တခါတုန်းက...



















အက်ကြောင်းထင်လာမှတော့..
အကောင်းမြင်မလာနိုင်တော့တာ ငါ သိပါတယ်..

ငါကိုယ်တိုင် ရိုက်ခွဲခဲ့ တဲ့ အက်ကြောင်း
ငါ ကောင်းဖို့ မှ မဟုတ်တာ…

တွေ ဝေခဲ့တာ မဟုတ်ဘူး…
နင့် ရက်စက်နိုင် စွမ်းကိုပဲ
အံ့အားသင့်နေခဲ့တာ…

အဲ့ဒီ နေ့ ရက်တွေက…ငါ့ရင်ဘတ်ကဗလာ…

နှလုံးသားကို ရိုက်ခွဲထုနှက်
နင့်အတွက်ပုံသွင်းပေးထားခဲ့တယ်…
နေတခြမ်း သာနေစေဖို့ …

ငါ့ရင်ဘတ်က အက်ကြောင်း
နင်မကောင်းတာ..မဟုတ်ရပါဘူး..

တယူသန်တွေ နဲ့ နင်ဘယ်လို စွဲချက်တင်တင်…
အယူခံ လည်းမ၀င်ဖြစ်ဘူး…

တကယ်ဆို..ကို’ ရယ်

ငါ ကိုယ်တိုင် ကို က
ဘယ်တော့မှ…
မီးထပ်မလောင် နိုင်တော့တဲ့ ပြာ’…..! !

3 Comments:

  1. ဖိုးဂျယ် said...
်ငါ ကိုယ်တိုင် ကို က
    ဘယ်တော့မှ…
    မီးထပ်မလောင် နိုင်တော့တဲ့ ပြာ’…..! !

    အဲ့စာသားလေး လှတယ်ဗျာ
    အထင်လွဲရင် ပြေလည်ပါစေလို့ ဆုတောင်းပေးပါတယ်။

    ခင်တဲ့ ဖိုးဂျယ်
    Sein Lyan Tun said...
    သြော် ...ခံစားရပြန်ပီး
    ခံစားရပြန်ပီး
    ကိုယ်တိုင်ခွဲခဲ့တဲ့အက်ကြောင်းတဲ့
    ကိုယ်တိုင်ခွဲတယ်ပြောသေး နင်ရက်စက်နိုင်လိုက်တာလဲပြောသေး
    နင်မကောင်းတာ မဟုတ်ဘူးလို့လဲပြောသေးးး


    ငါ ကိုယ်တိုင် ကို က
    ဘယ်တော့မှ…
    မီးထပ်မလောင် နိုင်တော့တဲ့ ပြာ’…..! !

    နင်ကိုယ်တိုင် က တော့
    ဘယ်တော့မှ....
    မီးထပ်မတောက် နိုင်တော့တဲ့ မီးခိုးငွေ့တန်း..

    ကဗျာလေးကောင်းတယ်နော်
    စသွားတာနော်
    ခင်တဲ့
    ဖိုးစိန်
    moekhar said...
    မီးထပ်မလောင် နိုင်တော့တဲ့ ပြာ .. တဲ့ .. အင်း စဉ်းစားသွားတယ် နွေးရေ .. ပျော်ရွှင်ပါစေနော် ..း)

Post a Comment