“ဇလပ်ဖြူ”











ရှုပ်ရှက်ခတ် နေတဲ့ အမှန်တရားကို ဆေးကျောဖို့ 
အဖြူရောင်သွေးတစက်ပဲ လိုတယ်…
အိပ်မက်တွေကိုနောက်ယောင်ခံမလိုက်ဖို့ တော့
ငါ့ဦးနှောက် က
စိတ်ကူးတွေကိုအကျဉ်းချထားလေရဲ့  …။

အခုတလော ငါကဗျာတွေဟာလဲ
ငါ့လိုပဲ သိပ်မနူးညံ့ကြဘူး
အဆုံးသတ် စကားကတော့
ထုံးစံအတိုင်း
ဒါပါပဲ…ကွယ်..တဲ့….။

မင်းရဲ့ “အရင်လိုပါပဲ ”ဲ ဆိုတဲ့စကားအတွက်ကိုတော့
မှောက်ထားတဲ့ ဖဲချပ်တချပ်ကို
ဒီအတိုင်းပဲ ထားခဲ့ကြစို့ ရဲ့ …။

တကယ်တော့ အချစ်ဆိုတာ
ငါ့လက်ဖ၀ါး ထဲ ရှိလေ့ရှိထ ရှိတဲ့
တစ်ရူး(Tissue)တရွက်လိုပဲ..
ဆုတ်ကိုင်ထားခွင့်ရှိပေမယ့်
အချိန်တန်တော့လည်း စွန့် ပစ်ခံရမယ်…။

နောင်တ ဆိုတာ အမည်လေးလှသလောက်
ခံရခက်တဲ့ အရာမှန်း
ငါက (မင်းကို)သိစေချင်ယုံလောက်ပါပဲ…
မင်းကဗျာတွေ လင်းဖို့ 
ငါ့စိတ်ကူးတွေ ခင်းပေးခဲ့ဖူး သလိုလေးပေါ့…။

လောင်းကစား မဆန်ခဲ့တဲ့
အလောင်းအစား တခုပေါ့
နွေ ဟာပူမှာပါပဲ..
နွေ ကိုနွေ ပီသပါစေ…လေ…။

အဲ့ဒီလို ရက်ရောမှုတွေ အဆုံး
ဒီအဖြူရောင်ပန်းလေးတပွင့်ဟာ….
ခခယယ…
နူးနူးညံ့ညံ့ ဆုံးပါးသွားနှင့်တယ်…။ ။

11 Comments:

  1. hninzaw said...
    ကဗျာလေးကို အရမ်းနှစ်သက်မိပါတယ်...။
    “နွေ ဟာပူမှာပါပဲ..
    နွေ ကိုနွေ ပီသပါစေ…လေ…။” တဲ့... အဲဒီစာသားလေး အရမ်းကြိုက်တယ်.. :)
    WWKM said...
    ကဗျာလေးလာဖတ်သွားပါတယ် ညီမလေးရေ.
    မိုးခါး said...
    နောင်တ ဆိုတာ အမည်လေးလှသလောက်
    ခံရခက်တဲ့ အရာမှန်း
    ငါက (မင်းကို)သိစေချင်ယုံလောက်ပါပဲ…
    အင်း .. သိအောင်တော့ လုပ်ပေးမှထင်တယ် .. ကိုယ်ချင်းစာတတ်အောင်း))
    Sein Lyan Tun said...
    ဇလပ်ဖြူလေး သင်းပျံ့မွေးကြိုင်စေသော်...
    ကဗျာလေးတွေရေးတတ်တယ်နော်
    တော်တယ်
    ချစ်ခင်စွာဖြင့်
    ဖိုးစိန်
    Anonymous said...
    နောင်တ ဆိုတာ အမည်လေးလှသလောက်
    ခံရခက်တဲ့ အရာမှန်း
    ငါက (မင်းကို)သိစေချင်ယုံလောက်ပါပဲ…
    မင်းကဗျာတွေ လင်းဖို့ 
    ငါ့စိတ်ကူးတွေ ခင်းပေးခဲ့ဖူး သလိုလေးပေါ့…

    ကောင်းလိုက်တဲ့ ကဗျာလေးပါပဲ ညီမလေးရေ
    Fraganipani said...
    အခုတလော ငါကဗျာတွေဟာလဲ
    ငါ့လိုပဲ သိပ်မနူးညံ့ကြဘူး

    Nyi Ma Lay, are you sure?
    Within these days i also got bad mood.Everyday fighting :)
    ဂျပန်ကောင်လေး said...
    ဖတ်ရတာ တမျိုးလေးခံစားလိုက်ရတယ်.. အဲဒီပန်းဖြူလေးက တကယ်ပဲ ဆံုးပါသွားသလား..း(
    ရဲဝင့်သူ said...
    တကယ်ပါ။ရှယ်လီကဗျာတပုဒ်ကိုဖတ်လိုက်ရသလို ခံစားရတယ်...ဒါမှ ၂၁ရာစုကဗျာ... ကောင်းတယ်ဗျိုး... ဒီတစ်ခါတော်တော်ခိုက်တယ်...


    လေးစားစွာဖြင့်
    ရဲဝင့်သူ
    မေလေး said...
    ကဗျာလေးလာရောက်ခံစားသွားပါတယ်
    ညီမလေးရေ

    ပျော်ရွှင်ပါစေနော်
    မေလေး
    Anonymous said...
    ကဗျာလေးကိုခံစားသွားပါတယ်ဗျာ။
    Anonymous said...
    ဘယ်လို ခံစားချက်တွေနဲ့ ဒီလိုကောင်းတဲ့ ကဗျာတွေ ရေးနိုင်ရတာလဲ မသိဘူး။ မဝေဖန်တတ်တော့။ ကဗျာ ပျက်သွားမှာကြောင့်။

Post a Comment