အရောင်တွေက မှောင်တယ်










အရောင်တွေက မှောင်တယ်
ပန်းဖြူ၊ပန်းဝါ၊ပန်းနီ၊ပန်းစိမ်း
အားလုံးက မှောင်တယ်...
ကောင်းကင်က မှောင်တယ်...
လမင်းက မှောင်တယ်....
ပတ်ဝန်းကျင်ကလဲမှောင်တယ်...
အရောင်တွေအားလုံးမှောင်တယ်....
ကိုယ့်ကိုကိုယ်ကျိန်ဆဲ မိခြင်းဟာမှောင်တယ်...
မပြုံးချင်ပဲ ပြုံးပြရတဲ့အခါ မှောင်တယ်....
မမှတ်မိပဲ သိချင်ယောင်ဆောင်ရတဲ့အခါ မှောင်တယ်…
ဟန်ဆောင်နေရတဲ့အခါ
ရသ မမြောက်တဲ့အသွင်အပြင်ကမှောင်တယ်…
မကြည့်ချင်ပဲမြင်နေရတဲ့အခါ…
မျက်ဝန်းတွေကမှောင်တယ်…
စိတ်တွေ လေလွင့်နေတဲ့အခါ
ရာသီဥတုက မှောင်တယ်…
အရောင်တွေအားလုံးကမှောင်တယ်....
ဖြူနီပြာဝါစိမ်း အားလုံးကမှောင်တယ်…
အာရုံကမှောင်တယ်…
စိတ်ခံစားမှုကမှောင်တယ်…
အိပ်မပျော်ပဲ မက်တဲ့အိပ်မက်တွေကမှောင်တယ်….
ဘာကိုမှ မတမ်းတမိတော့အောင်
အုံ့ အုံ့မှိုင်းမှိုင်း အလွမ်းတွေက မှောင်တယ်…
ကိုယ့်ကိုကိုယ် ပြန်ကြည့်မိတဲ့အခါ
အဲ့ဒီ ကိုယ်ကိုကိုယ်ခြယ်ထားမိတဲ့အရောင်ကိုက
မှောင်တယ်…
အမှန်တရားက အမှောင်…
ကိုယ်ချင်းစာစိတ်က အမှောင်…
အကြင်နာတရား ငတ်မွတ်နေတဲ့ မျက်ဝန်းတွေက အမှောင်….
အရာအားလုံး……..
……………………….

12 Comments:

  1. ကဗျာမလေး said...
    ညီမလေး ... တစ်လောကလုံးက မှောင်တယ်။
    လူတွေအားလုံးလည်း ဒီအမှောင်ထဲမှာပဲ အမိုက်မှောင်ဖုံးပြီး ကျင်လည်နေကြရတယ် ... မြန်မြန်အလင်းရစေဖို့မျှော်လင့်ပါတယ်။
    ညီမလေးရေ.... ကဗျာရဲ့ ဦးတည်ချက်ကနေ သွေဖီသွားခဲ့ရင် ခွင့်လွှတ်နော် :)
    ဂျပန်ကောင်လေး said...
    ငါ့ညီမလေးကတော့ ကဗျာမှာ တကယ့်ထိပ်တနုးဟေ့.. တကယ်မိုက်တယ်.. ရေးလည်းရေးတတ်ပါ့...
    ကိုရင်နော်ခင်လေးငယ် said...
    ဟဲ့.. နှမငယ်..
    မီးပျက်နေသလားကွဲ့
    အမှောင်ထဲမှာ ထိုင်မနေနဲ့..
    မျက်လုံးကိုရှင်း
    စိတ်တွေကို လင်းစေဖို့
    ဘုရာစင်ရှေ့မှာ အလင်းရှိတယ်..

    ဘာရယ်မဟုတ်..း)

    ကဗျာလေးကို ခံစားသွားတယ် နှမငယ်..
    ဂွတ်တယ်..
    Htoo Aung Lwin said...
    ကိုဂျူလိုင်ကတော့ ဂျူလိုင်လရောက်လို့ မီးမှန်တော့်မယ်တဲ့............။ မှောင်တော့နဲ့နော်
    kiki said...
    မီးပျက်လို့ မှောင်နေရင်တော့ မီးခြစ်နဲ့ ဖယောင်းတိုင်လေး ဆောင်ထားနော် ..
    မီးအန္တရာယ်တော့ သတိထားပေါ့ ။
    ဟိဟိ ။။ခင်လို့ မင်လို့  စတာပါ ။။

    မမ ကိကီ
    ကိုလူထွေး said...
    background မဲမဲမှာ စာလုံးမှိန်မှိန်ဆိုတော့ ညီမရဲ့ ကဗျာကို ပိုပြီး အဓိပ္ပာယ်ရှိရှိနဲ့ ခံစားလို့ ရသွားတယ်...

    ဒီကြားထဲ မီးကလဲ ပျက်နေသေးတယ်...

းဝ) ဘယ်လိုရေးရေး စိတ်မဆိုးဘူးဆိုလို့ စသွားတာနော်...
    သားကြီး said...
    ဖတ်နေရင်းနဲ့ကျနော်တစ်ကိုယ်လုံးမှောင်ကျသွားပါကြောင်း :P
    မေလေး said...
    ညီမငယ်..
    ဆင်ကားပူးမှာမီးပျက်တယ်ကြားမိပါဘူး...
    ဘယ်မှာနေလဲဟင်...နောက်ဆိုမီးပျက်ရင်မမဆီလာနေနော်...

    ခင်တဲ့
    မေလေး
    မိုးခါး said...
    ကိုယ်ကိုကိုယ်ခြယ်ထားမိတဲ့အရောင်ကိုက
    မှောင်တာ ..
    အမှောင်တွေ သိပ်ကြီးစိုးနေတယ်နွေးရေ
    Sein Lyan Tun said...
    အမှောင်ကြိုက်တယ်လား
    သြော် ... ဒီညီမလေးတော့
    မှောင်ရိပ်ခို မှုနဲ့မိတော့မယ်
    Fraganipani said...
    Hay...
    If everything is dark ghost will come and visit you last night they came and visited me.All the night i dare not sleep. Tonight----????
    Anonymous said...
    စိတ်တွေ မှောင်လို့ အရောင်အားလုံး မှောင်သွားတာလား။

Post a Comment