ငါဟာ ကဗျာမဆန်တဲ့ ပန်းတပွင့်ပါ ချစ်သူ
နွေးထွေးမှု ကင်းတဲ့ ငါ့ရင်ပြင်မှာ
ခံယူချက်တွေကပဲ
ပျိုးပျိုးပြက်ပြက် လင်းတယ်…
ချစ်ခြင်းတခုကို
တဘ၀စာပန်ဖို့ အချင်းအရာဟာ
ငါ့အတွက်တော့…
သိပ်ကိုအိပ်မက်ဆန်လွန်းပါရဲ့ …
ရင်ခုန်ခြင်းဆိုတာလဲ
နေရောင်ထိတွေ့ ခွင့်မရတဲ့ပန်းတပွင့်လို
သိမ်ငယ်လွန်းလှပါရဲ့ …
မာယာများတယ်တဲ့လားချစ်သူရယ်…
ဟန်ဆောင်ခြင်းဆိုတာ
ငါ့ဥယျာဉ်မှာ
၁၂ရာသီစာလုံး ပျိုးထားခဲ့ရတဲ့
ပန်းတမျိုးပါ….
တိမ်တိုက်တခုလို
လွင့်ပါးလွယ် စိတ်ထားတွေကြောင့်တော့
နေရောင်ကို ငါမတမ်းတ လိုတော့ဘူး…
စိတ်ကူးယဉ်စကားလုံးတွေနဲ့ 
ငါ့ရင်ခွင်ကို မှိုင်းမတိုက်ပါနဲ့ တော့ကွယ်…
ငါဟာ အရင်လို ပြောတိုင်းယုံလွယ်တတ်တဲ့
ယုန်သူငယ်တကောင် မဟုတ်တော့ဘူး…။ ။
ကဏ္ဍ - ရေးချင်တာ
9 Comments:
Subscribe to:
Post Comments (Atom)
ကောင်းပါတယ် :)
ခံရပေါင်းများလဲ အမှတ်မရှိပဲနဲ့ အဟိ
ရင်ခွင်ကို မှိုင်းတိုက်လို့ နှလုံးသားကျတ်တိုက်
အဟွတ် အဟွတ်
ချစ်ခင်စွာဖြင့်
ဖိုးစိန်
ကဗျာလေးကကောင်းတယ်နော်
စချင်လို့သာ
ခင်မင်လျှက်
အဆိပ်ခွက်
လန်းဆန်းတင့်တယ်နေနိုင်ပါစေဗျာ။
နေရောင်ကို ငါမတမ်းတ လိုတော့ဘူး…
စိတ်ကူးယဉ်စကားလုံးတွေနဲ့ 
ငါ့ရင်ခွင်ကို မှိုင်းမတိုက်ပါနဲ့ တော့ကွယ်…
ငါဟာ အရင်လို ပြောတိုင်းယုံလွယ်တတ်တဲ့
ယုန်သူငယ်တကောင် မဟုတ်တော့ဘူး…။ ။
နွေးနွေးလေးရေ
ကဗျာထဲမှာ အားမာန်တွေတွေ့နေရတယ်
ချစ်ခင်စွာ