုးရယ်…
မြင့်မားလွန်းတဲ့ မင်းရဲ့ 
ဖွဲ့ တည်မှု တိမ်တိုက်တွေနဲ့ 
ကိုယ်ဟာ အလှမ်းကွာလှသလို….

>> မိုးတွေဘယ်လောက်သည်းသည်း
နေ့ရက်တွေလည်းဆက်လက်ထွက်ခွာ
ကိုယ်ကသာ ရပ်တန့်ကျန်ရစ် .....
ကိုယ်ကသာ ……
…………………………………………..။ ။













>>သူရဿဝါ
*နွေးနွေးသဲမွန်


သူငယ်ချင်းသူရဿဝါ နဲ့ တယောက် တနေရာဆီမှာအတူရေးဖြစ်ခဲ့တဲ့မိုး ကဗျာလေးပါ….း-)

12 Comments:

  1. Sein Lyan Tun said...
    မိုး ကဗျာလေးကောင်းတယ်
    ဖတ်ရင်းနဲ့
    ခြေသလုံးဖုံးသွားပြီ
    ပေါင်ရင်းအထိ မြုပ်လာပြီ
    အောင်မလေး
    မစိုသင့်တာမစိုရအောင် မြန်မြန်လစ်မှ
    ချစ်ခင်စွာဖြင့်
    ဖိုးစိန်
    Htoo Aung Lwin said...
    နွေးနွေးရေ
    ကောင်းလိုက်တဲ့ ကဗျာလေးပဲ
    ငါမိုးတွေ စိုသွားတယ်
    ကဗျာဖတ်ရင်း မိုရေတွေ ပါးပြင်ပေါ် လိမ့်ဆင်းတော့ မယ်ဟာ။
    WWKM said...
    ကဗျာတစ်ပုဒ်လုံးကြိုက်တယ် ညီမလေးရေ..
    အရမ်းကောင်းတာပဲ..း)
    အိုက်ခီလောက် said...
    ဘာပြောရမှန်းတောင်မသိတော့ဘူး
    တစ်ကိုယ်လုံးစိုကုန်ပြီ
    မိုးထဲမှာ ခံနိုင်ရည်ရှိအောင် အရက်လေးထုတ်ပြီးသောက်မှ
    မိုးလေးရွာတာကို စာတစ်ပုဒ်ရေး တတ်တဲ့ ဆြာပါလား
    နှစ်ယောက်ပေါင်းတော့ လောင်းကျော်ပြီပေါ့
    မိုးခါး said...
    အရမ်းကြိုက်တယ် နွေးရေ ..
    အရာရာ ဟာမသေချာမှုတွေပဲ လို့ သိခဲ့ရဖို့ 
    စွတ်စိုမှုတွေသာ ထပ်ခါ ထပ်ခါ ပေးခဲ့ပါတော့ မိုးရယ်…
    မြင့်မားလွန်းတဲ့ မင်းရဲ့ 
    ဖွဲ့ တည်မှု တိမ်တိုက်တွေနဲ့ 
    ကိုယ်ဟာ အလှမ်းကွာလှသလို….
    >> မိုးတွေဘယ်လောက်သည်းသည်း
    နေ့ရက်တွေလည်းဆက်လက်ထွက်ခွာ
    ကိုယ်ကသာ ရပ်တန့်ကျန်ရစ် .....
    ကိုယ်ကသာ ……း)))
    စံ said...
    ကောင်းတယ်ဗျာ...တစ်ပိုဒ်ခြင်းကိုကောင်းတယ်..
    ကြိုက်တယ်...ကဗျာကို...ဆရာ့ဆရာနှစ်ယောက်တွေ့
    လိုက်တော့လဲ...
    ကိုလူထွေး said...
    တစ်ယောက်တစ်နေရာစီရေးခဲ့တာဆိုပေမယ့် ဆက်ရာမပါ ချောမွေ့လွန်းတယ်...
    အစကနေအဆုံး ခံစားမှုတွေ တွေ့ရတယ်...

    "ငါဟာ လမ်းပျောက်မယ့်လမ်းဆို
    စမ်းတောင် မလျှောက်တတ်တဲ့သူမျိုးပါ…
    ဒါပေမယ့်လည်း…လေ
    ချစ်ခြင်းက ငါ့ကိုမှ ညှို့ တယ်…."

    ဒီစာပိုဒ်လေးကို ပိုသဘောကျတယ် ဆိုရင် ကျန်တဲ့တစ်ယောက်က စိတ်ဆိုးမှာလား...
    ကဗျာဦး said...
    *အရာရာ ဟာမသေချာမှုတွေပဲ လို့ သိခဲ့ရဖို့ 
    စွတ်စိုမှုတွေသာ ထပ်ခါ ထပ်ခါ ပေးခဲ့ပါတော့ မိုးရယ်…
    မြင့်မားလွန်းတဲ့ မင်းရဲ့ 
    ဖွဲ့ တည်မှု တိမ်တိုက်တွေနဲ့ 
    ကိုယ်ဟာ အလှမ်းကွာလှသလို….

    မိုက်တယ်
    ကြိုက်တယ်
    ဝက်ဝံလေး said...
    *လွမ်းခွင့်ရှိပါသလား မိုးရေ..
    ဒါဟာ တခါတလေ ဆိုပေမယ့်
    ငါ့အတွက်တော့ ဒီအလွမ်းဟာ
    သိပ်ကိုအကျဉ်းတန်လွန်းပါတယ်ကွယ့်….

    မမ ဒီစာသားလေး ကြိုက်တယ် အဟင့် ဖတ်ရင်းနဲ့တောင် ငိုချင်လာပြီ ပိုတယ်လို့ ပြောနဲ့နော် မမ အဆင်ပြေပါစေ တာ့ တာ ဗြဲဟဲ ဟဲ
    Anonymous said...
    မြက်ခင်းမှာ တင်ကတည်းက ကြိုက်ပြီးသားပါ အခု ဒုတိယမိ ကောင်းလွန်းတယ်လို့ ထပ်ပြောသွားတယ် ညီမလေးရေ
    Phyo Maw said...
    စပ်ပေါင်းကဗျာတွေ ဈေးကောင်းတဲ့အချိန်ပါလား။
    အနော်လည်း ကဗျာရေးချင်တယ်
    ဘယ်ကစရေးရမှန်းကို မသိတာ။
    မသက်ဇင် said...
    နွေးနွေးလေးရေ
    လာဖတ်သွားတယ်နော်
    ချစ်ခင်စွာ

Post a Comment