"...Infinity ဆီကဆုံမှတ်...."












။ ။ ဝေးကွာခြင်း အကြောင်း ကိုတွေးဖြစ်တဲ့အခါ…

ဟိုးခပ်ဝေးဝေး မိုင်တိုင်လေးတွေဆီက.. ရှိုက်ငိုသံတိုးတိုးလေးကိုကြားတယ်….
သနပ်ခါးနံ့ သင်းသင်းကို ရလိုက်မိသလိုလို…

ကိုယ့် မျက်ဝန်းထဲက..အာရုံစွဲ… အရာဝတ္ထုတချို့ …..
စွယ်တော်ရွက်တွေ လိုလို….
ဂစ်တာသံတွေ လိုလို….
ခြင်္သေ့ခေါင်းဆောင်းနဲ့  ၀က်ဝံရုပ်လေးတရုပ်လိုလို….
ရင်ဘတ်ထဲက တို့လို့တွဲလောင်းစာသားတွေနဲ့ ပိုစ့်ကဒ်တွေ
ပြီးတော့..
ရှမ်းခေါက်ဆွဲ တပွဲ…နဲ့ ကန်ဘောင်က မိုးပျံပူဖေါင်းတွေ….
ရေစိုနေတဲ့ နှလုံးသားနဲ့ … အမေ့မခံတဲ့ သင်္ကြန်နေ့ ရက်တွေ…
ကိုယ့်ကိုကိုယ်… စိတ်ဖြာမိတဲ့အခါ….
လမ်းဘေးက တောက်ခေါက်သံတချက်နဲ့ 
ရင်ဘတ်ထဲက …အက်သံတချို့ …. ။ ။

။ ။ ဒီလိုနဲ့ ဆိုတဲ့ စကားကို ဒီလိုပဲ ပြောခဲ့တာ ကောင်းပါလိမ့်မယ်….

မရိုးသားခဲ့တဲ့ ကိုယ့်နှလုံးသား ရဲ့ ရှားရှားပါးပါး ယဉ်ကျေးမှု တခုပေါ့…
ကတိစကား တွေကို ကိုယ် မုန်းတယ်…
အထူးသဖြင့်…..
အရာ မရောက်ခဲ့ရတဲ့ ကတိစကားတွေ ကို
................................
ကိုယ် အမုန်းဆုံးပဲ……။ ။

။ ။ ဝေးကွာခြင်းတဲ့လား….

အိပ်မက် တခုထဲမှာ…ကျမ သူ့ ကိုပြန်တွေ့ တယ်..
ကျမ ဆီဦးတည်လှမ်းလာတဲ့..သူ့ ခြေလှမ်းတွေကို
တမြတ်တနိုး ကြည့်ရင်း…
ကျမ သူ့ ကို ပြုံးပြလိုက်တယ်….

သူ လှည့်ထွက်သွားတယ်…
တော်ပြီ….
ကျမ နောက်တခါ အိပ်မက်မက်ရင် …
ကျမ အပြုံးတွေကို ချုပ်နှောင်ထားမှဖြစ်မယ်….
မျက်ဝန်းတွေက လွဲလို့ ပေါ့…. ။ ။

။ ။ ပြတ်သားခြင်း…. ဆိုတာဘာလဲ

ကျမ မှာသူနဲ့ပတ်သက်လို့  မပိုင်ဆိုင်ခဲ့ရဖူးတဲ့ တခုတည်းသော အချင်းအရာ…
ကျမ စိတ်ရဲ့  ပြတ်သားခြင်းတွေကို
တကြောင်းချင်းစီ ပိုက်စိတ်တိုက် ရှာကြည့်တယ်…
ဝမ်းနည်းစွာနဲ့ …
သူ့ နာမည်ကိုရှာမတွေ့ ဘူး…….။ ။

။ ။ မျဉ်းပြိုင်နှစ်ကြောင်း ရဲ့ ဆုံမှတ်ဟာ..Infinity မှာရှိသတဲ့…..

ဒါပေမယ့်လည်းကွယ်… မဆုံဖြစ်ခဲ့တဲ့ မျဉ်းပြိုင်တွေ အကြောင်း…
ကဗျာပေါင်း များစွာမှာ …
ကိုယ်အကြိမ်ကြိမ် ဖတ်ဖူးပါရဲ့ …..

အိပ်မက်တွေအနားယူသင့်ပါပြီ...
စကားသံအဆုံး အိပ်မွေ့ ချခံထားရတဲ့
နာကျင်မှုတွေက
ရင်ခွင်ဆီ တစစ်စစ်တိုက်ခိုက်တယ်...

အဆုံးအစ မဲ့သောအကွာအဝေးတခုမှာ….
ဆုံမှတ်ကိုတွေ့ တယ်….
ဒါပေမယ့်…
ဆုံမှတ်က ကိုယ့်ဆီ ရောက်မလာနိုင်သလို ….
ကိုယ်ကလဲ…
ဝေးကွာခြင်းနဲ့ အသားကျနေခဲ့ ပြီကွယ်…..။ ။
..................။ ......................။ ။







( သူငယ်ချင်း သူရဿဝါ ရဲ့ တဂ်ပို့ စ်ပါ…)













ငါးကလေးရေ…
မင်းကို ငါမမျှားခဲ့ပါဘူး….
မင်းကသာ အစာမရှိတဲ့ ချိတ်ကိုမှ..
မက်မက်မောမော လာတွယ်ညှိခဲ့တာ…
အခုတော့လည်း ငါ့ရာဇ၀င်တွေ ရိုင်းသွားခဲ့ရပေါ့…

ပြန်ချင်တော့လည်း..
ကြိုးမတင်ခင် လွန်းတပြေးမှာ..
ရေပွက်ကလေး ထပြေးသွားခဲ့တာ…
ငါ့မှာ သာ…အိပ်မက်တွေ နဲ့ ..ဗရမ်းဗတာ..ကျန်ရစ်ခဲ့ရ…

ခရေ တွေ အခါခါ ပွင့်ရစ်ခဲ့ပြီ…
ကံကောင်းခြင်းတွေ ၊ ကံဆိုးခြင်းတွေ ..
ငါ့ကမ္ဘာမှာ အလျှင်းသင့်သလို …
ဖွင့်ကြ ..လှစ်ကြ လို့ …

ညနေရီ ဟာ…ပြာရီမှုန်မှိုင်း…
“ ဒါနှင်းတွေ မဟုတ်ဘူး..ကလေးရဲ့ မြူခိုးတွေပါ… “
………………………………..
………………………………………..
ပန်းကလေးတွေ ပင့်သက်ခြွေရင်း ကြွေကျတယ်…
…………………………………………….
ကမ္ဘာမြေရဲ့ တနေရာ မှာ နေ၀င်နေပြီ ထင်ပါ့…..
……………………………….……ကွယ်……………………….

ဒီအချိန်…………
မင်းမကြားမိလိုက်တာက…..
…………………………………………
ကြိုးတချောင်း ရဲ့ ရှိုက်သံ ဖြစ်တယ်……။ ။

ချစ်ခြင်းမှာ အသွားအပြန်ရှိတယ် ဆိုတဲ့စကားကို ယုံကြည်ခဲ့ရတယ်…
စာနာမှုကင်းတဲ့ ဒီရင်ဘတ်ထဲကို မှ…
ချိုမြိန်ခြင်းတွေ ဖောက်ချပေးချင်ခဲ့ သူဟာ…. သူပဲလေ….

ချစ်သူ ဆိုတဲ့ဝေါဟာရ တိုင်းကို မျက်နှာလွဲခဲပစ်…
၁ အချိုး ၂နဲ့ လက်စားချေတတ်ခြင်း
မူဝါဒ ကိုပဲ လက်ကိုင်ထားတတ်ခဲ့တဲ့ကျမ
ဟန်ဆောင်မှုကင်းတဲ့ သူ့ ချစ်ခြင်းတွေ ကို…
ငေးမောမင်သက် တိတ်တဆိတ် အားကျတတ်ခဲ့တယ်…

သူဟာ ကျမဘ၀တခုလုံးမဖြစ်နိုင်ခဲ့ရင်တောင်..
ကျမ ဘ၀ရဲ့ အနှစ်သာရ အဓိပ္ပါယ် တခုပါ…
မာယာကင်းမဲ့တဲ့ကြင်နာခြင်းတွေကို
တစ်ဘ၀စာ နှင်းအပ်ခြင်း ခံခဲ့ရသူ…

ယနေ့ မှစ ဘ၀သက်ဆုံးတိုင်
ချစ်သူရင်ခွင်မှာ…ခေါင်းတင်မေးစက်ချင်မိသူ…ကျမ
ချန်ရစ်ဖို့ ရည်ရွယ်ချက်မျိုးနဲ့ တော့..
ဘယ်တုန်းကမှ မပျိုးခဲ့မိတာ….ယုံကြည်ပါကွယ်…..။ ။

(၂၀၀၉ နိုဝင်ဘာ…၄ရက် အမှတ်တရ)

ချစ်သူအတွက် ကျမရင်ဘတ်ထဲမှ ထွက်ကျခဲ့သောအသံများ စုစည်းမှု

၂)'လ နဲ့ ကြာ' (Friday, March 20, 2009)




၃) “ချစ်သူ “(Happy Anniversary + 04 May 2009)




၎)....အရင်လို…(Friday, May 1, 2009)



၅)“ဝေးကြရတယ်ဆိုတာ…” (Tuesday, May 12, 2009)



၆)“အဖြူရောင် တောင်းဆိုမှု” (for 11 June 2009)



၇)“ပြန်မဆုံဖြစ် ကြရင်” (Monday, June 15, 2009)



၈)"စက္ကူဖြူ " (Monday, June 22, 2009)



၉)"ချစ်ခြင်းဖြင့်နွယ်လျှက်သော တွဲလက်"( ..., For our day)

၁၀)
“ချစ်သူဆက်မရေး ဖြစ်တဲ့ကဗျာ… “
( နှစ်ယောက်တစ်အိပ်မက် မက်ခဲ့တဲ့ အမှတ်တရ ကဗျာလေးတပိုဒ်ပါ )



၁၁)“ချစ်သူမိုးကောင်းကင်”



၁၂) ကျမ၏ ချစ်သူ အတွက် ( ၁၁ ဂျွန် ၂၀၀၉)



၁၃)“နောင်တ မဲ့စွာ…”



၁၄)“ချစ်ခြင်း၏ အချိုးအကွေ့ များ”


။ ။ ရင်ခုန်သံ တချို့ အားပြန်လည်အသက်သွင်း...ချစ်သူအတွက် ထာဝရကြင်နာခြင်းတွေ လင်းစေသတည်း....။ ။

"ကောက်စား"

မြှောက်စားခံဖို့ သူတို့မို့မရှက်
လုပ်ရက်တွေက ပက်စက်တယ်။

ကဗျာအသက် ငါ့ရင်ဘတ်ကို
ခုတ်ဖြတ်ဖဲ့စား
(နည်းနည်းတော့)ရှက်သွားလိုက်ဦးးးး

ငါ့ဖန်တီးမှု အနုပညာ
ဘယ်ကလာလဲ?

တစ်ပဲခြောက်ပြား လုပ်စားဖို့ဖန်တီး
ပြီးပြီးရောလုပ်
လက်တစ်ခုတည်းနဲ့ မဟုတ်ဘူးးး

တခုတ်တရချစ်ပြီး ရင်ကိုလှီး၍
အသည်းနဲ့ပေါင်း ဦးနှောက်ညောင်းအောင်
စုပေါင်းဖန်တီး (အဲ့ဒါ) ငါ့သားသမီးတွေ.....

ဘာဝင်စားလို့ လေးစားမရှိ
ကိုယ့်ကိုကိုယ် မေးကြည့်လိုက်ကြဦးးးး
ရင်နှင့်မွှေနှောက် ငါ့ဦးနှောက်ကို
ရုပ်တည်ဖောက်စား၊
(ပြောပြန်ရင်လည်း)အောက်တန်းစားတွေ သိက္ခာကျမယ်။

အော်ဂလီဆန်တယ် ဆိုတဲ့စကား မပြောဘူးလို့ထားတာပါ...
(ဒါပေမယ် ခံစားရတာများတော့ သူ့အလိုလို ထွက်သွားးးတယ်)
ဆွဲစား၊ဖဲ့စား၊ဖောက်စားတတ်တဲ့ ...လူ....ဝင်စားကြီးတို့ရေ....
ကောက်စားမလုပ်ခင်
နာမည်လေးတော့ အရင်ရေးထား။

(ရေးဖွဲ သူ့.... စေစားသူ)


(ဦးနှောက်ဖေါက်စားခြင်းခံ ခဲ့ရသူတွေ အတွက်ကဗျာလေးပါတဲ့ အကိုတယောက်ရေးထားတာပါ)

;;