အဖြူရောင် တောင်းဆိုမှု












မိုးသည်းလိုက်..နေသာလိုက်
ကျမ လို မုတ်သုန် ရာသီဥတုမျိုးမှာ
ကြာရှည် ရှင်သန်ပေးခဲ့တဲ့ ချစ်သူ
ရှင့် ကို ကျမ ကျေးဇူးတင်ပါရဲ့ …..

အပြင်လောက မှာ ခံစားမြိုသိပ် လာသမျှအားလုံး
ကျမ သူ့ ရင်ပြင်ပေါ် မှာပဲ မတော်မတရား
ဖေါက်ခွဲ ပစ်ခဲ့တာတွေ…..
ကိုယ့်ကို ကို ဘယ်တော့မှ အပြစ်မမြင်တတ်တဲ့
အတ္တတွေအပြည့် နဲ့ မိန်းမ
တခါတလေ တယောက်တည်းပြန်တွေး
တိတ်တိတ်ကလေး မျက်ရည်ကျမိတယ်
သူ့  လိုဘယ်သူခံစား နိုင်မှာလဲ….

တကယ်ဆိုသူဟာကျမ ရဲ့ တခုတည်းသော ခိုလှုံရာ
ဒီလိုပဲ အသိခေါက်ခက် အ၀င်နက်နေ တဲ့ကျမ
အဲ့ဒီ သံသယ တွေ နဲ့ ပဲ အခါခါ လောင်မြိုက်
သူ့ ရဲ့ နွေးထွေး တဲ့ရင်ခွင် မှာလဲ
စိတ်ချ လက်ချ မပျော်ပိုက်နိုင်ခဲ့ ဘူး….
စိတ်ပါ လက်ပါတောင်းပန် လိုက်ပါရဲ့  ချစ်သူ

ချစ်ခဲ့ ဖူးတာတွေ ပဓါန ထား
ကျမ အနားက ပျောက်မသွားပါနဲ့ ဦး
ကျမ…
ဘ၀ ထဲက အတွေ့ အကြုံ တွေ သင်ကြားနေရ သလို
ရှင့် ရင်ခွင်ဆီက အချစ်တွေ
ဆက်လက် သင်စရာ လို နေသေးလို့ …။ ။

3 Comments:

  1. Anonymous said...
    အဲ့ဒီ သံသယ တွေ နဲ့ ပဲ အခါခါ လောင်မြိုက်
    သူ့ ရဲ့ နွေးထွေး တဲ့ရင်ခွင် မှာလဲ
    စိတ်ချ လက်ချ မပျော်ပိုက်နိုင်ခဲ့ ဘူး….
    စိတ်ပါ လက်ပါတောင်းပန် လိုက်ပါရဲ့  ချစ်သူ
    ကောင်းလိုက်တဲ့ ကဗျာလေးပါ ညီမရေ .....

    မိန်းကလေးတွေများ တယ်တူတယ်ပါလားနော် .....
    မိုးခါး said...
    အင်း
    လုပ်ပေါ့တော်
    :P
    Anonymous said...
    ဘ၀ထဲက အတွေ့အကြုံတွေ.. ရင်ခွင်ဆီက အချစ်တွေ.. မှန်တယ် မနွေး.. ဘဝထဲက အတွေ့အကြုံကို ရုန်းကန် လှုပ်ရှားရင်း သင်ယူရသလို.. မောပန်းလာချိန် ဖြေသိမ့်ဖွယ် အကောင်းဆုံး အချစ်တစ်ခုလဲ လိုအပ်မှာပါပဲ။ သင်ယူရဦးမယ်။ ချစ်မြဲ ချစ်ရဦးမယ်။

Post a Comment