လေလွင့် ကြမ္မာလှိုင်း










ဟန်ဆောင်ကောင်းခဲ့တဲ့အတိတ်တွေထဲမှာ
တိတ်တိတ်လေးပဲနေခဲ့မယ်…
ဝေးကွာခြင်းအသံ တစွန်းတစကြောင့်တော့
မင်းမဖျားနာပါနဲ့ ကွယ်…

ဒါဟာ သေဒဏ်လား…
ဒဏ်ရာ ရထားတဲ့ ကျားနာ တကောင်လို
အမှောင်ခန်း တခုထဲမှာ ခပ်မဆိတ်နေရင်း
မင်းအကြောင်း ကဗျာတပိုဒ် ရေးချင်ခဲ့တယ်…

အခန်းပြင်ပ မှာ လွင့်ပျံ့ နေတဲ့
မင်းဂီတ တွေက မှတ်မှတ်ရရ
ငါ့ကိုကျန်ဆဲတယ်…

ငါက သေလူပါ…
သုညတလုံးလို ဘယ်ကိန်းဂဏန်းနဲ့ မြှောက်မြှောက်
တန်ဖိုး မရောက်တဲ့ အဖြစ်ဆိုးတခုနဲ့ ပေါ့…

ဘယ်ခရီးသွားသွား ငါ့ကိုထားခဲ့ပါ
မဟုတ်ရင် ကံကြမ္မာက မင်းကို
တိတိကျကျ ရန်ပွဲဖွဲ့ လိမ့်မယ်..

ပြန်ဆုံဖြစ်ခဲ့ရင်…
အတ္တတွေစီးချင်းထိုးနေကြမယ့်အစား…
ငါတို့ ဒြပ်မဲ့တခုအဖြစ် ပဲတည်ရှိနေကြရအောင်လားကွယ်…
ဒါဟာကဗျာတပိုဒ်လား…
ဘယ်လိုပဲဖြစ်ဖြစ်..
မင်းအတွက်တော့
ပီပီသသ မခါးရင် တော်ပါပြီ…။ ။

10 Comments:

  1. ကဗျာမလေး said...
    “ဟန်ဆောင်ကောင်းခဲ့တဲ့အတိတ်တွေထဲမှာ
    တိတ်တိတ်လေးပဲနေခဲ့မယ်…
    ငါက သေလူပါ…
    သုညတလုံးလို ဘယ်ကိန်းဂဏန်းနဲ့ မြှောက်မြှောက်
    တန်ဖိုး မရောက်တဲ့ အဖြစ်ဆိုးတခုနဲ့ ပေါ့…
    ဘယ်ခရီးသွားသွား ငါ့ကိုထားခဲ့ပါ”
    အကြိုက်ဆုံး စာသားလေးတွေပေါ့.. :)
    ဒါနဲ့ ..... “မင်းအကြောင်း ကဗျာတပိုဒ် ရေးချင်ခဲ့တယ်…” ... တပိုဒ်ဆိုပြီးတော့ ခြောက်ပိုဒ်ကြီးတောင် ဖတ်လိုက်ရတယ်နော် ..ဟီး.. ချစ်လို့ နောက်တာ :P
    ဂျပန်ကောင်လေး said...
်နွေးရေ..အမြဲပဲကောင်းနေတော့တာပဲ.. ဒီဟာလေးဖတ်ရတာ တမျိုးလေးခံစားသွားရတယ်.. တော်လိုက်တာကွယ်...
    Anonymous said...
    “ဘယ်ခရီးသွားသွား ငါ့ကိုထားခဲ့ပါ
    မဟုတ်ရင် ကံကြမ္မာက မင်းကို
    တိတိကျကျ ရန်ပွဲဖွဲ့ လိမ့်မယ်..” သူ့အတွက် ပေးဆပ်ခြင်း၊ အနစ်နာခံခြင်းတွေလား.. စာနာပေးတဲ့ အချစ်တစ်ခုကိုတော့ မြင်ယောင်မိတယ်။ နှစ်သက် ခံစားမိတဲ့ ကဗျာကောင်းလေးပါ မနွေး..။
    Sein Lyan Tun said...
    တစ်ပုစ်လုံးကို စကားပြေရေးကြည့်မယ်နော်
    ဟန်ဆောင်ကောင်းသော အတိတ်မှာ ဒဏ်ရာရထားတဲ့ ကျားနာတစ်ကောင်ဟာ အမှောင်ခန်းထဲမှာ တိတ်ဆိတ်စွာ ကြေကွဲရင်း အခန်းပြင်ပကနေ နားမလည်သေား ကျားကြီး ဂီတသံကို နားစွင့်နေပါသည်

    သေလုသေခင် သေလုမျောပါ တန်ဖိုးမဲ့သော ဒီကျားနာက သူ့ကိုမထားခဲ့စေ၍ဖြစ်သည်

    ပြန်တွေ့ကြသောအခါတွင်လည်း ကျားကြီးအတွက်
    ကြက်ဟင်းခါးသီး ကြောင်လျှာသီးလောက် မခါးချင်ပဲ ဒြပ်မဲ့တစ်ခုအဖြစ်တည်ချင်ပါသည်။
    ကဗျာပိုင်ရှင်ကောင်မလေး လဲ ကြံသကာလိုချိုပါသည်
    ဖြစ်ပါသည်
    ဟုတ်ပါသည်
    မှန်ပါသည်
    ချစ်ခင်စွာဖြင့်
    ဖိုးစိန်
    Moe Myint Tane said...
    ကဗျာဟာ သူ့အတွက်ခါးမှာမဟုတ်ပါဘူး ညီမလေး။
    အရာရာတိုင်းဟာ လိုက်ဖက်ညီမျှမှုတွေနဲ့ ဖြစ်တည်နေခဲ့တယ်ဆိုရင်တောင် အဲဒီ့လိုက်ဖက်ညီမျှမှုဟာ ကဗျာပါဘဲ ညီမလေး။


    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်
    လင်းကြယ်ဖြူ said...
    "ငါက သေလူပါ…
    သုညတလုံးလို ဘယ်ကိန်းဂဏန်းနဲ့ မြှောက်မြှောက်
    တန်ဖိုး မရောက်တဲ့ အဖြစ်ဆိုးတခုနဲ့ ပေါ့…"
    အရမ်းမိုက်တဲ့ စာသားတ္ဂေပါလား ဟေ့ ...
    သိပ်ကောင်း..သိပ်မိ...သိပ်ထိ..
    ဆက်ရေးး..အားပေးနေတယ်ဟေ့..ညီမလေးရေ..
    သီဟသစ် said...
    အင်းကဗျာလေးတွေကောင်းပါ့
    ညီညီလား နွေးနွေးလား၊ ပေါင်းရေးထားတာလား မိုက်တယ်...

    ခင်မင်စွာဖြင့်
    သီဟသစ်
    Fraganipani said...
    ဘယ်ခရီးသွားသွား ငါ့ကိုထားခဲ့ပါ
    မဟုတ်ရင် ကံကြမ္မာက မင်းကို
    တိတိကျကျ ရန်ပွဲဖွဲ့ လိမ့်မယ်..

    ညီမလေးရေ မကြီးကတော့ မနေခဲ့နိုင်ဘူး ဘယ်သွားသွားလိုက်ချင်နေတဲ့သူပါ
    ကိုတိုးလေး said...
    အင်းကဗျာလေးတော်တော်ကောင်းပါတယ်။ ဟန်ဆောင်ကောင်းခဲ့တဲ့အတိတ်တွေထဲမှာ တိတ်တိတ်လေးပဲနေခဲ့မယ်။ ကဗျာလေးတော်တော်လေးကောင်းပါတယ် အဆင်ပြေပျော်ရွှင်နိုင်ပါစေဗျာ။
    Anonymous said...
    ကဗျာကောင်းလေးခံစားသွားပါတယ်။
    တခုခုပြောချင်တယ်။
    ဒါပေမယ့်ဘာပြောရမှန်းသိတော့ဘူး။
    အဆင်ပြေပါစေ။

Post a Comment