နေချင်တဲ့ မြို့လေး

နွေးက ဘယ်လိုနေရာမျိုးလေးမှာ နေချင်လဲဆိုတော့ ဖွံ့ ဖြိုးတိုးတက်မှု သိပ်မရှိတဲ့ နယ်မြို့ လေးတမြို့ မှာနေချင်တယ်…
အရမ်းကြီးတော့မခေါင်ဘူးပေါ့လေ… ဒါပေမယ့် မြို့ ပြတွေနဲ့ နဲနဲ အလှမ်းဝေးမယ့်နေရာမျိုးလေး … အဓိက ကတော့ အဲ့ဒီ့နေရာလေးမှာ ကိုယ့်စိတ်ဟာ လွတ်လပ်နေမယ်..အပူအပင် သိပ်မရှိဘူးပေါ့နော်…
ပြီးတော့ နွေးက အအေးကြောက်တယ် နည်းနည်းအေး ပတ်ဝန်းကျင်အေးတာနဲ့ လက်ဖျားတွေအေးစက်လာရော
ငယ်ငယ်လေးကတည်းက အေးရင်လဲအော်ငိုတယ်၊ ပူရင်လဲအော်ငိုတယ်တဲ့ နွေးနွေးထွေးထွေးလေးထားမှ နေတတ်လို့ မေမေ ကိုယ်တိုင် နွေးနွေးသဲမွန် ဆိုတဲ့နာမည်ကိုပေးထားခဲ့တာပဲကြည့်…( အခု passport ထဲကနာမည်ကတော့ အဲ့တာမဟုတ်ပါဘူး… ၈တန်းရောက်မှ ပြောင်းလိုက်တဲ့နာမည်နဲ့ ပါ) အဲ့တော့ အပူအအေးမျှတ တဲ့နေရာမျိုးလေးပဲ ဖြစ်ချင်တယ်…ရာသီဥတုအေးပေမယ့် လေထုလေးတွေ နွေးထွေးနေ မလား…
အခုချိန်မှာ အလုပ်တွေလုပ်ပြီး ပိုက်ဆံနောက် တကောက်ကောက် လိုက်နေပေမယ့်
အဲ့ဒီ့မြို့ လေးရောက်ရင် နွေးထွေးတဲ့မိသားစုလေး နဲ့ သားကလေးတွေ သမီးကလေးတွေကို
ကိုယ်တိုင်စာသင်ပေးနေတဲ့ မေမေ တယောက်ပဲဖြစ်ချင်တယ်..
ပူအိုက်တဲ့နွေရာသီမှာဆို လေတဖြူးဖြူးတိုက်နေတဲ့ သစ်ပင်အောက်က ကွပ်ပစ်လေးမှာ သနပ်ခါးညီညီလေးလူးပြီး စာရေး၊စာဖတ် လုပ်ချင်တယ်…
ပြီးတော့ နွေးအတွက် ပျော်ရွှင်မှုတွေ ဖန်တီးပေးတတ်တဲ့သူငယ်ချင်းတွေနဲ့ မကြာခဏတွေ့ ခွင့်ရချင်တယ်…
နွေးတို့ မကြာခဏသွားထိုင်ဖို့ ….
သီချင်းအေးအေးလေးတွေဖွင့်တတ်တဲ့ လက်ဖက်ရည်ဆိုင် လေးတဆိုင် အဲ့ဒီ့မြို့ လေးမှာရှိနေမယ်…
အရေးကြီးတာက အဲ့ဒီ့မြို့ လေးက အသီးအနှံပေါရမယ်… နွေးက အသီးမစားရရင် မနေနိုင်လေ…
မမ မိုးခါးပြောသလို မီးလဲမှန်စေချင်တယ်…( နွေးက သရဲဆိုအသေကြောက်တတ်လို့ )
စိတ်ပင်ပန်းနေရချိန်တွေ ရေကန်လေးတကန်ဘေးမှာထိုင်ပြီးတွေးနေရတာကို နွေးက စိတ်ထွက်ပေါက်လို့ ထင်တတ်တယ်..
အဲ့ဒီ့မြို့ လေးမှာ ရေကန်လေးတကန်ရှိရင်ကောင်းမယ်…
ဘာတွေပဲ ရှိရှိ မရှိရှိ နွေးအတွက် မဖြစ်မနေ လိုအပ်တာကတော့
နွေးအတွက် အရာရာ ကိုမျှဝေခံစားတတ်ပြီး အချိန်တိုင်းနွေး ဘေးမှာ ဖေးဖေးမမစောင့်ရှောက်တတ်သော
နောင် တစ်ချိန် နွေးသားသမီးတွေအတွက် ဖခင်ကောင်းတယောက်ဖြစ်လာမယ့် ၊ နွေးကိုယ်တိုင်စိတ်ကြိုက်ရွေးချယ်ထားခဲ့တဲ့
စိတ်ထားနူးနူးညံ့ညံ့လေး ကိုပိုင်ဆိုင်သော နွေးရဲ့ ချစ်သူ ကောင်လေး တယောက်…အဲ့ဒီ့မြို့ လေးမှာ ရှိနေခဲ့မယ် ဆိုရင်…

အင်း အဲ့မြို့ လေးက ဘယ်မြို့ လေးဖြစ်မလဲ မသိဘူးနော်…သေချာတာတော့ နွေးတို့  မြန်မာနိုင်ငံထဲက မြို့ ငယ်လေးတမြို့ ပဲဖြစ်နေမှာပါ…
နွေးရဲ့  personal boss လေးကတော့ တောင်ပေါ်မြို့ လေးတမြို့ မှာနေချင်တယ်တဲ့…. နွေးက အအေးကြောက်ပေမယ့် နွေးထွေးတဲ့မိသားစုလေးရှိနေမယ်ဆိုရင်တော့ လိုက်နေရမှာပေါ့လေ…ကဲ...ကြာပါတယ်ကွာ
နောက်ထပ် ၅နှစ် နှစ်ယောက်လုံးအလုပ်လုပ်ပြီးရင် မြန်မာနိုင်ငံပြန်ကြမယ်…။။။

မမ မိုးခါးရေ…ကျေနပ်မယ်ထင်ပါတယ်နော်… မကျေနပ်ရင်လဲ ညနေမုန့် လိုက်ဝယ်ကျွေး… (ဟီးးး)
အိမ်ထောင်ရေးဦးတည်ချက်လေးရပ်ထဲမှာ ကန်စွန်းရွက်ကိုအခြေခံ၍ အခြားသောဟင်းသီးဟင်းရွက်များစားသုံးရေးလို့ လတ်တလော ကြွေးကြော်နေတဲ့ သူငယ်ချင်း သူရဿဝါ… အခုမှ မြန်မာနိုင်ငံမှအိမ်ယာထူထောင်ဖို့  ကွင်းဆင်း၍ပြန်လာသော ကိုလင်းကြယ်ဖြူတို့ ကို လက်ဆင့်ကမ်းပါတယ်…း-) …အားလပ်ချိန်လေးများရှိရင် သနားကြပါလို့ .. :-P

8 Comments:

  1. မိုးခါး said...
    သရဲအသေကြောက်တာချင်းတော့တူသွားဘီ
    အဲဒီ ပါဆင်နယ်ဘော့စ်ကလည်း မပါမဖြစ်ပါလား
    မပြောချင်ဘူးနော် .. ဟင်းးးးး :P
    Sein Lyan Tun said...
    အဲဒီမြို့လေးမှာနေချင်တယ်ဆိုရင်
    အကိုနေတဲ့ မော်လမြိုင်မှာလာနေ
    ပြည့်စုံတယ်
    အသီးအနှံလဲမပူနဲ့ 
    စားရမယ်
    ဝါးရမယ်
    ပေါတယ်တစ်ခုရှိသေးတယ်
    အဲဒါ
    သ........ရဲ...................
    အဟီးးး
    ချစ်စွာသော
    နွေးရဲ့ ကိုကြီး
    ဖိုးစိန်
    Fraganipani said...
    မကြီးနဲ့လိုက်ခဲ့ သံတွဲ သွားမယ် အဟီးးးးးးးးးး
    ကောင်းကင်ပြာ said...
    စိတ်တိုင်းကျ ပုံဖေါ်နိုင်ပါစေ ညီမလေး
    သီဟသစ် said...
    အဲဒီမြို့လေးမှာ နေဖြစ်ရင် အလည်ခေါ်နော်..

    ခင်မင်စွာဖြင့်
    သီဟသစ်
    လင်းကြယ်ဖြူ said...
    ညီမလေးတို့ မောင်နှံ ၏ အဖြူရောင် ဆန္ဒတ္ဂေအကောင်အထည်ပေါ်လို့ ရာသက်ပန်အဲ့လိုနေရာလေးမှာပျော်ရွှင်စ္ဂာ လက်တ္ဂဲ ရင်း အနာဂတ်ပေါင်းများစ္ဂာကို ကြည်ကြည်နူးနူး ဆုံတ္ဂေ့နိုင်ကြပါစေခင်ဗျာ။
    (နဲနဲများ နုသ္ဂားသလား မသိ..ဟဲ..ဟဲ)
    ဂျပန်ကောင်လေး said...
    သြော်..း).. အအေးကြောက်ပေမယ့် Personal Boss လေးနဲ့နွေးထွေးတဲ့ မိသားစုလေးရှိရင် လိုက်နေမယ်ဟုတ်လား.. ကောင်းကျိုးလိုရာ ဆန္ဒတလုံးတ၀ကြီး ပြည့်စေ............... ဟီးးးးးးး
    Anonymous said...
    personal boss လေးရဲ့ အနွေးဓါတ်နဲ့ နေမယ်ပေါ့လေ။ အားကျတယ်ဗျာ။

Post a Comment