"...Infinity ဆီကဆုံမှတ်...."












။ ။ ဝေးကွာခြင်း အကြောင်း ကိုတွေးဖြစ်တဲ့အခါ…

ဟိုးခပ်ဝေးဝေး မိုင်တိုင်လေးတွေဆီက.. ရှိုက်ငိုသံတိုးတိုးလေးကိုကြားတယ်….
သနပ်ခါးနံ့ သင်းသင်းကို ရလိုက်မိသလိုလို…

ကိုယ့် မျက်ဝန်းထဲက..အာရုံစွဲ… အရာဝတ္ထုတချို့ …..
စွယ်တော်ရွက်တွေ လိုလို….
ဂစ်တာသံတွေ လိုလို….
ခြင်္သေ့ခေါင်းဆောင်းနဲ့  ၀က်ဝံရုပ်လေးတရုပ်လိုလို….
ရင်ဘတ်ထဲက တို့လို့တွဲလောင်းစာသားတွေနဲ့ ပိုစ့်ကဒ်တွေ
ပြီးတော့..
ရှမ်းခေါက်ဆွဲ တပွဲ…နဲ့ ကန်ဘောင်က မိုးပျံပူဖေါင်းတွေ….
ရေစိုနေတဲ့ နှလုံးသားနဲ့ … အမေ့မခံတဲ့ သင်္ကြန်နေ့ ရက်တွေ…
ကိုယ့်ကိုကိုယ်… စိတ်ဖြာမိတဲ့အခါ….
လမ်းဘေးက တောက်ခေါက်သံတချက်နဲ့ 
ရင်ဘတ်ထဲက …အက်သံတချို့ …. ။ ။

။ ။ ဒီလိုနဲ့ ဆိုတဲ့ စကားကို ဒီလိုပဲ ပြောခဲ့တာ ကောင်းပါလိမ့်မယ်….

မရိုးသားခဲ့တဲ့ ကိုယ့်နှလုံးသား ရဲ့ ရှားရှားပါးပါး ယဉ်ကျေးမှု တခုပေါ့…
ကတိစကား တွေကို ကိုယ် မုန်းတယ်…
အထူးသဖြင့်…..
အရာ မရောက်ခဲ့ရတဲ့ ကတိစကားတွေ ကို
................................
ကိုယ် အမုန်းဆုံးပဲ……။ ။

။ ။ ဝေးကွာခြင်းတဲ့လား….

အိပ်မက် တခုထဲမှာ…ကျမ သူ့ ကိုပြန်တွေ့ တယ်..
ကျမ ဆီဦးတည်လှမ်းလာတဲ့..သူ့ ခြေလှမ်းတွေကို
တမြတ်တနိုး ကြည့်ရင်း…
ကျမ သူ့ ကို ပြုံးပြလိုက်တယ်….

သူ လှည့်ထွက်သွားတယ်…
တော်ပြီ….
ကျမ နောက်တခါ အိပ်မက်မက်ရင် …
ကျမ အပြုံးတွေကို ချုပ်နှောင်ထားမှဖြစ်မယ်….
မျက်ဝန်းတွေက လွဲလို့ ပေါ့…. ။ ။

။ ။ ပြတ်သားခြင်း…. ဆိုတာဘာလဲ

ကျမ မှာသူနဲ့ပတ်သက်လို့  မပိုင်ဆိုင်ခဲ့ရဖူးတဲ့ တခုတည်းသော အချင်းအရာ…
ကျမ စိတ်ရဲ့  ပြတ်သားခြင်းတွေကို
တကြောင်းချင်းစီ ပိုက်စိတ်တိုက် ရှာကြည့်တယ်…
ဝမ်းနည်းစွာနဲ့ …
သူ့ နာမည်ကိုရှာမတွေ့ ဘူး…….။ ။

။ ။ မျဉ်းပြိုင်နှစ်ကြောင်း ရဲ့ ဆုံမှတ်ဟာ..Infinity မှာရှိသတဲ့…..

ဒါပေမယ့်လည်းကွယ်… မဆုံဖြစ်ခဲ့တဲ့ မျဉ်းပြိုင်တွေ အကြောင်း…
ကဗျာပေါင်း များစွာမှာ …
ကိုယ်အကြိမ်ကြိမ် ဖတ်ဖူးပါရဲ့ …..

အိပ်မက်တွေအနားယူသင့်ပါပြီ...
စကားသံအဆုံး အိပ်မွေ့ ချခံထားရတဲ့
နာကျင်မှုတွေက
ရင်ခွင်ဆီ တစစ်စစ်တိုက်ခိုက်တယ်...

အဆုံးအစ မဲ့သောအကွာအဝေးတခုမှာ….
ဆုံမှတ်ကိုတွေ့ တယ်….
ဒါပေမယ့်…
ဆုံမှတ်က ကိုယ့်ဆီ ရောက်မလာနိုင်သလို ….
ကိုယ်ကလဲ…
ဝေးကွာခြင်းနဲ့ အသားကျနေခဲ့ ပြီကွယ်…..။ ။
..................။ ......................။ ။







( သူငယ်ချင်း သူရဿဝါ ရဲ့ တဂ်ပို့ စ်ပါ…)

3 Comments:

  1. ချစ်ဝါ said...
    nice ... really... not flatter ... :)
    လင်းကြယ်ဖြူ said...
    ဆုံမှတ်က ကိုယ့်ဆီ ရောက်မလာနိုင်သလို ….
    ကိုယ်ကလဲ…ဝေးကွာခြင်းနဲ့ အသားကျနေခဲ့ ပြီကွယ်..
    ဆိုတဲ့ စာစုလေးကို သဘောကျမိပါတယ်..
    ပျော်ကြပါစေ ခင်ဗျာ
    လေးစားစွာ
    *.*.*
    Anonymous said...
    မရိုးသားခဲ့တဲ့ ကိုယ့်နှလုံးသား ရဲ့ ရှားရှားပါးပါး ယဉ်ကျေးမှု တခုပေါ့…
    ကတိစကား တွေကို ကိုယ် မုန်းတယ်…

    ကောင်းလိုက်တာ မိနွေး ဒီကဗျာလေး အကိုတော်တော် ကြိုက်မိတယ်

    ခင်မင်စွာဖြင့်
    ဗညားရှိန်

Post a Comment