မေမေ…















မေမေ…
လှမ်းခေါ်မိလိုက်တဲ့…ခဏလေးမှာတင် လှစ်ကနဲပြုံး…
မေမေ့ ပါးကွက်လေးတဖက်ဟာ…သမီး တဘ၀လုံးပါပဲ...

ကျမ မေမေ ရယ်လေ…
ကိုယ် စိတ် နှလုံး သုံးပါးစလုံး… မရွှင်လန်း နိုင်ချိန်မှာတောင်…
မေမေ မျက်လုံး တွေ အမြဲ ပဲ ပြုံး နေခဲ့တယ်….
သားသမီးတိုင်းအတွက်…ထာဝစဉ်အင်အားပြည့်ဝ တဲ့ မျက်နှာပေးမျိုးနဲ့ 

ကျမ အောင်မြင်မှု အသေးအဖွားလေးများအတွက်…
အမြဲ အားပေး ဂုဏ်ယူနေတတ်တဲ့…မေမေ…
ကျမ ကျရှုံးချိန်တိုင်း…အမြဲနှစ်သိမ့်အားပေး တတ်တဲ့ ..မေမေ…
မေမေ့ ရင်ခွင်ထဲ တိုးဝှေ့ ချွှဲ မိ ချိန်တိုင်း…
ကျမ ကမေမေ့ အတွက်ထာဝရ ကလေးလေးတဲ့….လား ?

အခုတော့…မေမေ့… ကလေးလေးတယောက်
မဖြူစင်ကြတဲ့ ဒီလောက ရဲ့ …
ကမ်းလာတဲ့ လက်တွေ ကို ခါ ထုတ်….
တယောက်ထဲပဲ…မတ်တပ်စမ်းနေ ခဲ့တာ….
တခါတရံ တော့လဲ….အလဲလဲ အပြိုပြို….

ဟင့်အင်း…ကျမ ဘာကိုမှ စိတ်ပျက်နောင်တ မ ရ ပါဘူး….
မေမေ မွေးသော ကျမ ဟာ…မေမေ့ သမီးသာလျှင်ဖြစ်တယ်….

“လောကကြီး မှာကျမ အတွက်… ဘာမှ အဆင်သင့် မရှိပေမယ့်
ကျမ ယူ နိုင်ရင် ယူနိုင်သလောက် ရသတဲ့  “

ကျမ ပြိုယိုင်လဲကျ ချိန်တိုင်း…
မေမေ့ စကားသံတွေ ကိုပဲ နှလုံးသွင်းလို့ ..
လူမသိ..သူမသိ…
ကျမ ပြန်လည် ထူမတ် နိုင်ခဲ့တယ်….

မေမေ ဘယ်မှာ သေဆုံးလို့ လဲ…
မေမေ့ နှလုံးသွေးတွေ….ကျမ ရင်ဘတ်ထဲ…လှည့်ပတ်စီးဆင်းဆဲ…..

မေမေ ဘယ်မှာ သေဆုံးလို့ လဲ…
မေမေ့ အသိတရားတွေ..ကျမ ဦးနှောက်ထဲ…လှည့်လည် စီးဆင်းဆဲ….

“မေမေ” တဲ့
ကျမ ဘ၀ကို အမြင့်ပျံနိုင်ဖို့ …မှိုင်းတိုက်ပေးခဲ့တာ…
အဲ့ဒီ မေမေ့ မေတ္တာတွေ နဲ့ ပေါ့….

ဟောကြည့်….မေမေ ဘယ်မှာသေ ဆုံးလို့ လဲ….
ကျမ ရင်ထဲ ကနှလုံးသားထဲမှာ…

မေမေ အမြဲတမ်း… ပြုံးနေတုန်းပဲ……။.....။


( အခုတလော မေမေ့ကို အိပ်မက်တွေ မက်နေမိလို့  ဒီမေမေ ကဗျာလေးကို ပြန်တင်မိပါတယ်..)

7 Comments:

  1. poemflower said...
    မေမေ ဘယ်မှာ သေဆုံးလို့ လဲ…
    မေမေ့ နှလုံးသွေးတွေ….ကျမ ရင်ဘတ်ထဲ…လှည့်ပတ်စီးဆင်းဆဲ…..
    ကျွန်မမေလည်း ၁၁.၁.၂၀၀၉ ဆို ၁နှစ်ပြည့်ပါပြီ.
    ဒါကြောင့်ဒီကဗျာလေးနဲ့ခံစားချက်တိုက်ဆိုင်လို့ပါ
    Sein Lyan Tun said...
    အမေချစ်တဲ့သားမို့
    အမေကဗျာကိုလေးလေးနက်နက်ခံစားသွားပါတယ်
    ဘယ်တော့မှမသေတဲ့ ရင်ထဲက ထာဝရမေမေပါ.....
    ကဗျာလေးကောင်းတယ်ညီမလေးနွေး
    ချစ်ခင်စွာဖြင့်
    ဖိုးစိန်
    မသက်ဇင် said...
    နွေးလေးရေ
    မေမေကိုဖတ်ပြီးခံစားသွားတယ်
    ချစ်ခင်စွာ
    မေလေး said...
    ညီင်္မငယ်နွေးလေး
    ကဗျာလေး လာခံစား သွားပါတယ်...အမေ ဆိုတာ ဘာနဲ့မှ နှိုင်းယှဉ်အစားထိုးလို့ မရဘူးနော်...
    မမ စင်ကာပူ လာကာစ က လဲ အဆင်မပြေတာ မမ မ ပြောဘဲမမ အမေ က သိနေတယ် ...ညညဆို အိပ်မက် မက်တယ်တဲ့လေ......
    အားပေးနေမယ်နော်
    ညီမလေးကိုချစ်တဲ့
    မမမေလေး
    မေလေး said...
    ညီင်္မငယ်နွေးလေး
    ကဗျာလေး လာခံစား သွားပါတယ်...အမေ ဆိုတာ ဘာနဲ့မှ နှိုင်းယှဉ်အစားထိုးလို့ မရဘူးနော်...
    မမ စင်ကာပူ လာကာစ က လဲ အဆင်မပြေတာ မမ မ ပြောဘဲမမ အမေ က သိနေတယ် ...ညညဆို အိပ်မက် မက်တယ်တဲ့လေ......
    အားပေးနေမယ်နော်
    ညီမလေးကိုချစ်တဲ့
    မမမေလေး
    ကဗျာမလေး said...
    မနက်ဖန်(၉.၆.၂၀၀၉)ဆို မေမေဆုံးတာ နှစ်နှစ်နဲ့ ၁လပြည့်ပြီလေ... တိုက်တိုက်ဆိုင်ဆိုင် ဒီကဗျာလေးနဲ့ ကြုံတယ်... မေမေက ထာဝရ ရှင်သန်နေဆဲပါ။
    ညီနှင်းခ said...
    အမြင့်ပြန်နိုင်ဘို့ မှိုင်းတိုက်ပေးခဲ့တာ အမေ့မေတ္တာတွေနဲ့ပေါ့ ဆိုပါလား
    လှလိုက်တဲ့ စကားလုံးလေး

Post a Comment