“မေဖန်ဆင်းသော ပန်းတစ်ပွင့်”














တကယ်တော့ သူနှင့်ကျမ ၏တွေ့ ဆုံမှုမှာ ကဗျာမဆန်ခဲ့ပါ…ပြောရမည်ဆိုလျှင် သာမာန်ကာလျှံကာထက် ပိုမည် ဆိုရုံလေးသာဖြစ်သည်…
ည၉နာရီ ခန့် အချိန်..MRT ဟုခေါ်ဆိုသော အမြန်ရထားတစင်းပေါ်မှ အိမ်ပြန်ရောက်ချင်နေသော ကျမ၏စိတ် သည်ကျမခန္ဒာကိုယ်အား အပြေးအလွှားသယ်ဆောင်၍ဆင်းလာစဉ် ခဏ တွင်ဖြစ်သည်….
ကျမကိုတိုက်၍ ဖြတ်ပြေးသွားသောသူတယောက်ကို စိုက်ခနဲ ကြည့်မိသည်… ထိုသူက ကျမ ကိုကြည့်မနေခဲ့ပါ…
ကျမကိုကြည့်နေသည်က ထိုလူ၏ အနောက်ဘက်မှ မျက်ဝန်းတစုံ….
ထိုမျက်ဝန်းများမှာ ကျမဆီမှတဆင့် ၀င်ရောက်လာသောရထားဆီသို့ ရွေ့ လျားသည်… ထိုနောက်ကျောဆီဘက်သို့ ငေးကြည့်မိသည့်ခဏ..
ကျမ မှတ်ဥာဏ်မှ (Alarm) အလန်း ထမြည်သည်… ကျမ ကိုယ်ကျမ သတိလက်လွတ်သွားချိန်…ကျမ သူ့ ဆီသိုလျှောက်သွားမိရက်သား…ဖြစ်နေပြီ…

“ အကို က မအူပင်ဂျီတီစီက မဟုတ်လား “

“ ဗျာ..ဟုတ်တယ်..ညီမကလဲ မအူပင်ကပဲလား “

သူ့ မျက်လုံးကိုစိုက်ကြည့်မိသည်… သူ့ မျက်နှာကလဲ အဖြူထည်..
ဒါပေမယ့် သူကျမ ကိုမသိတာကိုတော့ တကယ်အံ့သြမိသည်…
ကျမတို့ နယ်ကျောင်းက ကျဉ်းကျဉ်းလေးရယ်.. တယောက်နဲ့ တယောက်မသိရင်တောင် မျက်နှာမြင်လျှင် ကျောင်းကမှန်းသိကြသည်…
ဒါပေမယ့်သူက မသိ… ကျမ တွေးရင်းပြုံးမိသွားသည်… ရှင်းပြရမှာပျင်းသည့်ကျမ နှင့် တော်တော်လေးပြောပြမှ သိမည့်သူ ကတော့
ဖြစ်တော့မည်မဟုတ်…ထို့ ကြောင့်..

“ ဟော ..ဟိုမှာရထားလာနေပြီ…အကိုလိုက်သွားရင်သွားတော့လေ…ညီမက ဒီကနေ ဘတ်စ်စီးပြန်မှာ “
“ ဗျာ…ဟုတ်ကဲ့.. ဟို…ညီမ ဖုန်းနံပတ်လေးပေးခဲ့ပါလား.. “
“ သြော် အင်း.. 81……. ပါ “
“ ဟုတ်ကဲ့ .ကျေးဇူးနော် ...ဒါဆိုကျွန်တော်သွားပြီ.. “

ကျမ လှေကားမှ ဆင်းလာရင်း ထပ်ပြုံးမိသည်… ဒါကျတော့လည်တာပဲ…သူကျမ ဖုန်းနံပတ်ကို ၃မိနစ်လောက်အတွင်းမှာရအောင်တောင်း
သွားသည်….ဒီနေ့ ကျမ သူ့ ကြောင့်တယောက်တည်းပြုံးဖြစ်သည်မှာနှစ်ကြိမ်ရှိပြီ….
“…….” “…..”

ကျမ ဖုန်းကိုငုံ့ ကြည့်လိုက်သည်…သို့ ပေမယ့်နံပတ်က အသစ်…

“ဟယ်လို”
“ညီမ လား..ကျွန်တော် ပါ’
“ သြော် ကျွန်တော်လား… “

ဟုတ်သည်လေ..ကျမ မှ သူ့ နာမည်ကို မသိပဲနှင့်

“ ကျွန်တော့်နာမည်…ပါ…ဒါကျွန်တော့်ဖုန်းနံပတ် မှတ်ထားနော် ‘

စိတ်ထဲက တွေးဖြစ်သည်..ချက်ချင်းကြီးကိုပြန်ဆက်တော့တာပဲ…
ဖုန်းကိုပြောပြီး..နံပတ်ကို Save လိုက်သည်… အိမ်နားရောက်တော့ မတ်ဆေ့ တခုရောက်လာသည်…
ကိုကြီးဆီက ထင်၍ဖွင့်အကြည့်… ကိုယ်တော်ချောဆီကပဲဖြစ်နေသည်….

“ I just arrive home, n u? “

“me 2”

အိမ်ရောက်ပြီး ထမင်းစား၊ရေချိုး ခဏနားပြီးချိန် သူ့ ဆီကဖုန်းထပ်လာသည်…အကြောင်းပြချက်ကတော့ ထမင်းစားပြီးပြီလား က
စမေးသည်… ဒီလိုနှင့် ဖုန်းတစ်နာရီကျော် လောက်ပြောဖြစ်သည်..

နောက်ရက်တွေ ကျမတို့ နှစ်ယောက် အတူပြန်ဖြစ်သည်… သူရော ကျမ ပါ ၉နာရီခန့် အထိ… အိုတီ ဆင်းရသည်မှာတူသည်…
ကျမတို့ နှစ်ယောက်စလုံး Jurong West တွင်နေကြတာတူသည်… ရထားအနီလိုင်းနှင့် ပြန်ရတာတူသည်…
မတူသည်မှာ ကျမအလုပ်နေရာက သူ့ ထက် ၃မှတ်တိုင်ခန့် ပိုဝေးသည်… သူက Woodland ကျမ က Yishun …
ကျမက Jurong East မှ ဘတ်စ်ကားစီးလျှင်အိမ်တန်းရောက်၍ သူက MRT အစိမ်းလိုင်းပြောင်း၍ Boonlay အထိ စီးရသည်…
ဒါတွေက ကျမသိသည့်တူညီချက် ၊ မတူညီချက်တွေ…
နောက်တခုကျမ မသိတာက … သူက သူ့ အလုပ်နေရာ နီးရာမှ ကျမ ရှိရာ မှတ်တိုင်အထိ လာကြိုသည်…
ကျမ နှင့်အတူ ဘတ်စ်ကားလိုက်စီး၍ ကျမ အိမ်ရှေ့နားရောက်မှာ ဘတ်စ်ကားနောက်တဆင့်စီး၍ ပြန်သည်..(ဘာကြောင့်လဲတော့မသိပါ) ။ ။

“ချစ်ခြင်းရဲ့ ဖွဲ့ တည်မှုမှာ… ကန့် သတ်ချက်တချို့ …ရှိနေလား…
သူ့မျက်ဝန်းညိုတွေဟာ… ကျမရင်ထဲကို ထွင်းဖေါက်ဝင်လာခဲ့တဲ့…
နွေးထွေးသောရင်ခုန်သံ …တချို့ တ၀က်ပါပဲ….။ ။”

စင်္ကာပူရောက်စကနေ အလုပ်ဝင်ချိန်အထိ…သူ့ အမ နဲ့ ကလွဲရင်အပြင်မထွက်ဖြစ်ခဲ့တဲ့သူက…
ကျမ သွားရာနောက်တကောက်ကောက်လိုက်ရင်း..အိမ်ကို မကပ်တော့ပါဘူး…
ကျမ အလုပ်စောဆင်းလို့ သူငယ်ချင်းနဲ့ Bugis ဈေးသွားရင်တောင် သူ့ အလုပ်ပြီးတဲ့အချိန်..၉နာရီ ၁၀နာရီ မှာ
သူဟာ နောက်ကနေ လိုက်လာခဲ့ပါတယ်….
အဲ့ဒီမှာ ဇာတ်လမ်းစ တာပါပဲ… ကျမနဲ့ ပါလာတဲ့ ကျမ သူငယ်ချင်းက သူ့ ကိုစိတ်ဝင်စားပါသတဲ့…
ကျမ ကလဲ သူနဲ့ အသိအကျွမ်းပြန်တွေ့ ရုံ၊ ခင်မင်ရုံဆိုတော့ မိတ်ဆက်ပေးပါတယ်….
နောက်တော့ ရှင်းရှင်းလေးပဲ…အောင်သွယ်ပေးတယ်ပေါ့လေ…
သူကို အတင်းခေါ်သွားပြီး… ကျမ သူငယ်ချင်းအိမ်ကိုသွားလည်ပါတယ်…
ကျမ ဘယ်သွားသွား သူတို့ နှစ်ယောက်ကိုခေါ်တယ်… သူ ဖုန်းဆက်တိုင်းလဲ သူငယ်ချင်းအကြောင်းတွေချည်းပဲ
ပြောပြော နေတယ်ပေါ့…
သူကတော့ အတင်းကို ကျမသူငယ်ချင်းကိုရှောင်တော့တာပါပဲ… သူငယ်ချင်းဖုန်းဆက်ရင်လဲ အင်းမလုပ် အဲမလုပ်…
ပြီးတော့ ကျမနဲ့ တွေ့ ချင်တယ်..ဘုန်းကြီးကျောင်းသွားရအောင်တဲ့..ကျမသူငယ်ချင်းကိုတော့ ခေါ်မလာပါနဲ့ လို့ ဆိုတယ်…
ဇာတ်လမ်းလေးက ရိုးပါတယ်…သို့ ပေမယ့်လည်း အပြစ်ကင်းချင်မှလည်း ကင်းတော့မပေါ့…ကွယ်…

“တကယ်ဆို ကျမ ကချစ်ခြင်းမေတ္တာအပေါ် အယုံကြည်ကင်းမဲ့လွန်းတတ်ခဲ့သူပါ...
သို့ ပေမယ့်လည်း
ချစ်သူအသက်သွင်းတဲ့ ဒီမျက်လှည့်ဝင်းထဲမှာပဲ
ကျမနှလုံးသားဟာ ပန်းနူရောင်ပြောင်းသွားခဲ့တယ်...
မြတ်နိုးခြင်းကို ကျမကိုယ်တိုင်အရောင်ခြယ်လို့ မ၀သေးခင်
ချစ်သူက လက်ဆောင်အဖြစ်ကျမကိုနှင်းအပ်ခဲ့တယ် ...။ ။ “

ကျမ ရဲ့ ပထမဆုံး ယုံကြည်မှုဟာ… သူ ကျမကို လေးလေးနက်နက် ချစ်ခဲ့တယ် ဆိုတဲ့ အချက်ပါပဲ…
ထူးဆန်းစွာ ဘယ်အရာကိုမဆို ယုံကြည်လက်ခံဖို့ ခဲယဉ်း လွန်းသူ ကျမ ကပေါ့….

“ တကြိမ်တခါ…ယုံကြည်မှုဟာ..
ရှေ့ဆက်မယ့် ခရီးလမ်းတွေကို ..
အလင်းရောင် ဆိတ်သုည်းစေနိုင်သလား…
မိုးမှောင်ကျမှာ ငါမကြောက်ပါဘူး ကွယ်…
ပြန် မလင်းလာမှာကိုတော့..
စိုးရိမ်မိတာပေါ့… ။ ။ “

မကြာတော့တဲ့အချိန် တခုမှာ ခွဲခွါခြင်းနဲ့ ကျမတို့ ရင်ဆိုင်ရတော့မယ်…
ခွဲခွါချိန် ဟာ တနေ့ နေ့ တော့ရောက်လာမှာပါပဲ…ဒါပေမယ့် သိပ်မြန်လွန်းမနေဘူးလား…လို့ …

“ခံပြင်းနာကျဉ်းတတ်လာတဲ့အခါ…
.အလွမ်းဟာ နင့်နင့်သီးသီး ငိုရှိုက်တယ်…
မလွမ်းကောင်းပေမယ့်…လည်း
ငါဟာ နင်ရင်းနီးဖူးခဲ့တဲ့ ပန်းပွင့်တွေအကြောင်းတောင်
စာလုံးပေါင်း ကောင်းကောင်းမတတ်ခဲ့တဲ့ ကောင်မလေးတယောက်ပါ

ငတ်မွတ်ခေါင်းပါးလာတဲ့ သည်းခံနိုင်စွမ်းတွေကို မြိုချရင်း
ပျောက်လုဆဲဆဲ လမ်းတွေ အကြောင်း
ငါဟာစာ,တစ်လုံးချင်းပေါင်းခဲ့ရတယ်...
သည်းသည်းထန်ထန် မငိုကြွေးတတ်ပေမယ့်...
ဒါဟာ...
ပေါ့ပျက်ပျက် မျက်ရည်တစက် မဟုတ်ခဲ့ရပါဘူးကွယ်....

အတိုင်းအဆ မဲ့စွာ မျှော်လင့်ခဲ့ဖူးတဲ့ချစ်ခြင်းတစ်ခု အတွက်....
ငါ့ရင်ဘတ် လက်ယက်ကျင်းလေးထဲ
အလွမ်းတွေ စိမ့်စိမ့်ပြီး စီးဆင်းတယ်...။ ။”

ကျမ လွမ်းခဲ့ဖူးတယ်… ဒါပေမယ့် အလွမ်းတွေဟာ သိပ်ခါးသီးတာပဲကွယ်…
ဖွင့် မဖတ်ချင်တော့ တဲ့ ဒိုင်ယာရီ စာမျက်နှာတွေ ကို ကျမ …ငြင်းဆန်နေလျှက်က သိမ်းဆည်းခဲ့ရတယ်…
နှစ်ဟောင်းတနှစ် ဟာ…မျက်ရည်တွေ..အလွမ်းတွေ… မရဏရောင်… အသည်းကွဲ ခန်းတွေနဲ့ ….
ဒီအခန်းငယ်ကို ကျမ တံခါးပိတ်ပစ်ခဲ့တယ်… ဘယ်တော့မှ ပြန်မဖွင့်ဖြစ်တော့အောင်ပေါ့လေ…

“အဲ့ဒီအခိုက်အခါက ငါ့အတ္တတွေလေ..
ကြောက်မက်ဖွယ်ရာ ကြွေ ကြွေ ကျ
တစချင်း တစစီ
ခြေချစရာ မြေတစ’တောင် မကျန်တတ်ခဲ့..
………
ပြန်လွမ်းပြန်သိ တမ်းတမိသူအရှုံး
အဲ့ဒီ ခါးခါးသီးသီးသက္ကရာဇ် တခုအတွက်နဲ့ တော့
နောက်တခါ ထပ်မရှုံးစေရတော့ဘူး
…….
နာကျဉ်းစရာတွေလဲ
မနာကျဉ်းတတ်စေဖို့ 
ဒီ သက္ကရာဇ် တခုကိုဖြိုချ မယ်
…………
ငါ့ ရာဇ၀င်ထဲ
ခွင့်လွှတ်တတ်ခြင်းတပေါက်တလေလောက်
ဖေါက်ချထားခဲ့မလို့ 
………
တွေ့ တယ်မှတ်လား
ချစ်တတ်ခြင်းတခုမွေးမြူဖို့ 
ငါဘယ်လောက်ရင်းနှီးခဲ့ရသလဲ တဲ့ 

အဲ့ဒီ သူ့ ရင်ခွင်ထဲ
ခံစားချက်တွေ နှလုံးသွေးတွေ တစက်ချင်းခြွေချ
ဟော့ဒီ ငါ့ခေါင်းပေါ်က သရဖူတခုနဲ့ သာ
အမိအရလဲခဲ့ရ…။”

ဘယ်လိုပဲ ဖြစ်ဖြစ် ချစ်ခြင်းမှာ ယုံကြည်မှု ဟာ အရေးပါပါတယ်… ကျမ ယုံကြည်ခဲ့တာက မဝေးတော့တဲ့ မနက်ဖြန်မှာ
ကျမတို့ နှစ်ယောက်ပြန်ဆုံကြရတော့မယ်…လို့ …
အရာရာ ကို မဟုတ်ပေမယ့် တစုံတရာ ကိုတော့ ကျမ စိန်ခေါ်ရဲ ပါတယ်… သူသာ ကျမအတွက်ရှိနေခဲ့မယ် ဆိုရင်ပေါ့…
နှလုံးသားရဲ့ နေရာ အတော်များများမှာ နာကျင်မှုတွေ ၊ အလွမ်းတွေ နဲ့ ဖွဲ့ တည်နေခဲ့တဲ့ မိန်းကလေး တယောက်ဟာ…
သေချာခြင်းတခု နဲ့ သူ့ ကိုချစ်ခဲ့မိတယ်ဆိုရင်… ဒါကို ရူးသွပ်မှု တခုလို့ ပဲ ဆိုရမလား…..

“….ရှုပ်ရှက်ခတ် နေတဲ့ အမှန်တရားကို ဆေးကျောဖို့ 
အဖြူရောင်သွေးတစက်ပဲ လိုတယ်…
အိပ်မက်တွေကိုနောက်ယောင်ခံမလိုက်ဖို့ တော့
ငါ့ဦးနှောက် က
စိတ်ကူးတွေကိုအကျဉ်းချထားလေရဲ့  …။

နောင်တ ဆိုတာ အမည်လေးလှသလောက်
ခံရခက်တဲ့ အရာမှန်း
ငါက (မင်းကို)သိစေချင်ယုံလောက်ပါပဲ…

လောင်းကစား မဆန်ခဲ့တဲ့
အလောင်းအစား တခုပေါ့
နွေ ဟာပူမှာပါပဲ..
နွေ ကိုနွေ ပီသပါစေ…လေ…။ “

သူ့ ချစ်ခြင်းတွေ ကို စမ်းသပ်ခန်းတခုထဲ ထည့်ပြီး..အရည်ဖျော်ချဖို့  ကျမကြိုးစားတယ်…
ဒါပေမယ့်သူအချစ်တွေက ဓါတ်ငွေ့ တခုအဖြစ် အသွင်ပြောင်းသွားပြီး ကျမ ကို ထွက်ပေါက်မရှိအောင် ၀န်းရံထားခဲ့တယ်…
အို …ချစ်ခြင်းဟာ ဒီလောက် ထွက်ပေါက်မဲ့မှန်း ကျမ အခုမှ သိတတ်တယ်ကွယ်… ဒါပေမယ့် နောက်ကျခဲ့ပြီ…
ဒီအသိဟာ သူ့ ချစ်ခြင်းလှောင်အိမ်ထဲက …မိန်းကလေးတယောက်ရဲ့  အာရုံလေ…


ငါ့ကိုလွတ်မြောက်ခွင့်ပေးပါ…
ကောင်လေးနဲ့ စတွေ့ ခဲ့တဲ့
ဘူတာရုံလေးဆီပြန်သွားဖို့ 
ငါ့ ခြေလှမ်းတွေက ငါ့ကိုစောင့်နေကြလိမ့်မယ်…။ ။”

ကျမ တို့ တယောက်နဲ့ တယောက်ငြိတွယ် ခဲ့ကြတယ်…
ကျမ တို့ တယောက် အပြစ်ကို တယောက်မမြင်နိုင်အောင် မြတ်နိုးခဲ့ကြတယ်…
ကျမ ကိုယ်တိုင် ချစ်ခြင်းတွေကို အသိဥာဏ်ပေါ် တင်ပြီး ဆုံးဖြတ်ခဲ့တယ်…
ကျမ တို့ ကိုယ့်လမ်းကိုယ်ဖေါက်တယ်… အိပ်မက်တွေကို ပုံဖေါ်တယ်…
မြတ်နိုးခြင်းတွေနဲ့  ကိုယ်ပိုင် ကမ္ဘာလေး တခုကို တည်ဆောက်ခဲ့ကြတယ်…
ကျမ တကိုယ်လုံးမှာ ကိုယ့်ကိုကိုယ် ယုံကြည်ခြင်းတွေဟာ.. သုံးပုံတပုံထက် ပို များနေနိုင်တယ်…
ပြီးတော့ ကျမ သူ့အတွက် ရပ်တည်နေနိုင်တယ်… ဒါဟာ ချစ်ခြင်းရဲ့ အဖြေ တ၀က်ပဲဖြစ်ပါလိမ့်မယ်…
ကျန်တဲ့တ၀က် ကတော့ ဘာသာဗေဒ မသိသော… ပုစ္စာ….

“…..အချစ်စစ်ဆိုတာ ဆုံမှတ်ကိုမရောက်သေးသရွှေ့ 
ဘယ်သောအခါမှ ရုပ်ကြွင်းဖြစ်မသွားဘူး…
အိပ်မက် ၊ ရာသီ ၊ ပြက်လုံး
အားလုံးရဲ့ အဆုံးမှာ
မင်းချစ်ခြင်းတွေကိုသာ ငါ ပိုင်ဆိုင်ခွင့်ရခဲ့တယ် …။ ။”

…………………………………………………………………….။ ။…………………………………………………………………………….


(ချစ်သော မမ၀ါ ရဲ့ တဂ်ပို့ စ်ပါ… အဖြစ်မှန်တ၀က် ….စိတ်ကူး တ၀က်ခြယ်သထားမိခဲ့ပါတယ်… )

11 Comments:

  1. WWKM said...
    really nice post :D
    ညီမလေးရေ..

    ရှယ်ရေးပေးထားတာကိုးးး ကျေးဇူးပါနော်။
    တွေ့ဆုံပုံလေးက ဇာတ်လမ်းရိုးရိုးလေးပေမယ့် ဇာတ်လမ်းအစကလေးရော၊ ဇာတ်လမ်းအလည်ရော၊ ဇာတ်လမ်းအဆုံးလေးရော စိတ်ဝင်စားဘို့ကောင်း
    နေပါတယ်။
    ချစ်သူနှစ်ဦး အနှောက်အယှက်ကင်းဝေးစွာနဲ့ ပေါင်းဆုံနိုင်ခဲ့တာ ဂုဏ်ယူကျေနပ်စရာလေးပါ။
    အသက်ထက်ဆုံတိုင် ချစ်မြတ်နိုးပြီး ပေါင်းဆုံနိုင်ကြပါစေ။
    မင်္ဂလာဆောင်မမှီတော့ဘူကွာ..နာတယ်.
    သတို့သမီးရော ၊သတို့သားရော မောင်နှမတွေလို ရုပ်
    ချင်းဆင်ကြပြီး ချောလို့ သတို့သမီးဝတ်စုံလေးတွေနဲ့
    အပြင်မှာတွေ့ဘူးချင်တာလေ။

    ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။

    ချစ်တဲ့
    မမ၀ါ
    စိမ်း... said...
    အဟက် ဖတ်လို့ကောင်းလိုက်တာ... အနီလိုင်းဖူးစာပေါ့.... စာရေးသိပ်ကောင်းတာပဲ... အချိန်ရရင် ၀တ္ထုရေးဖို့ တိုက်တွန်းချင်တယ်... ........အချိန်ရခဲ့ရင်ပေါ့လေ......
    ကိုယ်ချင်းစာလို့... :)
    နဒီမိုးညို said...
    ချစ်တဲ့သူနဲ့ ပေါင်းသင်းရတာ..
    ကြည်နူးစရာပဲနော်..
    ပျော်ရွှင်ပါစေရှင်
    မိုးခါး said...
    အရမ်းဖတ်လို့ ကောင်းတာပဲ ..း))

    ကျမ နှင့်အတူ ဘတ်စ်ကားလိုက်စီး၍ ကျမ အိမ်ရှေ့နားရောက်မှာ ဘတ်စ်ကားနောက်တဆင့်စီး၍ ပြန်သည်..(ဘာကြောင့်လဲတော့မသိပါ) ။ ။

    ခုရော
    သိသွားပြီလား :P

    အမြဲ ထာဝရ ပျော်ရွှင်ငြိမ်းချမ်းနိုင်ပါစေနော် ..း)
    ကိုရေတမာ said...
    အပေါ်ကပြောတဲ့ လူတွေအတိုင်းပဲ
    မေလေး said...
    ဖတ်လို့ကောင်းလိုက်တာ
    ကျမ နှင့်အတူ ဘတ်စ်ကားလိုက်စီး၍ ကျမ အိမ်ရှေ့နားရောက်မှာ ဘတ်စ်ကားနောက်တဆင့်စီး၍ ပြန်သည်..(ဘာကြောင့်လဲတော့မသိပါ) ။ ။
    ခုတော့ သိသွားလို့ ကိုကိုလက်ကိုမလွတ်တမ်း ဆွဲထားတာပေါ့နော်။
    ရုပ်ချင်းဆင်တဲ့ညီမလေးတို့ ဇနီးမောင်နှံ ထာဝရပျော်ရွှင်နိုင်ပါစေ။
    သီဟသစ် said...
    ညီလေးနဲ့ ညီမလေးတို့ရေ

    ချစ်စရာကောင်းတဲ့ ကဗျာဆန်တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို လာဖတ်သွားပါတယ်

    :D

    ကလေးတွေ ရိုးရိုးသားသားနေကြနော်

    :P

    ခင်မင်စွာဖြင့်
    သီဟသစ်
    လင်းကြယ်ဖြူ said...
    .အချစ်စစ်ဆိုတာ ဆုံမှတ်ကိုမရောက်သေးသရွှေ့ 
    ဘယ်သောအခါမှ ရုပ်ကြွင်းဖြစ်မသွားဘူး…
    ကောင်းလိုက်တဲ့ စာသားလေး...မှတ်ထားလိုက်ပြီ..
    ပျော်ကြပါစေ..
    နှင်းဟေမာ said...
    အရေးအသားလေးတွေက ရင်ထဲကို ထိသွားတာပဲ
    တစ်ကြောင်းချင်းဆီကို သေသေချာချာဖတ်ဖြစ်တယ်
    “…..အချစ်စစ်ဆိုတာ ဆုံမှတ်ကိုမရောက်သေးသရွှေ့ 
    ဘယ်သောအခါမှ ရုပ်ကြွင်းဖြစ်မသွားဘူး…
    အိပ်မက် ၊ ရာသီ ၊ ပြက်လုံး
    အားလုံးရဲ့ အဆုံးမှာ
    မင်းချစ်ခြင်းတွေကိုသာ ငါ ပိုင်ဆိုင်ခွင့်ရခဲ့တယ် …။ ။”
    နောက်ဆုံးပိတ်ထားတဲ့ စာကြောင်းလေးကတော့ အမိုက်ဆုံးပဲ ....။
    အားပေးနေမယ်
    နှင်းဟေမာ
    ဆောင်းနှင်းရွက် said...
    အားပေးသွားတယ် နွေး ရေ ..
    ချစ်ဝါ said...
    this one also nice.... may u b successful in ur life...

Post a Comment